Subscribe to our RSS Feed

ကချင်ပြည်နယ်အတွက် အကူအညီထပ်မံပေးအပ်မည်ဟု ဗြိတိန်ဖွံ့ဖြိုးရေးအတွင်းဝန် ပြောကြား

From : 7day

မြန်မာနိုင်ငံတွင် ပဋိပက္ခဆက်လက်ဖြစ်ပွားနေသည့် ကချင်ပြည်နယ်အတွက် ဗြိတိန်အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထပ်မံပေးအပ်သွားမည်ဟု ဗြိတိန်နိုင်ငံ၏ ဖွံ့ဖြိုးရေးအတွင်းဝန် မစ္စစ်ဂျက်စတင်ဂရင်းနင်းက ပြောကြားသည်။

"ကချင်ပြည်နယ်မှာ ပြဿနာဖြစ်နေတာ တစ်နှစ်ခွဲရှိသွားပါပြီ။ ဒီအတွက် လူအများအပြား နေအိမ်တွေကနေ ထွက်ပေးနေပါတယ်။ လူအများကြီးပဲ ရေနဲ့ သန့်ရှင်းရေး အခြေခံလိုအပ်ချက်တွေ မပြည့်စုံပါဘူး။ သူတို့ရဲ့ဒုက္ခတွေ လက်ငင်းသက်သာရာရစေဖို့နဲ့ ဆောင်းရာသီဝင်လာချိန်မှာပဲ နောက်ထပ်အသက်ဆုံးရှုံးမှုတွေ မရှိအောင် လုပ်ဆောင်ရပါမယ်"ဟု မစ္စစ်ဂျက်စတင်ကပြောကြားသည်။

ဗြိတိန်နိုင်ငံက အကူအညီများ တိုးမြှင့်ပေးနေကြောင်း၊ သို့သော် ကချင်ပြည်နယ်မှ ပြည်သူများကို ကူညီရန် အခြားအလှူရှင်နိုင်ငံများကိုလည်း တိုက်တွန်းကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအေဂျင်စီများ သွားလာဝင်ရောက်ခွင့် ရရှိရေးအတွက် အဖွဲ့ပေါင်းစုံက ကူညီပေးရန်လည်း ၎င်းကတိုက်တွန်းထားသည်။

ဗြိတိန်၏ ထောက်ပံ့ကူညီမှုအား Trocaire ဟုခေါ်သည့် NGO အဖွဲ့မှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်သည်။ ရှေ့လာမည့် ငါးလအတွင်း ပေးအပ်မည့် အကူအညီများမှနေ၍ လူပေါင်း ၁၅,၉၉၇ ဦးအတွက် အခြေခံအစားအသောက်ရာရှင် ရရှိစေနိုင်မည်ဖြစ်သလို လူပေါင်း ၂၁,၄၇၉ ဦးကိုလည်း တစ်လလျှင် ဗြိတိန်ပေါင် ၄ ဒသမ ၆၈ (၆၅၀၀ ကျပ်ခန့်) ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် လူပေါင်း ၁,၂၈၄ ဦးအတွက် နေစရာ၊ ကလေးပေါင်း ၈၀၀ အတွက် လုံခြုံမှုရှိသောနေရာဒေသ ရောက်ရှိရေးနှင့် လူပေါင်း ၅,၀၀၀ အား လူမှုစိတ်ပညာပံ့ပိုးမှုများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ယခုအစီအစဉ်မှနေ၍ ဒေသခံ ကချင်အဖွဲ့အစည်းများမှ လူ ၁၂၀ ဦးကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ နိုင်ငံတကာအဆင့်မီ ပေးနိုင်သည်အထိ လေ့ကျင့်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Trocaire အဖွဲ့သည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှစ၍ ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID)မှ ရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဒေသခံ ကရုဏာလူမှုရေးအဖွဲ့ (KMSS)နှင့်အတူ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိသည်။

ယခုနောက်ဆုံး ပေးအပ်သော အကူအညီမှာ ဗြိတိန်ပေါင် တစ်သန်းခွဲကျော်ရှိပြီး DFID မှ ကချင်ပြည်နယ်အတွက် စုစုပေါင်းထောက်ပံ့ငွေမှာ ဗြိတိန်ပေါင် ၃ ဒသမ ၅ သန်း ကျော်သွားပြီဖြစ်သည်။


  www.MyanmarExpress.net
 

1 comments:

ရိုးသားတဲ့ကချင်လူမျိုးကသက်သက်၊အကြမ်းဖက်သောင်းကျန်းသူ KIA ကသက်သက်ပါ။ကချင်ပြည်နယ်မှာ KIA အကြမ်းဖက်သောင်းကျန်းသူတွေရှိနေ
တာဆွမ်းဆန်စိမ်းထဲကြွက်ချေးရောနေသလိုပါပဲ။တိုင်းပြည်ရဲ့အဖျက်
ရန်စွယ်ပြတ်ပြတ်သားသားချေမှုန်းပြစ်ပါ။ပြည်ထောင်စုရဲ့ရန်သူဖြစ်တဲ့KIA/KI/KICကိုအမြန်ဆုံးအရေးယူတိုက်ခိုက် ချေမှုန်းသင့်နေပြီ။သူပုန်ကိုသူပုန်လို့မြင်ထားတာအကောင်းဆုံးပါပဲ။အချိန်သိပ်မဆွဲနဲ့တော့....သူပုန်ကိုဒီနေ့လှစ်လှူရှူလျှင် နောက်နေ့ဒုက္ခပေးပြီ
သာမှတ်ပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်