Subscribe to our RSS Feed

အမည်မည်းစာရင်း ထပ်မံပယ်ဖျက်မည်

From :ခေတ်လူငယ်


မကြာခင်မှာ ဝန်ကြီးဌာနတွေမှ သက်ဆိုင်ရာ ဌာနအလိုက် အမည်မည်းစာရင်း ထပ်မံပယ်ဖျက်ပေးဖို့ ရှိတယ်လို့ သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ အခုလို အမည်မည်းစာရင်း ထပ်မံပယ်ဖျက်ပေးဖို့အပေါ် ကြိုဆိုကြပေမယ့် ထိရောက်တဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့ လိုတယ်လို့ ထောက်ပြသူတွေ ရှိတယ်။ ချင်းမိုင် အခြေစိုက် BWU (Burma Women Union) မှ တာဝန်ရှိသူ မသွယ်ဇင်က “ဒါက အကောင်းအဆိုး ဒွန်တွဲနေတယ်။ အကောင်းက ပြည်တွင်းပြန်ဝင်ပြီး နိုင်ငံရေး လုပ်ချင်တဲ့သူတွေအတွက် အဆင်ပြေတယ်” လို့ အွန်လိုင်းမှ ပြောပါတယ်။ အမည်မည်းစာရင်းမှာ နိုင်ငံလုံခြုံရေးအတွက် အန္တရာယ်ကြီးတယ် ယူဆတဲ့လူတွေကလွဲလို့ ပယ်ဖျက်ပေးဖို့ သင့်တယ်လို့ သိရတယ်။ ချင်းမိုင်အခြေစိုက် ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ အကြီးတန်းသုတေသီ ဦးအောင်သူငြိမ်းက “တတ်နိုင်ရင် အမည်မည်းစာရင်းဆိုတာ မရှိစေချင်ဘူး။ ဥပမာ နိုင်ငံတကာ ရာဇဝတ်မှု၊ အကြမ်းဖက်သမားတွေ၊ ကလေးတွေကို လိင်ဆက်ဆံဖို့ သားကောင်ရှာနေသူတွေကလွဲလို့ အမည်မည်းစာရင်း မရှိသင့်ဘူး” လို့ ပြောပါတယ်။ အမည်မည်းစာရင်း ထုတ်ပြန်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါတယ်။ စနစ်တကျနဲ့ ပါဝင်တဲ့သူတွေ သိအောင် ရှင်ပြတာမျိုးလုပ်ဖို့ လိုအပ်ကြောင်းပြောကြားခဲ့သည်။

 Myanmar Express

1 comments:

အစကတည်းကရိုးရိုးသားသားဖြူဖြူစင်စင်ဆိုရင်မည်းစရာအကြောင်းမရှိဘူး။အခုမှလာပြီဖြူခြင်ရင်ထုံးသုတ်ပေးလိုက်ပါ။ဘာလည်းကွ¿¿တောင်းဆိုစရာရှားလို့အလုပ်မရှိအကိုင်မရှိအမည်းစာရင်းဖျက်ပေးပါ ။လာခဲ့ငါတို့ဆီမှာတော့အဖြူဆိုဟိုဟာဘဲရှိတယ် ထုံး ထုံး မဖေါက်ထုံးဟ မင်းတို့ ညည်းတို့အကုန်ပေါက်စေရမယ် အဖြူစာရင်း

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်