Subscribe to our RSS Feed

အဖွင့်ပွဲစဉ်တွင် မြန်မာအသင်းမှ ရလဒ်ကောင်း ရရှိခဲ့

From :  MRTV4


AFF SUZUKI Cup 2012 ခြေစစ်ပွဲစဉ်များ ထဲမှ တစ်ပွဲဖြစ်သည့် အိမ်ရှင်မြန်မာ အသင်းနှင့် ဘရူနိုင်း အသင်းတို့၏ ပွဲစဉ်ကို မနေ့က အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ သုဝဏ္ဍ အားကစားကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ ပွဲစဉ်ကို မြန်မာနိုင်ငံ အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများ၏ အသင်းပိုင်ရှင်များနဲ့ ဘရူနိုင်း အသင်းမှ တာဝန်ရှိသူများ တက်ရောက် အားပေးခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ ပွဲစဉ်ကို မြန်မာ့ လက်ရွေးစင် အသင်းကို အားပေးတဲ့ ပရိသတ် အများအပြား တက်ရောက် အားပေးခဲ့ ကြပါတယ်။ ပြိုင်ပွဲ မစတင်မီမှာ ကစားသမားများဟာ လက်ဆွဲ နှုတ်ဆက်ခြင်း ပြုလုပ်ခဲ့ကြပြီး ပွဲကို စတင် ယှဉ်ပြိုင် ကစားခဲ့ကြ ပါတယ်။ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းဟာ အဓိက ကစားသမားတွေကိုသာ ပွဲထုတ်ကစား စေခဲ့ပြီး ဂိုးသမား နေရာမှာ သီဟစည်သူ နောက်တန်း မှာတော့ ရန်အောင်ဝင်း၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်းတို့ ပါဝင်လာခဲ့ပြီး ကွင်းလယ် မှာတော့ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ ရာဇာဝင်းသိန်း၊ ကျော်ဇေယျာဝင်း တို့နဲ့အတူ တိုက်စစ် မှာတော့ ကြည်လင်းနဲ့ ကောင်းစည်သူတို့ ကိုနည်းပြ ပက်ဆောင်ဟွာက ပွဲထွက် အသုံးပြုခဲ့ ပါတယ်။ ဘရူနိုင်း အသင်း ဟာလည်း အသင်းမှ အဓိက ကစားသမားများကို အသုံးပြုပြီး ပွဲထွက် ကစားခဲ့ကာ မြန်မာ အသင်း ဖက်ကို အကောင်းဆုံး ဖိအားပေး ကစားခဲ့ ပါတယ်။ ပထမပိုင်း မှာတော့ နှစ်သင်း စလုံးဟာ အပြန်အလှန် တိုက်စစ်ဖွင့် ကစားပြီး ဂိုးသွင်းခွင့်တွေ အသီးသီး ရရှိခဲ့ပေမယ့် ဂိုးရရှိခဲ့ခြင်း မရှိပဲ ဂိုးမရှိ သရေ ရလဒ်နဲ့သာ အကြိတ်အနယ် ဆက်လက်ပြီး ကစားခဲ့ ကြပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ပြန်လည် စတင်ချိန်မှာ မြန်မာ အသင်းက ဘရူနိုင်း အသင်းဖက်ကို ပိုမိုဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ပေမဲ့ ဂိုးရယူနိုင်ခြင်း မရှိပဲ ဘရူနိုင်း အသင်းက အကောင်းမွန်ဆုံး ရှင်းထုတ် နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း ပွဲကစားချိန် ၈၃ မိနစ် မှာတော့ မြန်မာအသင်း အတွက် ဦးဆောင်ဂိုးကို ရန်အောင်ဝင်းက ဂိုးဧရိယာ ထိပ်ကနေ အပြင်းကန် သွင်းပြီး ရယူပေး နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်း ပွဲချိန်တွေမှာ ဘရူနိုင်း အသင်းက ခြေပဂိုး ပြန်လည် ရရှိဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာ အသင်းက ကောင်းမွန်စွာ ထိန်းချုပ် ကစားကာ အနိုင် ၃ မှတ် ကိုရယူ သွားနိုင် ခဲ့ပါတယ်။ မြန်မာ အသင်းဟာ အခုလို ဘရူနိုင်း အသင်းကို အနိုင် ရရှိခဲ့ပြီး ၃ မှတ် ရရှိခဲ့တာ ဖြစ်ပေမဲ့ အမှတ်ပေး ဇယားရဲ့အဆင့် ၂ နေရာမှာသာ ရပ်တည် နေကြောင်း သိရပါတယ်။ ဒါ့အပြင် AFF SUZUKI Cup 2012 ရဲ့ခြေစစ် ပွဲပထမပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အရှေ့တီမော အသင်းနှင့် ကမ္ဘောဒီးယားအသင်း တို့ပွဲစဉ်မှာ အရှေ့တီမော အသင်းက ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်