Subscribe to our RSS Feed

ဘင်္ဂလာဒေခ်ျ့မှ ရခိုင် မိသားစုများ မြန်မာဘက်သို့ ပြောင်းရွေ့

From :  အေးချမ်းမွန်


 ပြောင်းရွေ့သွားသူများမှာ အခင်း ဖြစ်ပွားရာ ရာမူး (ပန်းဝါ) အရှေ့ဘက်တွင် တည်ရှိသော မရှက်ချောင်း ခေါ် ချောနာဆရီ ဒေသ ကျောင်းနားရွာမှ ဖြစ်ကြောင်း ကျေးရွာသားတဦးက ပြောပြသည်။ “ သူတို့ပြောင်းသွားတာက ဒီဘက်မှာ ဆူဆူပူပူဖြစ်နေတယ်။ ခုလို အခြေအနေကြောင့် စိုးရိမ်သလို လုပ်ကိုင် စားသောက်ဖို့လည်း အခက်အခဲရှိ လာတဲ့ အတွက် မြန်မာဘက်ကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။ ပြောင်းရွှေ့သွားသူများကို မြန်မာဘက်က ဒုက္ခသည် စခန်းဖွင့်ပြီး လက်ခံထားမည်လား (သို့မဟုတ်) ရခိုင် ကျေးရွာများတွင် နေရာချထားပေးမည်လားဆိုသည်ကို သဲကွဲစွာ မသိရှိရသေးကြောင်း သူက ပြောသည်။ ပြောင်းရွေ့သွားသည့် မိသားစုများမှာ ဦးမဲတုတ်၊ ဦးလင်းထွန်း၊ ဦးမောင်သန်းနှင့် ဦးအောင်ကျော်လှ မိသားစု များဖြစ် ကြောင်း သိရသည်။ “ ဦးမဲတုတ်မှာ သမီးတစ်ယောက်ပါသွားတယ်။ နောက်သမီးတယောက်က အဲဒီလင်းထွန်းနဲ့ အိမ်ထောင် ကျနေတယ်။ မောင်ထွန်းမှာ သားသမီး ၃ ယောက်ပါတယ်။ အောင်ကျော်လှမှာလည်း သားသမီး သုံး ယောက်ပါသွားတယ်။ မိသားစု လေးစု – လူက စုစုပေါင်း ၁၈ ဦးပါ” ဟု သူက ပြောသည်။ အဆိုပါ မိသားစုများသည် အောက်တိုဘာလ ၁ ရက်နေ့ နံနက် အာရုံတက်ချိန်တွင် ရွာမှ ထွက်ခွာ သွားကြသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီမှလည်း မြန်မာဘက်သို့ ပြောင်းရွေ့သွား သည့် မိသားစုဝင် စာရင်များကို လာရောက် ကောက်ယူသွားကြောင်း ကျေးရွာ လူကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။ 


 Myanmar Express 

1 comments:

ဖြစ်နိုင်ရင်ပေါ့ဘင်္ဂါလီတွေကိုဘင်္ဂါလားဒေ့ရှ်ကိုပို့ ဟိုဘက်မြန်မာပြည်ဖွားတွေကိုဒီဘက်ပြန်ခေါ် အဲဒီလို့လုပ်ရရင်သိပ်ကောင်းမှာပဲ။ဖြစ်ချင်တာပါ ဒီလောက်လွယ်တဲ့ကိစ္စမဟုတ်မှန်းတော့စဉ်းစားမိပါ
တယ် အခုပြောင်းလာတဲ့မိသားစုတွေကိုလည်းသေသေချာချာစိစစ်ဖို့တော့အကြံပြုခြင်တယ်။နိုင်ငံကိုတကယ်ချစ်တဲ့သူဆိုရင်ဘယ်အကြောင်းပြချက်နဲ့မှအမိနိုင်ငံတော်ကိုစွန့်ခွါမသွားဘူး။ယာယီတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံခြားရောက်နေတဲ့
ရွှေတွေမပါဘူးနော်။အလုပ်သမားတွေရော ဝန်ထမ်းတွေရော ဘက်မပြောင်းရင်ပေါ့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်