Subscribe to our RSS Feed

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကိုယ်စားလှယ် အဖွဲ့ မလေးရှား အမှတ်(၁ဝ) လေထီး တပ်မနှင့် လေယာဉ် စစ်ဆေး မွမ်းမံရေးဌာန Aircraft Inspection Repair Overhaul Depat (AIROD)သွားရောက်လေ့လာ

From : မြဝတီ




မလေးရှား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် မလေးရှား တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ် လိုက်ပါ၍ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူ Air Base မှ တစ်ဆင့် တပ်မတော် ရဟတ်ယာဉ် များဖြင့် ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် နံနက် ၈ နာရီ ၄ဝ မိနစ် တွင် Malacca မြို့ အမှတ်(၁ဝ) လေထီး တပ်မသို့ ရောက်ရှိပြီး တပ်မမှူး ဗိုလ်မှူးချုပ် Dato' Tengku Ahmad Noor Bin Tuan Chik နှင့် တပ်မတော် အရာရှိကြီး များမှ ခရီးဦး ကြိုဆို နှုတ်ဆက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး တပ်ဖွဲ့အား စစ်ဆေးသည်။ ၎င်းနောက် အမှတ်(၁ဝ) လေထီးတပ်မ၏ Pa-rawood လေ့ကျင့်ရေး ကွင်းတွင် စစ်သည်များမှ သရုပ်ပြ တိုက်ခိုက်ရေး စွမ်းရည် အမျိုးမျိုးအား ပြသပြီး စစ်သည်များ၊ တိုက်ခိုက်ရေး နှင့် သယ်ယူ ပို့ဆောင်ရေး ယာဉ်များ တန်းစီ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အလေးပြုသည်။ ထိုအချိန်တွင် ရဟတ်ယာဉ် များမှ ကောင်းကင်မှ ပျံသန်း အလေးပြုသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ဂုဏ်ပြုသောအားဖြင့် မလေးရှား တပ်မတော် ဦးထုပ် နှင့် အဆင့်တံဆိပ် ချီးမြှင့် ပေးအပ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အထိမ်းအမှတ် တံဆိပ်အား အမှတ်(၁ဝ) လေထီး တပ်မမှူးသို့ ပေးအပ်သည်။ ၎င်းနောက် သရုပ်ပြ စွမ်းရည် ပြသကြသော မလေးရှား တပ်မတော်မှ စစ်သည်များ ကိုယ်စား အဖွဲ့ခေါင်းဆောင်အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ဂုဏ်ပြုဆုငွေ ပေးအပ် ချီးမြှင့်ပြီး အမှတ် (၁ဝ) လေထီး တပ်မမှူးမှ ပေးအပ်သော အထိမ်းအမှတ် တံဆိပ်အား လက်ခံ ရယူသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အလေးပြုခံ စင်မြင့်ရှိ ဧည့် သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ် ရေးထိုးကာ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ နှစ်နိုင်ငံ တပ်မတော်မှ တပ်မတော် အရာရှိကြီး များနှင့် စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက် ကြပြီး Officer Mess ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် လက်မှတ် ရေးထိုး ကာ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ နံနက်စာ သုံးဆောင်ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လိုက်ပါ၍ တပ်မတော်ရဟတ်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာလာ ရာ လေယာဉ် စစ်ဆေး မွမ်းမံရေး ဌာန AIROD သို့ နေ့လယ်ပိုင်းတွင် ရောက်ရှိပြီး Execusive Director နှင့် တာဝန် ရှိသူများမှ လှိုက်လှဲစွာ ခရီးဦး ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးပြီး ရှင်းလင်းဆောင်၌ AIROD မှ တာဝန် ရှိသူများက ကုမ္ပဏီ များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ ကြသည်။ ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ လက်နက်/ ခဲယမ်း ပြခန်းငယ်အား ကြည့်ရှု လေ့လာ ပြီး သိရှိ လိုသည်များကို မေးမြန်းသည်။ ၎င်းနောက် လေယာဉ် စစ်ဆေး မွမ်းမံရေး အလုပ်ရုံများသို့ လှည့်လည် ကြည့်ရှု လေ့လာကြပြီး မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ AIROD ကုမ္ပဏီရုံး၌ နေ့လယ်စာ သုံးဆောင်ကြသည်။ နေ့လယ်စာ သုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား AIROD ကုမ္ပဏီမှ ပေးအပ်သော အထိမ်းအမှတ် တံဆိပ်အား လက်ခံ ရယူပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အထိမ်းအမှတ် တံဆိပ်အား တာဝန်ရှိသူ တစ်ဦးအား ပေးအပ်ပြီး ရဟတ်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာ လာရာ ကွာလာလမ်ပူ Air Base သို့ဒေသ စံတော်ချိန် နေ့လယ် ၁ နာရီတွင် ရောက် ရှိကြောင်း သတင်း ရရှိသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်