From : Ko Lin Wai Aung
ဒီနေရာမှာရက်ရက်စက်စက်စစ်ဆေးခဲ့ကြတယ်….
( ၁ ) ကိုကျော်ဝေ၏လက်ကို ဒစ်တိုနေတာတပ်ကာဝါယာရှော့ဖြင့် ဖေါက်ခွဲခဲ့သည့်အတွက် လက်ကောက်
ဝတ်မှပြတ်ခဲ့ရသည်။
( ၂ ) ကိုအောင်ဖိုး( ခ ) အေးသက်လတ်၏ ခြေထောက်ကို ဒစ်တိုနေတာတပ်ကာဝါယာရှော့ဖြင့် ဖေါက်ခွဲခဲ့သည့် အတွက် ခြေမ၊ခြေညှိုး၊ခြေခလယ်၊ပြတ်တောက်ခဲ့ရသည်။
အဖမ်းခံအချုပ်သား (၂၀ ) ခန့်က လက်တွင်ဒစ်တိုနေတာချည်ထားခံရပြီး ၀ိုင်းထိုင်ကြည့်ခဲ့ရသည်။
( စေခိုင်းသူ-မျိုးဝင်း၊လှဆိုင်း၊သန်းဇော်၊ )
ပြန်လည်ဖြတ်တောက်ချုပ်ပေးခဲ့ရသူ - (ဆေးဆရာမသိမ့်ဆွေ)
( ၃ ) ကိုထွန်းအောင်ကျော်နှင့် ကိုချိုကြီး အားလက်ဝါးကပ်တိုင်တွင် ချည်နှောင်ထားခဲ့ပြီး ကိုထွန်းအောင်ကျော် ၏လက်ဝါးနှစ်ဘက်အား ၄လက္မ သံဖြင့်ရိုက်သွင်းခဲ့ကြသည်။
ကိုချိုကြီးခြေထောက်ရှေ့တွင် မီးဖိုထားပြီး ဝေဒနာခံစားအောင်လုပ်ခဲ့ကြသည်။
ကိုဘိုဘို(ခ)မိုးကျော်သူ၊ကိုရဲလင်း+၂ဦး ကထိုင်ကြည့်ခဲ့ရသည်။
(စေခိုင်းသူ-သံချောင်း၊သံရိုက်သွင်းသူ-ရာဟု၊ အစောင့်-ဇော်မြင့်(ခ)လက်သီး)
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်