Subscribe to our RSS Feed

အများပြည်သူ ဝန်ဆောင်မှု သတင်းစာ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) ဖွဲ့စည်း

From : မြ၀တီ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့သည် ၁၈-၁၀-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၇၂/၂၀၁၂ ဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ လက်ရှိထုတ်ဝေလျက်ရှိသည့် မြန်မာ့ အလင်းသတင်းစာ၊ ကြေးမုံသတင်းစာနှင့် The New Light of Myanmar သတင်းစာများကို အများပြည်သူ ဝန်ဆောင်မှု သတင်းစာ (Public Service Media-PSM) အဖြစ် ပြောင်းလဲရန်အတွက် အောက်ပါ ပုဂ္ဂိုလ်များပါဝင်သော သတင်းစာ အုပ်ချုပ်ရေး အဖွဲ့ (Governing Body) ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ (က) ဦးရဲတင့်၊ ကြေးမုံသတင်းစာ၊ စာတည်းမှူးချုပ်(ငြိမ်း) ဥက္ကဋ္ဌ၊ (ခ) ဦးရဲမြင့်ဖေ၊ မြန်မာ့အလင်းသတင်းစာ၊ စာတည်းမှူးချုပ်(ငြိမ်း) အဖွဲ့ဝင်၊ (ဂ) ဦးရဲနိုင်မိုး၊ စာနယ်ဇင်းပညာရပ်ကျွမ်းကျင်သူ အဖွဲ့ဝင်၊ (ဃ) ဦးကျော်ဇောနိုင်၊ ဥပဒေပညာရှင် အဖွဲ့ဝင် (င) ဦးကျော်စိုး ဦးဆောင်ညွှန်ကြားရေးမှူး သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အတွင်းရေးမှူး တို့ ပါဝင်သည်။  အများပြည်သူ ဝန်ဆောင်မှု သတင်းစာ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) သည် မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်သို့ ပြောင်းလဲနိုင်ရေးအတွက် လိုအပ်သော မူဝါဒများ၊ လုပ်ငန်းစဉ်များကို ရေးဆွဲပြဋ္ဌာန်းခြင်း၊ သတင်းစာများအတွက် လိုအပ်သော ကျင့်ဝတ်နှင့် စည်းမျဉ်းများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ သတင်းစာများ အနေဖြင့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာများ၏ အခြေခံမူများကို ဖော်ဆောင်နိုင်ရန်အတွက် ကြီးကြပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   သိရှိရသည်။

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်