Subscribe to our RSS Feed

စင်ကာပူ ကုမ္ပဏီကြီး တစ်ခုထံမှ မြန်မာနိုင်ငံမှ Max အုပ်စုက ဒေါ်လာ သန်း ၇၀ တန် လုပ်ငန်းအချို့ လွှဲပြောင်းရယူ

From : Pyi Myanmar Journal

မြန်မာနိုင်ငံမှ အင်အားကြီး ကုမ္ပဏီကြီး တစ်ခုဖြစ်သော Max Myanmar စီးပွားရေး လုပ်ငန်းစုက စင်ကာပူ အခြေစိုက် လုပ်ငန်းစုတစ်ခုဖြစ်သော Aussino Group ထံမှ အမေရိကန်ဒေါ်လာ သန်း ၇၀ တန် လုပ်ငန်းတစ်ခုကို လွှဲပြောင်း ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ၂၆-၇-၂၀၁၂ ရက်က သိရသည်။ စင်ကာပူ မှတ်ပုံတင် ကုမ္ပဏီကြီး တစ်ခုဖြစ်သော Aussino Group အနေဖြင့် မြန်မာနိုင်ငံတွင်ရှိသော ၎င်းတို့၏ စီးပွားရေး လုပ်ငန်းအချို့ကို နောက်ပြန်ဆုတ်လာနေသည့် အနေအထားဖြစ်နေပြီး Max အုပ်စုနှင့် ပူးတွဲ လုပ်ဆောင်နေသည့် လုပ်ငန်းအချို့ကို ရှယ်ယာ လွှဲပြောင်းခြင်းများ ပြုလုပ်လာနေသည်ဟု သိရသည်။

“မက်စ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အုပ်စုရဲ့ လုပ်ငန်း ချဲ့ထွင်မှုတွေကို ကျွန်တော်တို့ လက်ခံယုံကြည်မှု ရှိနေပါပြီ။ စက်သုံးဆီ အရောင်းဆိုင်နဲ့ စွမ်းအင်ကဏ္ဍတွေမှာ Max ရဲ့ ရှေ့ကို တိုးထွက်လာမှုတွေက ကျွန်တော်တို့ကို ရှယ်ယာလျော့ကျစေပါတယ်။ အဲဒီကုမ္ပဏီရဲ့ အမြတ်အစွန်း တန်ဖိုးတွေက ပိုပြီး ကြီးထွားလာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု မက်စ်အုပ်စုနှင့် ပတ်သက်၍ Aussino ၏ ဥက္ကဋ္ဌ Anthong Lim က ပြောကြားသည်။ မက်စ်အုပ်စု အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာတွင် စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂၁ ဆိုင်အထိ ဖွင့်လှစ်ထားပြီးဖြစ်ကာ ထပ်မံ၍ တိုးချဲ့မှုများ ပြုလုပ်နေဦးမည် ဖြစ်ကြောင်းလည်း သိရသည်။ စင်ကာပူနိုင်ငံ၏ စတော့ရှယ်ယာတွင် Max Strategic Investments အမည်ဖြင့် စတော့ဈေးကွက် ဝင်ထားသော မက်စ်အုပ်စု အနေဖြင့် ၂၀၁၂ မတ်လ ၃၁ ရက်တွင် စတော့မှ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၉၃ ဒသမ ၂ သန်းမှ အမြတ်ငွေ ဒေါ်လာ ၅ ဒသမ ၂ သန်း ရရှိခဲ့သည်ဟု သိရသည်။ “စင်ကာပူက သူရဲ့ စာရင်းဝင် စီးပွားရေးအရ ဦးဇော်ဇော်ဟာ စွမ်းဆောင်မှုကောင်းတဲ့သူ တစ်ယောက်ပါပဲ” ဟု Aussino မှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mark Liew ပြောကြားသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်