Subscribe to our RSS Feed

ဖုန်း စင်းမ်ကဒ်များကို ဈေးမချပဲ သုံးသိန်းအထက် ဈေးပြန်မြှင့်သင့်

ဖုန်း စင်းမ်ကဒ်များကို ဈေးမချပဲ သုံးသိန်းအထက် ဈေးပြန်မြှင့်သင့်ပါသည်။ တာဝါတိုင် နည်းပြီး ဖုန်းလိုင်းများကြောင့် ဖုန်းကိုင်ဆောင်သူများ အဆင်မပြေမှုများဖြစ်လျှက်ရှိရာ တာဝါတိုင်အလုံအလောက်ထောင်ပြီးမှသာ ဖုန်းဈေးများကို ချပေးသင့်ပါသည်။ ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးများတဝိုက်တွင် ဖုန်းကိုင်ဆောင်သူအရေအတွက် သိသိသာသာတိုးနေပြီး ကျေးရွာများတွင် အိတ်ချိန်းရုံးတောင် မရှိသေးခြင်းကို ဆက်သွယ်ရေးစနစ် တိုးတက်လာသည်ဟု မခေါ်ဆိုနိုင်ပေ။ အရင်ဆုံး မြန်မာတစ်နိုင်ငံလုံး နယ်စပ်အစွန်အဖျားထိ တာဝါတိုင်ထောင်ပြီးမှသာ ဖုန်းဈေးများကို ၅၀၀၀ အထိ ဖောဖောသီသီချပေးသင့်ပါသည်။

From : hot news



တောင်တွင်းချောင်ဒေသ သည် မုံရွာနှင့်ကလေးမြို့အကြားယာကြီးလမ်းမကြီးဘေးတွင် တည် ရှိပြီး လမ်းပမ်းဆက်သွယ်ရေးအ နေဖြင့် ပွင့်လင်းရာသီတွင် ယာ ကြီးလမ်းမကြီးကိုသာအများအား ဖြင့် အသုံးပြုနေကြပြီးမိုးအခါ များတွင် လမ်းအခြေအနေမှာ ဖုန်လမ်းဖြစ်သဖြင့် ရွှံ့ထူထပ်ကာ      သွားလာမရကြောင်း၊ယခုဆိုလျှင်    မြန်မာနိုင်ငံအနေဖြင့် အနယ်နယ်  အရပ်ရပ်နီးပါးမိုဘိုင်းဖုန်းများကို အသုံးပြုနေကြပြီး ဆက်သွယ်ရေး   အနေဖြင့် အဆင်ပြေနေသော်လည်း     တောင်တွင်းဒေသတွင်မတော့ ဖုန်းဆက်သွယ်ရေးအနေဖြင့် အိုင် ပီစတား ဆက်သွယ်ရေးစနစ်ဖြင့် သာ အသုံးပြုနေရခြင်းကြောင့်  ၎င်းအိုင်ပီစတားများမှာလည်း ကျေးရွာ  တိုင်းမှာမရှိသေးကြောင်း၊ဖုန်းပြော    မည်ဆိုလျှင် အိုင်ပီစတားရှိရာ  ရွာ    များသို့ ၂မိုင် ၃မိုင်သွားပြီးပြောရ ကြောင်း၊ခရီးသွားများအဖို့လည်း    တောင်တွင်းဒေသယာကြီးလမ်း ဖြတ်ပြီဆိုတာနှင့်ဟန်းဖုန်းများမှာ    ဟန်ဖုန်းများသာဖြစ်သွားကြောင်း၊    ဂိမ်းကစားဖို့နှင့်သီချင်းနားထောင်   ဖို့သာ အသုံးဝင်တော့ကြောင်း၊သို့ အတွက် အများနည်းတူ အခြား ဒေသများလို ကျွန်တော်တို့ တောင်  တွင်းဒေသမှာလည်း မိုဘိုင်းဖုန်းGSM အသုံးပြုချင်လှပြီဖြစ်ကြောင်း  ဒေသဖွံ့ဖြိုးရေးအတွက်လည်းများ စွာအသုံးပြုရန်လိုအပ်လာပြီဖြစ် ကြောင်း ပိက္ခရားကျေးရွာမှ ဒေ သခံကိုအောင်ထွန်းလွင်ကပြော ကြားသွားခဲ့ပါသည်။ ၎င်းတောင် တွင်းဒေသ မိုဘိုင်းဖုန်းအသုံးပြု  နိုင်ရေးအတွက် နေပြည်တော်လမ်း  မကြီးများလို (၁၀)မိုင်ခန့်တွင် တာဝါ  တိုင်တစ်တိုင် စိုက်ထူပေးနိုင်ပါက   ဖုန်းဆက်သွယ်ရေးအဆင်ပြေနိုင် ကြောင်း၊လမ်းပန်းဆက်သွယ်ရေး    ဖုန်းဆက်သွယ်ရေးအဆင်ပြေပါ မှ ဒေသသည်များစွာ ဖွံ့ဖြိုးတိုး တက်မည်ဖြစ်ကြောင်း၊တောင်တွင်း ဒေသမိုဘိုင်းဖုန်းဆက်သွယ်မှုရရှိ ရေးအနေဖြင့် နိုင်ငံတော်သမ္မတထံ  သို့ ဆိုင်းကမ်ပိမ်းလုပ်ရန်အထိလည်း   ရည်ရွယ်ထားကြောင်း အထက် ချင်းတွင်းဒေသလူငယ်များကွန်ရက်    (ကလေးမြို့)မှ ကိုကြည်ရအောင်  ကလည်း ဆက်လက်ပြောကြား သွားခဲ့ပါကြောင်း သတင်းရရှိပါ သည်။

