From : မြန်မာသံတော်ဆင့်
သမ္မတဦးသိန်းစိန်ကို ဝေဖန်ခဲ့သည့် ပြည်ခိုင်ဖြိုး ဗဟို အလုပ်မှုဆောင် တစ်ဦးနှင့် စပ်လျဉ်း၍ တစ်ချိန်ကပြည်ခိုင်ဖြိုး စတင်ဖွဲ့စဉ်က အဓိကပါဝင်ခဲ့သည့် ဗဟိုနာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇူလိုင် ၂၉ ရက်က မြန်မာသံတော်ဆင့်နှင့်တွေ့ ဆုံမေးမြန်းစဉ်ပြောကြားခဲ့သည်။
““သမ္မတကြီးကို သူမဝေဖန် ထိုက်ဘူးလေ။ သမ္မတက လုပ်ပိုင်ခွင့်ရှိတယ်လေ။ လုပ်ပိုင်ခွင့်ထဲမှာ သူလုပ်သွားတာ။ သမ္မတက တိုင်းပြည်ရဲ့ အရေးကိစ္စ၊ ပြည်သူတွေရဲ့ လိုလားချက်ကို ကြည့်ပြီးတော့မှ တကယ်လိုအပ်ချက်အတိုင်း လုပ်မှာပဲ။ တစ်ယောက်တည်း မဆုံးဖြတ်ပါဘူး။ တိုင်ပင်ဦးမှာပဲ။ တိုင်ပင်ရမယ့် ပုဂ္ဂိုလ်တွေနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်တာ၊ သမ္မတကြီးဆုံး ဖြတ်တာကို ပြည်သူတွေကအမှန်လို့ပဲ ခံယူတယ်။ အဘလည်း သမ္မတဆုံးဖြတ်တာကို အမှန်ပဲလို့ခံယူတယ်”” ဟု ဦးခင်ညွန့်ကပြောသည်။
ပြည်ခိုင်ဖြိုးနှင့်ပတ်သက်၍လည်း တစ်ချိန်တုန်းက ဗဟိုနာယကကြီးအဖြစ် ပါဝင်ခဲ့ကြောင်း၊ ထိုစဉ်က ရည်ရွယ်ချက်ထားရှိခဲ့သည့်လမ်းကြောင်း၊ အယူအဆစေတနာနှင့်ပတ်သက်၍မေးမြန်းခဲ့ရာ “အခုတော့ လွဲနေပြီ အဲဒါပဲ” ဟူ၍ ပြန်လည်ဖြေကြားပေးခဲ့သည်။
ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ယခင်က တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး၊ န၀တ အတွင်းရေးမှူး(၁)၊ ပြည်ခိုင်ဖြိုးအသင်းဗဟိုနာယက အဖွဲ့ဝင်တာဝန်များ ထမ်းဆောင်ခဲ့ပြီး နယက အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ၃ ဦးမှာ ထိပ်ပိုင်းခေါင်း ဆောင် ၃ဦးအဖြစ် နိုင်ငံရေးနယ်ပယ်၌ ထင်ရှားခဲ့ဖူးသည်။
Myanmar Express
3 comments:
ဦးခင်ညွန့်ကို အရင်ကတည်းက လေးစားအားကျခဲ့သူပါ။ ခုချိန်မှာလည်း နိုင်ငံသားကောင်းတစ်ယောက်ပီသစွာ သမ္မတကို ရှုမြင်သူပါ။ လေးစားပါတယ် ဗိုလ်ချုပ်ခင်ဗျား။ တိုင်းပြည်အတွက် ပရဟိတ အလုပ်တွေကို အာရုံစိုက်လုပ်ပေးပါခင်ဗျား...
ကျွန်တော်တေဇဟောင်းလက်ရှိဝန်ထမ်းပါ အောက်ခြေရဲ့ အဖြစ်မှန်က ဒီပုဂ္ဂိုလ်ကြီးမှာ အရပ်ရော၊တပ်ဘက်ကပါ သဘောကျထောက်ခံသူတွေအများကြီးပါပဲ ဒီမိုကရေစီရဲ့ အဖွင့်နိဒါန်းလဲသူကစခဲ့တာမပြောချင်နေအားလုံးအသိပဲ တစ်ခုပဲသတိပေးမယ် ဒီခေတ်ဒီအချိန်အခါ (မြန်မာ့နိုင်ငံရေးခေတ် ပြောင်းချိန်ချိန်ရဲ့ နိဒါန်း)မှာ ဒီလိုပုဂ္ဂိုလ်မျိုး ပွဲကြည့်ပရိသတ်လုပ်နေတာ မဖြစ်သင့်ဘူး ဒါပါပဲ။
i also agreed
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်