Wednesday, October 03, 2012
ME
From : planet
ခရစ်ဘရောင်းနှင့် နမ်းရှုပ်ခဲ့သည်ဆိုသော ဓာတ်ပုံများကြောင့် နစ်ကိုးလ်
ရှာဇင်ဂါတစ်ယောက် ချစ်သူ လူးဝစ် ဟယ်လ်မီတန်နှင့် ပြဿနာ တက်နေကြောင်း
သိရသည်။ နိုက်ကလပ် တစ်ခုထဲတွင် Pussycat Dolls အဆိုတော် နစ်ကိုးလ်သည်
Rapအဆိုတော် ဘရောင်းနှင့် နီးနီးကပ်ကပ် ရှိနေပြီး မှုန်ဝါးဝါး လှမ်း၍
ရိုက်ကူးထားသော ဓာတ်ပုံများတွင် ၎င်းတို့နှစ်ဦး ဦးခေါင်းချင်း
ပူးကပ်နေသည်ကို တွေ့ရသည်။
ခရစ်ဘရောင်းနှင့် နမ်းရှုပ်ခဲ့သည်ဆိုသော
ဓာတ်ပုံများကြောင့် နစ်ကိုးလ် ရှာဇင်ဂါတစ်ယောက် ချစ်သူ လူးဝစ်
ဟယ်လ်မီတန်နှင့် ပြဿနာ တက်နေကြောင်း သိရသည်။ နိုက်ကလပ် တစ်ခုထဲတွင်
Pussycat Dolls အဆိုတော် နစ်ကိုးလ်သည် Rapအဆိုတော် ဘရောင်းနှင့်
နီးနီးကပ်ကပ် ရှိနေပြီး မှုန်ဝါးဝါး လှမ်း၍ ရိုက်ကူးထားသော ဓာတ်ပုံများတွင်
၎င်းတို့နှစ်ဦး ဦးခေါင်းချင်း ပူးကပ်နေသည်ကို တွေ့ရသည်။ နစ်ကိုးလ်က
ယင်းနှင့်ပတ်သက်ပြီး သူမနှင့် ဘရောင်းတို့သည် ကျယ်လောင်လွန်းသော
ဂီတသံကြောင့် နားအနီးကပ်၍ စကားပြောနေခြင်း ဖြစ်ပြီး နမ်းရှုပ်နေခြင်း
မဟုတ်ဟု ဖြေရှင်းထားသည်။

(ရှာဇင်ဂါနှင့် ဟယ်လ်မီတန်)
ထို့အပြင် မိမိနှင့် ဘရောင်းမှာ အခင်မင်ဆုံး မိတ်ဆွေ သူငယ်ချင်း
အဆင့်ထက် မပိုဟုလည်း ပြောကြားခဲ့သည်။ သို့သော်လည်း ဗြိတိသျှ ဖော်မြူလာဝမ်း
ပြိုင်ကားမောင်းသမား ဟယ်လ်မီတန်က အဆိုပါ ဖြေရှင်းချက်ကို လက်မခံနိုင်ဘဲ
ဖြစ်နေကြောင်း သိရသည်။ မက္ကလာရင်အသင်း ကားမောင်းသမားသည် ယခုကိစ္စအတွက်
နစ်ကိုးလ်ကို လမ်းခွဲသည်အထိ ဖြစ်လာနိုင်ကြောင်း အတွင်းသိများက The Sunသို့
ပြောကြားခဲ့သည်။ နစ်ကိုးလ်၏ မိတ်ဆွေ တစ်ဦးက "လမ်းခွဲမယ်ဆိုရင်တော့ ဒါဟာ
သူ့တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပါပဲ။ လောလောဆယ်မှာတော့ နစ်ကိုးလ်က
ရှင်းပြစရာ ရှိတာကို အကုန်ရှင်းပြထားပြီး X-Factor အစီအစဉ်အတွက်ပဲ
အာရုံစိုက်ထားပါတယ်"ဟု ဆိုသည်။

(ရှာဇင်ဂါနှင့် ခရစ်ဘရောင်း)
ဟယ်လ်မီတန်သည် ဂျပန်ဂရင်းပရီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေရင်း
နားရက်ကာလတွင် အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့သို့ လေယာဉ်ဖြင့်
ရောက်ရှိလာခဲ့သည်။ ဟယ်လ်မီတန်သည် ယခုကိစ္စအတွက် အမှန်ပင် စိတ်ပူပင်နေပြီး
နစ်ကိုးလ်ကိုယ်တိုင် ပြောဆိုသော စကားကို ကြားသိရန် လိုလားခဲ့ကြောင်း
သိရှိရသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်