Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းတို့ တွေ့ဆုံ ဆွေးနွေး

From : သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၂၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် (၉) နာရီ (၄၅) မိနစ်တွင် အိန္ဒိယသမ္မတ နိုင်ငံ နယူးဒေလီမြို့ရှိ Vigyan Bhawan ၌ အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းနှင့် တွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဌေး၊ ဦးအေးမြင့်နှင့် သံရုံးယာယီ တာဝန်ခံ ဦးဘလှအေးတို့ တက်ရောက်ကြပြီး အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံသံအမတ်ကြီးနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံစဉ် အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်ဝါဒကို အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသော မြန်မာနိုင်ငံ ၏ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ယခုကျင်းပသည့် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့်အတွက် ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အဆွေတော် ဝန်ကြီးချုပ် အနေဖြင့် ထိပ်သီးအစည်းအဝေး အတွက် အလုပ်တာဝန် များပြားသည့်ကြားမှ မိမိတို့ ကိုယ်စားလှယ်အဖွဲ့အတွက် အစီအစဉ်များကို လိုလေသေးမရှိအောင် ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ အဆွေတော် ဝန်ကြီးချုပ်၏ ယခုနှစ် မေလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြသည့် နှစ်နိုင်ငံ သဘောတူညီချက် (၁၁) ချက်ကိုလည်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံအကြား နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေး ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ ကားလမ်းဖောက်လုပ်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံဘက်မှ ပေးအပ်သည့် ဖွံ့ဖြိုးရေး အကူအညီ များဖြင့် ဆောင်ရွက်မည့် စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပြည်သူချင်း ကူးလူးဆက်ဆံမှုများမှ တစ်ဆင့် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားရေး စသည့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

  www.MyanmarExpress.net
 

1 comments:

ဗြိ တိန် ဆို တာ ချီး ထုတ် ကြိး အတိတ် က လည်း မ ကောင်း ခဲ့ ဘူး ယ ခု လည်း မ ကောင်း တဲ့ ကောင်

မ ကောင်း တဲ့ အ မွေ ဆိုး ကို မြန် မာ နိုင် ငံ ကို ပေး ခဲ့ သေး တယ်
မ ကောင်း တာ တွေ ထား ခဲ့ တဲ့ အပြင် ငါ တို့ ဖ ခင် ကြိး ရဲ့

မိုး ရိုး တောင် ရ အောင် ယူ ပြိး မိုး ရိုး ပျက် အောင် လုပ် ခဲ့ တယ်


ဗြိ တိန် ကို တော့ ဥဒါန်း မ ကျေ ဘူး ဟေ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်