 www.MyanmarExpress.net
 

13 comments:

myanmarexpress သည်ကြံ့ခိုင်ရေးပါတီ၏လက်ကိုင်တုတ်ဖြစ်ကြောင့်အထောက်ထားများအရတွေ့ရှိရ။

အခုဘာတွေပြောနေတာလဲ
အခုပဲချမယ်ပြောလိုက်၊ အခုပဲတက်မယ်ပြောလိုက်နဲ့
အမျိုးမျိုးပဲ

စိတ်ဆိုးဒေါသဖြစ်လို့ ထမင်းမစားတဲ့လူလိုဖြစ်နေဦးမယ်။
ကိုယ်ဘဲ ငတ်မှာ စဉ်စားပါ။

ဒါဘာဆန်းလဲကွယ်ကျင့်သားမရသေးဘူးထင်ပါ့

သိန်း၄၀နဲ့ရောင်းပါဗျို့

မခန့် ရသေးတဲ့ ဝန်ကြီး

ပြုတ်ပြန်တော့ မှာဘဲ။

ဟုတ်ပါတယ် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မုံရွာ-ကလေးကြားက မြို့နယ်တွေ အများကြီးရှိပါတယ် မြို့ကြီးတွေမှာသာ ဖုန်းလိုင်းတွေသုံးလို့ရနေတာ မင်းကင်းမြို့နယ် ဘက်တွေမှာဆို ဖုန်းလိုင်းမရတာတွေ အများကြီးပါဗျာ အိုင်ပီင်္စတားဖုန်းတွေချပေးတယ်လို့သာပြောပါတယ် ဖုန်းတစ်ခါဆက်ချင်ရင် ၄ မိုင်လောက်ဝေးလံတဲ့ နေရာကို သွားပြီးဆက်ရတယ်..တကယ်ဆို မြို့ ရော ကျေးလက်ဒေသတွေပါမ ကျန် ဖုန်းဆက်လို့ရအောင် လုပ်ပေးသင့်တာပေါ့ဗျာ အခုဟာက မင်းကင်းမြို့နယ်ဆိုတာ တော်တော်ကျယ်ပါတယ် ဒါပေမဲ့ ဆက်သွယ်ေ၇း တာဝါတိုင်ကျတော့ တစ်ခုပဲရှိတယ် ပြောရင်ယုံလားတော့မသိဘူးဗျ..အဲ့ဒီဘက်တွေကျတော့ ဘယ်သတင်းထောက်၊ ဘယ်မီဒီယာသမားမှလဲ မသွားမလာကြဘူးဗျ ဘာဖြစ်လို့လဲ ဆိုတော့ ဆက်သွယ်ရေး၊ သွားလာရေး ကအစ ဘာမှကို မကောင်းတာကိုဗျ ပြောချင်တာတွေတော့အများကြီးပဲဗျာ

သိန်း ၄၀၀ နဲ့ရောင်းပါဗျို့

Hote loh lar ....d lau thatin hman tway tin nay tar hee hee...

သိန်း ၄၀ လောက် ပြန်တင်ရောင်း ငါလဲ ၃၉ သိန်းနဲ့ ပြန်ရောင်းလိုက်မယ်

39 သိန်း နဲ့ လျော့ရောင်းပေးမယ် ... တန်ဖိုးနည်း ဖုန်းနော် ... သိန်း 40 နဲ့ယှဉ်ရင်

ရောင်းမယ်လာခဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်