From : မြန်မာ့အလင်း
ကလေးမြို့ပေါ်ရှိ ဒေသခံပြည်သူများသည် လျှပ်စစ်ဓါတ်အား အလှည့်ကျ မျှတစွာ ရရှိသဖြင့် ယခုတစ်လော ပြည်သူတို့အကြား ဝမ်းသာကြည်နူးသည့် ပီတိသောမနဿ စကားသံများကို ကြားနေရသည်။ ကလေးတစ်မြို့လုံးကို မြန်မာ့လျှပ်စစ်ဓါတ်အား လုပ်ငန်းနှင့် Yunan Machinery & Equipment & Export Coporation (YMEC) တို့ ပူးပေါင်းတည်ဆောက်သည့် ကလေးမြို့နှင့် ကိုးမိုင်ကွာဝေးသည့် ဇီးချောင်းရေအားလျှပ်စစ် စက်ရုံးမှ ၁၉၉၆ ခုနှစ် ဇူလိုင် ၁၆ ရက်မှ စတင်ဖွင့်လှစ် ဓါတ်အားပေးခဲ့ခြင်းဖြစ်သည်။ ယခင်က ဌာန၏ လုပ်ထုံးလုပ်နည်းနှင့် မညီသော သီးခြားလိုင်းကြိုးများ၊ ဆားဗစ်ကြိုးများ ရပ်ကွက်အလိုက်၊ လမ်းအလိုက် သွယ်ယူသုံးစွဲမှုများ ရှိခဲ့၍ အများပြည်သူတို့ အလှည့်ကျ ခွဲတမ်းဓါတ်အားကိုပင် လုံလောက်စွာ မရရှိ မမျှော်မှန်းနိုင်ခဲ့ကြပေ။ ယခုအခါ ပြည်သူတို့၏ သဘောထားဆန္ဒ၊ နိုင်ငံတော်၏ သဘောဆန္ဒနှင့်အညီ အများပြည်သူတို့အား သြဂုတ် ၂၉ ရက်မှ စတင်၍ အလှည့်ကျ မျှတစွာ စီမံချက်များ ရေးဆွဲ ဓါတ်အားဖြန့်ဖြူးပေးနိုင်ခဲ့၍ ပြည်သူတို့၏ဆန္ဒ တစ်စိတ်တစ်ဒေ ပြည့်ဝခဲ့သည်။ “ကျွန်တော်တို့က ဖြစ်နိုင်ရင် ပြည်သူ့အတွက် ၂၄ နာရီလုံး၊ တစ်နှစ်ပတ်လုံး ဓါတ်အားဖြန့်ဖြူး ပေးချင်ပါတယ်။ ပြည်သူကြားက ပေါက်ဖွားလာတဲ့ ပြည်သူ့လျှပ်စစ် ဝန်ထမ်းတွေပါဗျာ။ ရေအား လျှပ်စစ်မို့ ရေအနည်းအများ အလိုက် မိုးရာသီ၊ နွေရာသီကို မျှမျှတတပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ မကြာမီကာလမှာ မဟာဓါတ်အားလိုင်း ကွန်ရက်စနစ်ကတစ်ဆင့် ပြည်သူတွေရဲ့ ဆန္ဒကို ဆန္ဒနဲ့ဘဝ ထပ်တူကျအောင် ဆောင်ရွက်ပေးနိုင်တော့ မှာပါ” ဟု လျှပ်စစ် အင်ဂျင်နီယာ ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်