Subscribe to our RSS Feed

Online တွင် Mail ပို့ကာ ငွေညှစ် ခြိမ်းခြောက်တောင်းယူနေသော ဒီမိုဘက်တော်သား

From :  သာနောင်






gayu.sitethu@gmail.com လာအပ်ရင် လုံးဝလုံးဝလက်မခံပါနဲ့ .....

ဒီလိုခေတ် ဒီလိုချိန် ဒီလိုခေတ်မှီနေတဲ့အချိန်ကြီးမှာ Photo Shop တွေ လုပ်ရလွယ်နေတဲ့ခေတ်ကြီးမှာ ဒီလိုလူမျိုးရှိပါသေးတယ် ဒီပုံထဲကလူကတော့ သူကိုယ်သူလုပ်နေကျ ဂရုမစိုက်ဘူးဆိုပြီး ငွေတွေလိုက်ညှစ်နေပါတယ် ပုံထဲကစာတွေကတော့ ကျွန်တော့် ညီလေးနဲ့ ညီမလေး တွေကိုနှောက်ယှက်ထားပါတယ် သူတို့အတွဲကသိပ်ချစ်ကြပါတယ် ဘယ်ကနေဘာတွေကိုစုံစမ်းလည်းဆိုတာ ကျွန်တော်တို့လည်း အတိကျမသိရပါဘူး ကျွန်တော်ညီမလေးနဲ့ညီလေးဆီ ညစ်ညမ်းတဲ့ ပုံ ၁၀ ပုံရောက်လာပြီး ခုလိုချိန်းခြောက်စာနှင့်တစ်ကွ ငွေ သုံး သိန်းညှစ်တောင်းပါတယ် စဉ်းစားကြည့်ကြပါ ဒါဟာလုံးဝကိုယုံ ကြည်စရာမရှိဘူး ညီလေးကလည်း သူချစ်သူဘယ်လိုဆိုတာ သူသိနေတဲ့အတွက် နောက်ပြီး ဒီလိုခေတ်ကာလကြီးမှာ ဖိုတိုရှော့တွေနဲ့ ဒါက ဒီလိုဆို ဖြစ်အောင်လုပ်ရနေတဲ့ ကာလဖြစ်ပါတယ် ဒါကို ခုလိုလာခြိမ်းခြောက်တယ်ဆိုတော့ ကျွန်တော်တို့က သူပြောတဲတိုင်းလုပ်ရမှာလားဗျာ မေးလ်တွေပို့တာ ၁၀စောင်မကရှိပါပြီ...

နောက်ဆုံး မနေသာတော့ တစ်ခြားမောင်နှမတွေကို ပါသတိထားစေချင်ပါတယ် ခုလိုချိန်ခါမှာ အားလုံးကဖေ့ဘွတ်မှာ လိပ်စာ မွေးနေ့ ဓာတ်ပုံ ကျောင်းလိပ်စာ စတာတွေကို တင်လေ့ အလွယ်လုပ်ကြပါတယ် ကိုယ်၏ စာမျက်နှာ ကိုယ်၏အကောင့်ဆိုပေမယ့် သတိတော့ထားစေချင်ပါတယ်ဗျာ ဘာဖြစ်လို့လည်းဆိုတော့ ဒီလူပြောထားတဲ့အထဲမှာ တစ်ခြား စုံတွဲတွေကိုလည်း မိဘတွေနဲ့ကိုင်ပေါက်ပြီး ငွေညှစ်တာတွေလည်းပါတဲ့အတွက် ကျွန်တော် စကားလိုက်စပ်ကြည့်တော့ တစ်ချို့ကအရှက်ခွဲမှာ ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ပြသနာတွေမတတ်ချင်တာကြောင့် ငွေလာညှစ်သူရဲ့ တောင်းဆိုးချက်အတိုင်းလိုက်လျောတာမျိုးတွေလည်း သိရှိရပါတယ် လေး ငါး ယောက်လောက်ခံနေရတာ မြင်တော့ ကျွန်တော်လည်း မနေသာပါဘူးဗျာ အားလုံး သတိလေးနဲ့နေကြပါဗျာ .....


 Myanmar Express 



1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်