From : popular
သို့
ဦးဇောင်းဟရား
ဥက္ကဌ
Kachin Independence Organization
အကြောင်းအရာ။ တွေ့ ဆုံညှိနှိုင်း ဆွေးနွေးရေးအတွက် ကမ်းလှမ်းခြင်း
၁။ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့ (၁၁-၁-၂၀၁၃)တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက
္ခ ပြဿနာများကို နှစ်ဖက် တာဝန်ရှိသူများ မျက်နှာချင်းဆိုင် တွေ့ ဆုံညှိနှိုင်း
ဆွေးေးကြရန် ခက်ခဲမှု ရှိနေစဉ်ကာလ အတွင်း ပွင့်လင်း မြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာ မြင်သာ
ရှိသော ထုတ်ပြန်ခြင်းများဖြင့် ပြည်သူ့ထံမှ ထွက်ပေါ်လာသော ပြည်သူ့ 
ဆန္ဒများကို အလေးအနက်ထားသည့် နှစ်ဖက် ဆွေးနွေးမှုများဖြင့် နားလည်မှုကို တည်ဆောက်ပြီး ယုံကြည်မှုများကို ဖော်ဆောင်ကာ စစ်ရေးအရှိန် တင်းမာနေမှုများကို လျှော့ချ၍ ထာဝရ ငြိမ်းချမ်းရေး လမ်းကြောင်းကို တည်ဆောက်ပေးကြပါရန် လွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာသို့ တိုက်တွန်းခဲ့ပါသည်။
၂။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့်လည်း Kachin Independence Organization နှင့် တွေ့ ဆုံ ညှိနှိုင်းမှုများ ဆောင်ရွက်လိုပါသည်။
၃။ သို့ဖြစ်ပါ၍ သဘောထား ပြန်ကြားပေးပါရန် ညှိနှိုင်း အကြောင်းကြား
အပ်ပါသည်။
အတွင်းရေးမှူး
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ
www.MyanmarExpress.net

1 comments:
Kia လုပ် ရပ် တွေ က မှန် ပါ သ လား
တံ တါး က အ စင်း (100) ကျော်
ရ ထား တွေ မိုင်း ခွဲ တာ က မ ရေ နိုင်
လျှပ် စစ် တါ ဝါ တိုင် တွေ လဲ မိုင်း ခွဲ ပစ် တာ မ နည်း ပါ
တိုင်းပြည် ပြီုကွဲ အောင် လဲ လုပ် တယ်
ငါ တို့ တပ် မ တော် က တိုင်း ပြည် ကို ကာ ကွယ် ပေး ရ တယ် အသက် တွေ အ များ ကြိး စွံ့  ရတယ်
KIA သူ ပုန် တွေ ကို ခ ခ ယ ယ ခေါ် စ ရာ မ လို ပါ
ဆွေး နွေး ချင် ရင် လာ ခဲ့ ပေါ့
်
်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်