From : mrtv4
Myanmar Express
အမေရိကန် သမ္မတ အဖြစ် ဝင်ရောက် အရွေးခံနိုင်မည် ဆိုသည့် သတင်းများကို ချေဖျက်သည့် အနေဖြင့် လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ
ဟီလာရီ ကလင်တန်မှာ ကြေညာချက် တစ်ခုကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
သူမအနေဖြင့် အိုဘားမား၏ သမ္မတ သက်တမ်း ပြီးပါက အမေရိကန် နိုင်ငံ၏ နိုင်ငံရေး စက်ဝန်းမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း ပြောကြားလိုက်ပြီ ဖြစ်ကာ အများမှ ပြောနေကြသည်နှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ချက်ကို ထုတ်ပြန် ပြောကြားလိုက်ခြင်း ဖြစ်သည်။ ယခုလို ပြောကြားမှုကို ကြာသပတေး နေ့က Marie Claire မဂ္ဂဇင်းတွင် ဖော်ပြခဲ့ကာ သူမ အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်များ အတွင်းတွင် နှစ် ၂၀ ကျော် ဖြတ်သန်း လာခဲ့ပြီး ဖြစ်ကြောင်းနှင့် ကိုယ်ပိုင် အချိန်ကို ရယူလို၍ ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်