From :မှူးဇော်
မြန်မာပြည်တွင်းတွင် OIC ရုံးများဖွင့်ခွင့်မပေးသည့်ကိစ္စ၊ကချင်ပြည်နယ်တွင် ICRC ဝင်ခွင့်မပေးတာနှင့်ပတ်သက်ပြီး News Watch မှ မေးမြန်းချက်။
တစ်အချက်က OIC ကိစ္စOIC ကိစ္စနှင့်ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ခုနကလို ဒီဆူပူမှုပဋိပက္ခပေါ့ဒါတွေကတော့ ကျနော်တို့အားလုံးသိပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဆူပူမှုပဋိပက္ခနှင့်အတူ ခုနလို သေဆုံးတာတွေဒဏ်ရာ ရတာတွေဟာ တခြားဖြစ်စဉ်တွေနှင့် ယှဉ်ရင်တော့သိပ်ပြီးတော့ကျနော်တို့ ဒါများများစားစားမရှိလှဘူးလို့ ဒီလိုပြောရမှာ ဖြစ်ပါတယ်။
သို့သော်လည်းခုနကလိုမီးရှို့တာကြတော့ရွာတစ်ရွာမှာခုနလိုတစ်အိမ်မီးရှို့ဆိုရင်သက်ကယ်နှင့်ဓနိနှင့်နေနေကြတဲ့အိမ်တွေဆိုတော့အကုန်လောင်တာပါဘဲ။အဲဒီတော့မီးရှို့တဲ့အတွက်ကြောင့်ခုနလိုအိုးမဲ့အိမ်မဲ့ဖြစ်တာတွေကကျနော်တို့များပါတယ်။အိုးမဲ့အိမ်မဲ့ဖြစ်တဲ့အတွက်ကြောင့်ဘာလုပ်ရလဲဆိုတော့ကျနော်တို့ဒီလူတွေကိုထမင်းကျွေးထားရပါတယ်။ထမင်းကျွေးထားရပါတယ်။သူတို့ကိုကျွေးထားတဲ့စရိတ်ကဘယ်လောက်ကုန်တယ်ဆိုရင်တစ်နေ့တစ်နေ့ကိုဒေါ်လာတစ်သန်းဖိုးလောက်ကျနော်တို့ကုန်ပါတယ်။ ဒေါ်လာတစ်သန်းဖိုးလောက်ကုန်ပါတယ်။ အဲဒီတော့ ဒေါ်လာတစ်သန်းဖိုးလောက်ကုန်တဲ့ဟာကို အစိုးရကလည်းစိုက်မပေးနိုင်ဘူး။ ပြည်သူလူထု အကူအညီနှင့်လည်း ဒီလောက်ကုန်တဲ့ကျွေးနိုင်တဲ့ ကျနော်တို့အနေအထား မရှိဘူး။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ ပြည်ပကအကူအညီတွေကို ကျနော်တို့က လူသားချင်း စာနာတဲ့ ကူညီမှုဆိုတာနော်ဒါတွေကို ကျနော်တို့လက်ခံရပါတယ်။ အဲဒီတော့ လူသားချင်း စာနာတဲ့ အကူအညီတွေလက်မခံဘူးဆိုရင် ကျနော်တို့ခုနလို လူမဟုတ်ဘူး ဆိုပြီးတော့ ဘဲစွပ်စွဲကြတော့မှာ။ ဒါကတော့တစ်ကမ္ဘာလုံး လက်ခံရတဲ့ကိစ္စပါ။ အလားတူပါဘဲ ကျနော်တို့ OICနှင့် ပတ်သက်ပြီးတော့လည်း ကျနော်တို့ဒါဘာသာ အရမခွဲခြားပါဘူး။ လူမျိုးအရ မခွဲခြားပါဘူး။ လူသားချင်းစာနာတဲ့ အကူအညီတွေကျနော်တို့ပေးချင်ပါတယ်။ ပေးလဲဘဲ ပေးခဲ့တာဖြစ်ပါတယ်။ ဒါနှင့်ပတ်သက်ပြီးတော့ ဆက်သွယ်ဆောင်ရွက်ဖို့ဆိုပြီးတော့ ဒီလိုခုနလို OIC နှင့် စာချုပ်တာမဟုတ်ပါဘူး။ OIC ထဲမှာပါဝင်တဲ့ဌာနတစ်ခုအနေနှင့် ခုနကလို ဒီနယ်စပ်ဒေသဝန်းကြီးဌာနအောက်က ကျနော်တို့ဒါဟိုဒင်းနှင့် စာချုပ်ကြတာဖြစ်ပါတယ်။
စာချုပ်တာကတော့ခုနကပြောသလိုကျနော်တို့ရန်ကုန်မှာဒီOIC ရုံးဖွင့်မယ်တို့ နောက်တခါ စစ်တွေမှာOICရုံးဖွင့်မယ်တို့ဒါတွေဟာစာချုပ်ထဲကျနော်တို့လုံးဝမပါပါဘူး။ဒါလူတွေရဲ့ကောလဟာလတွေပါ။ ဟိုပြောဒီပြောနှင့်ဒီလိုပြောနေတဲ့ဟာတွေပါ။ ဒါကြောင့်မို့ ကျနော်တို့ ဒီကောလဟာလတွေကို ဒါတွေဟာကျနော်တို့ ဟိုဒင်းမဖြစ်ပါဘူး။ ဘယ်သူကမှလဲ ခုနလို ဒီစာချုပ်ကို သေချာလည်းဖတ်ပြီးတော့ ပြောတာလည်းမဟုတ်ပါဘူး။ ကျနော်တို့ သိပါတယ် စာချုပ်ထဲမှာ ခုနပြောသလိုရန်ကုန်မှာဖွင့်မယ်တို့၊ စစ်တွေမှာဖွင့်မယ်တို့ ဆိုတာလုံးဝ ကျနော်တို့မပါပါဘူး။ အကယ်၍ ဖွင့်ဖို့ရှိတယ်ဆိုရင်တောင်မှ ကျနော်တို့အစိုးရ အနေနှင့် တားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ပြည်သူကမလိုလားဘူး။ ပြည်သူမလိုလားတဲ့ အတွက်ကြောင့် ကျနော်တို့ကတားဆီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ခုနလို ပြည်သူတွေ အနေနှင့် မစိုးရိမ်ပါနှင့်ဒါကိုကျနော်တို့အစိုးရအနေနှင့်တာဝန်ယူပါတယ်။ ဒါတွေကျနော်တို့ လုံဝဖွင့်ခွင့်မပြုပါဘူးဆိုပြီးတော့ဒီလိုကြေညာတာဖြစ်ပါတယ်။
( ICRCနှင့်ပတ်သက်၍ ဖြေဆိုချက်)
ICRC သုံးနေပါတယ်။ ICRC ဟာဒီမှာရှိနေတဲ့ Human Right ကော်မရှင်တို့ဘာတို့နှင့် ပေါင်းပြီးတော့သွားနေပါတယ်။ ခုနကလိုအထောက်အထားတွေလည်း ရှိပါတယ်။ သွားတဲ့ အထောက်အထားတွေ ခင်ဗျားမသိလို့ဖြစ်ပါလိမ့်မယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်