From : popular
Myanmar Express
နှစ်နိုင်ငံချစ်ကြည်ရေးအရ
ဗီယက်နမ်နိုင်ငံ ကုန်ပစ္စည်းပြသရောင်းချပွဲကို တပ်မတော်ခန်းမတွင်
အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ပြုလုပ် သွားမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါကုန်စည်ပြပွဲတွင် လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အထည် အလိပ်၊ ဆေးဝါးများများ၊ အလှကုန်များနှင့် အိမ်သုံးပစ္စည်းများကို ပြ သရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူတစ်ဦးက ပြောသည်။
“ဒီပွဲက အစိုးရသစ် လက်ထက်မှာတော့ တပ်မတော်ခန်းမမှာ လုပ်တာ ၂ ကြိမ်မြောက်ပဲ၊ အခုပွဲက ပိုစည်တယ်။ ၀ယ်ယူသူတွေ အနေနဲ့ ဒေါ်လာနဲ့ရော ကျပ်နဲ့ပါ ၀ယ်လို့ရတယ်”ဟု ၄င်းက ဆက်ပြောသည်။
ယခု ဗီယက်နမ်ကုန်စည်ပြပွဲတွင် မြန်မာကုမ္ပဏီငါးခုမှ ဆိုင်ခန်း ၇ ခန်း အပါအ၀င် ဆိုင်ခန်းပေါင်း ၁၁၈ ခန်းဖွင့်လှစ်ရောင်းချလျက် ရှိသည်။ ယခုပြု လုပ်သော ဗီယက်နမ် ကုန်စည်ပြပွဲမှာ မြန်မာပြည်၌ ၇ ကြိမ်မြောက် ဖြစ် သည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်