သူငယ်ချင်း..
မင်းလဲ လက်နက်ကိုင်၊ငါလဲ လက်နက်ကိုင် ယုံကြည်ချက် ခံယူချက်တွေကိုယ်စီနဲ့ ဒီနယ်မြေမှာ တာဝန်ထမ်း ဆောင်ခဲ့ကြတယ်။
မင်းတိုက်တဲ့ ကော်ဖီတစ်ခွက်ကို သောက်ပြီးချိန်ကစပြီး မင်းတို့ ဗုံးတစ်ခါခွဲ၊ တံတား တစ်ခါချိုး၊ ငါတို့အဖွဲ့တွေ ကို တစ်ခါ ခြုံခိုက်တိုက်ခိုက်တိုင်း ငါ့ရင်ဘတ်တွေ နာကျင်ခဲ့ရတဲ့ ရက်စွဲတွေက များလှပါပြီ။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၀၆၀၀ နာရီမှ စတင်ပြီး လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်ဆိုတဲ့ စကား ငါကြားမိတဲ့ အချိန်မှာတော့ မင်းကို တိုက်ဖို့ ကော်ဖီတစ်ခွက် ငါ မင်းအတွက် ပြင်ဆင်ထားခဲ့တယ်။
ဝမ်းသာလို့မှ မဆုံး ကာမိုင်းရဲစခန်းကို မင်းတို့တွေ အင်အားသုံးပြီး ၀င်စီးကြပြန်သတဲ့။
ဘာကြောင့်များလဲ သူငယ်ချင်း။ မင်းတို့ အကြမ်းဖက်လုပ်ရပ်တွေဟာ မင်းတို့အတွက်ကော၊ မင်းတို့ ပြည်နယ်၊ မင်းတို့လူမျိုးအတွက်ကော ဘာအကျိုးများ ရှိသလဲ သူငယ်ချင်း။
မင်း လက်နက်ကိုင်ပြီး ကာကွယ်ချင်တယ်ဆိုရင် နယ်ခြားစောင့်တပ်ထဲမှာ လက်နက်ကိုင်ပြီး မင်းပြည်နယ်ကို ကာကွယ်လို့ ရပါတယ်။
မင်းအုပ်ချုပ်မှု အာဏာလိုချင်တယ်ဆိုရင် မင်းပြည်သူ ထောက်ခံမှုရအောင် ကြိုးစားပြီး အစိုးရအဖွဲ့က နေရာ တစ်နေရာကို ရအောင်ယူလို့ ရပါတယ် ။
ဒါတွေ တစ်ခုမှ မလုပ်နိုင်ရင်တောင်မှ မင်းပစ်နေတဲ့ သေနတ်ကို ခဏလွယ်ပြီး ငါတိုက်တဲ့ ကော်ဖီ ခပ်ကြမ်း ကြမ်း တစ်ခွက်ကို အတူလာသောက်လှည့်ပါ။
ငါတို့ သေနတ်သံတွေမကြားတဲ့အတွက် ပြုံးပျော်နေတဲ့ ပြည်သူတွေရဲ့ မျက်နှာကို မြင်ပြီး သေနတ်သံကြားတိုင်း မင်းရင်ဘတ်ထဲ နာကျင်တတ်လာပါလိမ့်မယ်။
ကျေးဇူးပြုပြီး သေနတ်ကို ခဏချ ကော်ဖီတစ်ခွက် လာပြန်သောက်လှည့်ပါ သူငယ်ချင်း။
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်