From :မော်ဒန်
အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးကို ရန်ကုန်မှာ ယခုလ ၁၉ ရက်နေ့မှာ စတင်ဖွင့်လှစ်မယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရပါတယ်။ ‘အခွန်နဲ့ ပတ်သက်ပြီး သိချင်တဲ့ အချက်တွေ၊ မရှင်းလင်းတဲ့ အချက်တွေမေးရင် အကုန်ရှင်းပြမယ်၊ အခွန်ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ တိုင်ချင်တယ်ဆိုရင် စနစ်တကျ ဖောင်နဲ့ဖြည့်ပြီး လက်ခံပေးမယ်။ နေရပ်လိပ်စာ ယူထားပြီး အဲသည်ကိစ္စကို စုံစမ်းစစ်ဆေးပြီး ဖြစ်စဉ်မှန်ရင် ဘယ်လို အရေးယူပြီးပြီဆိုတာ ပြန်ကြားပေးမယ်။ ဖြစ်စဉ် မဟုတ်ရင်လည်း အခြေအနေမှန်ကို ပြန်ပြောပေးမယ်’ လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးကို ကျောက်တံတား မြို့နယ်၊ အမှတ် ၅၉၊ ပန်းဆိုးတန်းနှင့် ကုန်သည်လမ်းထောင့် မြေညီထပ်မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ မန္တလေးမှာလည်း အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးကို နိုဝင်ဘာလထဲမှာ ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်