Subscribe to our RSS Feed

မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှု ADB နှင့် သြစတြေးလျအစိုးရ ဒေါ်လာငါးသိန်းခုနစ်သောင်း ကူညီမည်

From : 7day

အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့် သြစတြေးလျအစိုးရတို့သည် မြန်မာ၌ အဆင့်မြင့်ပညာရေး၊ သက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေး၊ အခြေခံပညာရေး အပါအ၀င် မူလတန်းလွန်ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ၌ ပြုပြင်ပြောင်းလဲမှုများနှင့် စီမံကိန်းများ ဆောင်ရွက်ရန် နည်းပညာအထောက်အကူအဖြစ် ဒေါ်လာ ၅၇၀၀၀၀ က
ို ပေးအပ်ခဲ့ကြောင်း သိရသည်။ ADB သည် ထိုသို့ အကူအညီပေးမှုကို ကြီးကြပ်ကွပ်ကဲပေးသွားမည်ဖြစ်ကာ ထည့်ဝင်လှူဒါန်းငွေ ဒေါ်လာ ၂၀၀၀၀၀ နှင့် သြစတြေးလျအစိုးရက ဒေါ်လာ ၃၇၀၀၀၀ တန်ဖိုးနှင့်ညီမျှသော ကူညီမှုများ ပေးအပ်မည်ဖြစ်သည်။

ADB ၏ အရှေ့တောင်အာရှဌာနခွဲမှ အကြီးတန်းပညာရေးဆိုင်ရာ စီးပွားရေးပညာရှင် ခရစ်စတိုဖာက "မြန်မာဟာ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ ပညာရေးဟာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးမှာ အဓိကအခန်းက ပါဝင်ရပါမယ်"ဟု ပြောသည်။ ADB နှင့် သြစတြေးလျအစိုးရတို့သည် မြန်မာအစိုးရ၏ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး သုံးသပ်မှုအဖွဲ့ (CESR) နှင့် ပူးတွဲကာ ဆောင်ရွက်မည်ဖြစ်သည်။ CESR အဖွဲ့သည် ၂၀၁၄ တွင် ပညာရေးကဏ္ဍအတွက် အသုံးစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုများကို အကောင်အထည်ဖော်ရန် စီမံကိန်းတစ်ခု ဆောင်ရွက်သွားမည်ဖြစ်သည်

Myanmar Express

1 comments:

လူ ကြီး တွေ တော့ ချမ်း သာ အုံး မှာ ပဲ သာ ဓု ပါ ဗျာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်