From : mrtv4
Myanmar Express
ရန်ကုန်မြို့ရဲ့
အချက်အချာ နေရာများနဲ့ မြို့ပြလမ်း များမှာ လမ်းအသုံးပြု သူများ အတွက်
ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
ဥပဒေကို ဆောင်ရွက် နိုင်ဖို့ အတွက် လူကူး မီးအိမ်သစ် များကို တပ်ဆင် ပေးလျက် ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ လမ်းနှင့် တံတား ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ လူကူး မီးအိမ်သစ်များ တပ်ဆင်ရာမှာ ဗိုလ်ချုပ်လမ်းနဲ့ ဆူးလေ မီးပွိုင့်မှာ လေးခု၊ အနော်ရထာ လမ်းနဲ့ ဆူးလေ ဘုရားလမ်းမှာ လေးခု၊ ကုန်သည် လမ်းနဲ့ ဆူးလေ လမ်းဆုံမှာ ရှစ်ခု၊ တပ်ဆင် ထားပါတယ်။
ဒါ့အပြင် ပြည်လမ်းနဲ့ အလုံလမ်းမှာ ရှစ်ခု၊ ပြည်လမ်းနဲ့ ရှင်စောပု လမ်းမှာ ရှစ်ခု ကိုလည်း တပ်ဆင် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လူကူး မီးအိမ် များဟာ ဒစ်ဂျစ်တယ် အယ်လ်အီးဒီ မီးလုံးများနဲ့ လူရုပ်ပုံ ပါတဲ့ မီးအိမ်များ ဖြစ်ပြီး လမ်းအသုံးပြုသူ ခရီးသွားများ အလွယ်တကူ သိမြင်စေဖို့ အတွက် ၂၄ နာရီ မီးဖွင့် တပ်ဆင် ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို တပ်ဆင်မှု သာမက ယာဉ်မောင်းများ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေန နဲ့အညီ မောင်းနှင် နိုင်ဖို့ အတွက်လည်း စီစီတီဗီ ကင်မရာ များကိုပါ ယာဉ်ကြော ရှုပ်ထွေးတဲ့ နေရာတွေမှာ ထပ်မံ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်