Subscribe to our RSS Feed

အားလုံးနှင့်သက်ဆိုင်သော အနာဂတ်အတွက်

From :  http://oppositeyes.blogspot.com/2012/10/blog-post_4258.html



 ပျော်ရွှင်မြူးတူးစွာဖြင့် ပြေးလွှားနေသော ကချင်ပြည်နယ်၏ အနာဂတ် ကြယ်ပွင့်လေးများ... လက်နက် ကိုယ်စီဖြင့် ကချင်ပြည်နယ်အား ပြည်ထောင်စုမှ ခွဲထွက်နိုင်ရန်အတွက် တံတားချိုး၊ မိုင်းထောင်၊ ဗုံးခွဲ လုပ်နေသော ကချင်သောင်းကျန်းသူများ.... မည်သို့မှ အပ်စပ်ခြင်းမရှိသည့် ကချင်ဒေသ၏ မြင်ကွင်း တစ်ခုကို ကြည့်ရင်း ကလေးများ၏ အနာဂတ်ကို ရင်မောမိလေသည်။ ကလေးများ ပြေးလွှားနေသည့် ဘေးတွင် ရှိနေသော လက်နက်ကိုင်အဖွဲ့သည် ကလေးများအတွက် မည်သည့်ကောင်းကျိုးမှ ဖြစ်အောင် ဖန်တီးပေးလိမ့်မည် မဟုတ်.. သူတို့သည် ကချင်ပြည်နယ်အား ပြည်ထောင်စုမှ ခွဲထွက်ဖို့ ကြိုးစားနေကြသူများ၊ ကချင်ပြည်နယ်၏ သယံဇာတကို လက်နက်များနှင့် ကိုယ်ကျိုးစီးပွားအတွက် အသုံးချချင်ကြသူများ၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ကာ ကချင်ဒေသခံများကို အုပ်ချုပ်ချင်ကြသူများ ပင် ဖြစ်သည်။ ဤသောင်းကျန်းသူများ ရှိနေသမျှ ကချင်ပြည်နယ်အတွင်းရှိ ကလေးများ၏ အနာဂတ်မှာ .....



ဘယ်နေ့တွင် ကေအိုင်အေတပ်သားသစ်အဖြစ် စည်းရုံးခံရမည်လဲ.. 





ဘယ်နေ့တွင် မိုင်းထောင်ဗုံးခွဲရင်း သေဆုံးရမည်လဲ...


ဆိုသည်ကိုသာ ဖြစ်နေပေလိမ့်မည်။

 ဤကလေးများကို ကြည့်ပါ..လွတ်လပ်သည်.. အပြစ်ကင်းသည်..သူတို့တွင် အနာဂတ်များရှိသည်


 ပတ်ဝန်းကျင်တွင် လက်နက်ကိုင် မရှိ.. ထိုကလေးများ မြင်တွေ့ရသော လက်နက်ကိုင်တပ်ဖွဲ့ ဆိုသည် မှာ ပြည်သူနှင့် တစ်သားတည်းဖြစ်သော.. ပြည်သူကို ကူညီသော တပ်မတော်ပင်ဖြစ်သည်။ 


ညအိမ်ပြန်ရောက်ချိန်မှ ရုပ်မြင်သံကြားအစီအစဉ်ထဲတွင် မြင်တွေ့ရသော တပ်မတော်ဆိုသည်မှာ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ပင် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်သော ပြည်သူ့ တပ်မတော်သာ ဖြစ်သည်။ ပြည်တွင်းစစ် မရှိသော ဒေသတွင် နေထိုင်ကြီးပြင်းရသော ကလေးများ၏ အ နာဂတ်မှာ.. 


ထိုမျှသာမက


ကမ္ဘာ့အသိအမှတ်ပြု စစ်တက္ကသိုလ်ကြီးများတွင် ပညာသင်ကြားရင်းဖြင့် အနာဂတ် တပ်မတော်အား ဦးဆောင်နိုင်မည့် အခွင့်အရေးများ ရရှိနိုင်ပြီး တည်ငြိမ်အေးချမ်သော တိုင်းပြည်အတွက် မျိုးဆက်သစ် သားကောင်း ရတနာ များ ဖြစ်လာပေ မည်။ ထိုမှ တစ်ဆင့်.. 


 တိုင်းပြည်အတွက် အထောက်အကူပြုနိုင်သည့် သားကောင်းရတနာများအဖြစ် နေထိုင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်၏အနာဂတ်၊ မိမိတို့ဒေသ၏ အနာဂတ်၊ မိမိတို့ ကလေးငယ်များ၏ အနာဂတ် အတွက် အဖြစ်သင့်ဆုံးနှင့် အကောင်းဆုံးလုပ်ဆောင်ရန်မှာ မိမိတို့ဒေသအတွင်း သောင်းကျန်းသူများ၊ လက်နက်ကိုင် အဖွဲ့များ မရှိစေရန်သာဖြစ်သည်။ 




Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်