From : မှူးဇော်
လမ်းပေါ်မှာရောက်နေသည့် ကလေးငယ်များအတွက် အစိုးရ၏ စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး Street View Journal မှ မေးမြန်းချက်။
ခုနကလို ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းနေနိုင်ဖို့အတွက် အစိုးရတင် မဟုတ်ပါဘူး ကျနော်တို့ အဖွဲ့အစည်းတွေနှင့် ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ ဥပမာ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပြီး အမျိုးသမီးရေးရာ အဖွဲ့ချုပ်တို့ နှင့် ကျနော်တို့ ဒါတွေနှင့် ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အဲဒီတော့ဒီကိစ္စ ဘာကြောင့် ဖြစ်လာသလဲ ဆိုတော့ အရင်းခံကတော့ စီးပွားရေးပါ။ ဒီအလုပ်ကိုင် အခွင့်အလမ်းတွေ ရလာမယ်၊ ဝင်ငွေ တွေ ရလာမယ် စားနိုင်သောက်နိုင်တဲ့သူ ဖြစ်မယ်ဆိုရင် သားသမီးတွေ လည်း ကျောင်းထား နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ စီးပွားရေးအခြေအနေက ခုနကလို တောင့်တောင့်တင်းတင်းနှင့် မရှိသေးတဲ့အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ သို့သော်လဲ ခုနကလို စီးပွားရေးတောင့်တင်းတဲ့အထိ စောင့်မနေဘဲနှင့် ဒီကနေ့ ခုနကလို အစိုးရပိုင်းကလည်း ကျောင်းနေနိုင်အောင် ဆိုပြီးတော့ လုပ်ပေးနေတာ တွေရှိပါတယ်။ အဲဒီတော့ လူထုအဖွဲ့ အစည်းတွေကလည်း ဝိုင်းပြီးတော့ ကျနော်တို့ လုပ် ပေးနေတာတွေရှိပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်