Subscribe to our RSS Feed

ရခိုင် ဒုက္ခသည်တွေအတွက် ဗုဒ္ဓဆင်းတုတော် လှူဒါန်းမည်

From : ကိုသာအောင်


မကြာသေးခင်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့်
နေအိမ်မီးရှို့ခံရတဲ့ မိသားစုတွေ ကိုးကွယ်ပူဇော်ဖို့ အတွက် ရန်ကုန် အခြေစိုက် ရခိုင်ပြည်နယ်ဘေးဒုက္ခ ကယ်ဆယ်ရေး ကော်မတီက ဗုဒ္ဓဆင်းတုတော

်ပေါင်း ၂၀၀၀ ကျော်ကို မကြာခင်ရက်ပိုင်းအတွင်း သွားရောက်လှူဒါန်းဖို့ ရှိတယ်လို့ သိရပါတယ်။

အမြင့် ၉ လက်မ အရွယ်အစားရှိတဲ့ ဆင်းတုတော်တွေကို စစ်တွေမြို့နဲ့ ဘူးသီးတောင်၊ မောင်တော မြို့နယ်ဘက်က ဒုက္ခသည် မိသားစုတွေအတွက် အဓိကထား လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်စာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေး ကော်မတီ(ရန်ကုန်) ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါ်စောခင်တင့်
က RFA ကို အခုလိုပြောပြပါတယ်။

"အဓိကကတော့ ဒီရခိုင်ပြည်မှာ အိမ်တွေ ဖျက်ဆီးခံရတဲ့လူတွေ ရှိတယ်။ ဆိုတော့ ဒီလို အိမ်ထောင်စုတွေကို ဒီဘုရားတွေရောက်ရှိစေချင်တယ်။ ပြီးတော့ ဗုဒ္ဓဘာသာနယ်မြေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဘုရား ဆင်းတုတော်တွေကို များများစားစား လှူဒါန်း ပူဇော်ခြင်းအားဖြင့် ဒီဒေသမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်သဏ္ဍာန်ကိုလည်း လုံခြုံစေတယ် ဆိုပြီးတော့ အန်တီတို့က ယူဆပါတယ်"

ဗုဒ္ဓဆင်းတုတော်တွေကို မနက်ဖြန် မနက်ပိုင်းမှာ စစ်တွေမြို့ ပညာလင်္ကာရကျောင်းတိုက်မှာ သံဃာတော် ၂၇ ပါးနဲ့ အနေကဇာတင်ပြီး တစ်ချိန်တည်းမှာပဲ မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေက တစ်ဆင့် ဒုက္ခသည် မိသားစုတွေ အတွက် ပေးအပ်လှူဒါန်းသွားမှာဖြစ်တယ်လို့
ဒေါ်စောခင်တင့်က ပြောပါတယ်။

ရန်ကုန်အခြေစိုက် ရခိုင်ပြည်နယ်ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီဟာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ရခိုင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေ
ကို ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။


Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်