Subscribe to our RSS Feed

ဘဏ်များအပေါ် အစိုးရိမ်မပိုရန် ဗဟိုဘဏ် ပြောကြား

From :  The Voice


 ရန်ကုန်မြို့တော် အပါအဝင် မြန်မာနိုင်ငံ အနှံရှိ မြို့ကြီးများ၌ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက်ရှိသော ပုဂ္ဂလိက ဘဏ်အချို့နှင့် ပတ်သက်သည့် ကောလဟာလ သတင်းများနှင့် ပတ်သက်၍ ဘဏ်များ၏ အကျိုးစီးပွားကို ထိခိုက်စေရန် အလို့ငှာ မလိုလားသူများ ထုတ်လွှင့်သော ကောလဟလ သတင်းများသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က The Voice Weekly သို့ ပြောကြားသည်။ မြန်မာနိုင်ငံသို့ ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ် အပါအဝင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စနစ်တကျကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဘဏ်လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းဥပဒေများနှင့် အညီ တည်ငြိမ်ခိုင်မာစွာဖြင့် လုပ်ငန်းများ လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ပုဂ္ဂလိကဘဏ် များအပေါ် ပြည်သူလူထုများအနေနှင့် စိတ်ချယုံကြည်စွာ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင် သတင်းထုတ်ပြန်သည်။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်