Subscribe to our RSS Feed

ဆန်ကေးရှင်ဘွန်းသတင်းဌာန၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်

From : Hmuu Zaw



မြန်မာ-ဂျပန်ဆက်ဆံရေးနှင့် သီလဝါဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီး Sankei Shimbun မှ မေးမြန်းချက်။




အဲတော့ အဲဒါကို ကျနော်တို့ကတော့ ဒီနေ့ရရင် ဒီနေ့ ကျနော်တို့က လက်မှတ် ထိုးချင်တာ။ မြန်မြန်စနိုင်လို့ရှိရင် ကျနော်တို့ရဲ့ တိုင်းရင်းသားတွေ ခုနကလို အလုပ်ကိုင် အခွင့်လမ်းတွေ မြန်မြန်ရမယ်ဆိုပြီးတော့ ကျနော်တို့က ဒီလို တွက်ပါတယ်။  အဲဒီတော့ သူတို့ကလည်း ကျနော်တို့ ဒီအတိုင်း သူတို့အရင်းအနီးနှင့် လာပြီးတော့လုပ်မယ့်သူရှိသလို တချို့ကလည်း ODA Loan တို့ ဘာတို့ စောင့်နေတယ်။ ODA Loan တို့ ဘာတို့  ODA Loan ကြတော့ အတိုးကလည်း သက်သာတယ်။ 0.01 ဆိုတော့  အများကြီး ကျနော်တို့ တန်ပါတယ်။ သို့သော်လည်း နှစ်ပေါင်းလေးဆယ်လောက်မှ အပြီးဆပ် ရမယ်ဆိုတော့ အများကြီး အကျိုးရှိတယ်။ အဲဒီတော့ ဒီ Loan ကို သူက ရအောင်ချေးမယ်။ ချေးပြီးတော့ ခုနကလို  မြန်မာပြည်မှာ လာပြီးတော့ သူက အရင်းလုပ်မယ်။ အဲ ခုနကလို မြန်မာနိုင်ငံကတော့ ခုနကလို ဒါမြန်မာနိုင်ငံကို ချေးမယ်။ ချေးတဲ့ဟာကို သူတို့က လာပြီးတော့လုပ်မယ်ဆိုတဲ့ ဒီသဘောတွေပါတာ ကျနော်တို့ တွေ့ပါတယ်။ တချို့ကတော့ သူတို့အရင်းအနှီးနှင့် လာပြီးတော့ လုပ်မှာတွေ ရှိပါတယ်။ အဲဒါတော့ ဒီဟာကို ကျနော်တို့ ကတော့ စချင်တယ်။ စနိုင်မှ ခုနကလို မြန်မြန်စနိုင်မှ အလုပ်အကိုင်တွေ ကျနော်တို့ မြန်မြန်ရပါမယ်။ သို့သော် သူတို့အပိုင်းမှာလည်း အဲဒီလို မြန်မြန်စနိုင်ဖို့ အတွက် သူတို့ကြိုစားနေပါတယ်။ ကြိုးစားနေ တော့ အချိန်တော့ကျနော်တို့ အတိအကျတော့ ကျနော်တို့ ပြောဖို့ရာ ခက်တယ်။ အဲဒီတော့ ဒီကနေ့အထိ အဲဒီဂျပန်အဖွဲ့ကတော့ ကျနော်တို့ အခေါက်ခေါက်အခါအခါ ရောက်နေ တယ်။ကျနော်နှင့်လည်း တွေ့ပါတယ်။အခေါက်ခေါက် အခါခါရောက်နေတယ်။သူတို့လည်း ဒါအမြန်ဆုံးစနိုင်ဖို့ ကြိုးစားနေပါတယ်။

အဲဒီတော့ ဒီနေရာမှာ ကျနော်တို့ အထင်မမှား အောင် သီလဝါပရောဂျက် တစ်ခုလုံးကို ဂျပန်နိုင်ငံ တစ်နိုင်ငံတည်းကို ကွက်ပြီးတော့ ကျနော်တို့ မပေးပါဘူး။ ကျန်တဲ့နိုင်ငံတွေကိုလည်း အလားတူ ကျနော်တို့ မျှပြီးတော့ ကျနော်တို့ ပေးသွားမှာဖြစ်ပါတယ်။ ဂျပန်ကတော့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်ဖြစ်မှာပေါ့။ ကျန်တာ ကျနော်တို့ ကိုရီးယားလည်း ဝင်ချင်ဝင်လာမယ်။ ကျန်တဲ့ ခုနကလို ထိုင်းတို့၊ မလေးရှားတို့ စသည်အားဖြင့်ပေါ့လေ ဒီနိုင်ငံတွေလည်း ဝင်ချင်ဝင်လာမယ်။ ဂျပန်ကတော့ တော်တော်လေး ကျနော်တို့ခြေလှမ်းသွက်နေတဲ့ အနေအထားရှိတယ်။အဲဒီတော့ အမြန်စဖို့ အတွက်တော့ ကျနော်တို့ ကြိုးစားပြီးတော့ လုပ်နေပါတယ်။
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်