From : messenger
တက္ကဆပ်ပြည်နယ်အားအမေရိကန်ပြည်ထောင်စုမှ
ခွဲထွက်ခွင့် ပြု ရန် တောင်းဆိုမှုသည် အမေရိကန် ပြည်ထောင်စုအားတည်ထောင်ခဲ့
သည့် ပုဂ္ဂိုလ်များ၏ မူရင်းဆန္ဒနှင့် ကိုက်ညီခြင်းမရှိသဖြင့် ၄င်းတောင်း
ဆိုမှုအားလိုက်လျောမည် မဟုတ် ကြောင်းအမေရိကန်သမ္မတအိမ်တော် အိမ်ဖြူက
ပြန်လည်ဖြေရှင်းခဲ့သည် ဟုသိရသည်။
သမ္မတအိုဘားမားဒုတိယသက်တမ်း ပြန်လည် ရွေးကောက် ခံရပြီးနောက် မကြာမီတွင် လူ ၁၂၅ဝဝဝ သည် တက္ကဆပ်ပြည်နယ် အားအမေရိကန်ပြည်ထောင်စုမှ ခွဲ ထွက်ခွင့်ပြုရန် လက်မှတ်ထိုးထားသည် တောင်းဆိုမှုတစ်ခုကိုတင်ပြ ခဲ့သည်။ လူ ၂၅ဝဝဝ ကျော် က လက်မှတ်ထိုးတောင်းဆိုပါကအိမ် ဖြူသည် ၄င်းတောင်းဆိုချက်ကို ရက်သုံးဆယ်အတွင်းဖြေရှင်းပေးရြေ ကာင်းသိရသည်။
အမေရိကန်ပြည်ထောင်စုသည် တည်တန့်ခိုင်မြဲသော ပြည်ထောင်စုတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ် ပြီးယုံကြည်မှုများ၊ အမြင်များမတူညီမှုများကိုလည်းဆွေးနွေးငြင်းခုန် ခွင့်ပြုထားကြောင်းဒီမိုကရေစီဆိုသည်မှာဆူညံကာအငြင်းပွားစရာကောင်းမှသာစည်ပင်ဖွံ့ဖြိုးမည် ဖြစ် သောကြောင့် မည်သည့် ငြင်းခုန်မျိုးမဆိုပြုလုပ်နိုင် ကြောင်းသို့သော် ၄င်း ငြင်းခုန်မှုများသည် နိုင်ငံပြိုကွဲအောင် လုပ်လာပါကသည်းခံနေမည်မဟုတ် ကြောင်းအိမ်ဖြူ၏အများပြည်သူဆိုင် ရာစေ့စပ်ဆွေးနွေးရေးညွှန်မှူး ဂျွန် ကာဆင်ကအမေရိကန်သမ္မတဟောင်းအေဘရာဟ မ်လင်ကင်း၏ သမ္မတရာထူးယူမိန့်ခွန်းနှင့် အမေရိကန်ပြည် တွင်းစစ်ပြီးနောက် တရားရုံးချုပ်၏ ဆုံးဖြတ်ချက်တို့ကိုကိုးကားပြော ဆိုခဲ့သည်။
ယခုတောင်းဆိုမှုကိုတက္ကဆပ် ပြည်နယ်အမျိုးသားအစောင့်တပ် သားလည်းဖြစ်သလိုအာလင်တန်ရှိတက္ကဆ ပ်တက္ကသိုလ်မှ
အင်ဂျင်နီယာဘာသာရပ် ကျောင်းသားလည်းဖြစ် သည့် မီကာဟာ့ဒ်ကကမကထပြု
တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ၄င်း တောင်းဆိုချက်တွင်
ပြည်ထောင်စုအစိုးရ၏ပြုပြင်ပြောင်းလဲမှုများလုပ်
ဆောင်ရန် နှောင့်နှေးမှုကြောင့် စီးပွားရေးအကျပ်အတည်းများ
ဖြစ်လာရကြောင်းတက္ကဆပ်ပြည်နယ် စီးပွားရေးအနေအထားနှင့်
မျှတသောဘဏ္ဍာရေးအခြေအနေများကြောင့်  ပြည်ထောင် စုခွဲထွက်လျှင်လည်းအကျိုးမယုတ် နိုင်ကြောင်းထို့ပြင် ပြည်ထောင်စုအစိုးရသည် အမေရိကန်ပြည်ထောင်စုကိုတည်ထောင် ခဲ့သည့်ပုဂ္ဂိုလ်များ၏ ခံယူချက်များနှင့် အမြင်များကွဲပြားနေပြီဖြစ်ကြောင်းဖော်ပြထားသည်။
. www.MyanmarExpress.net
တက္ကဆပ်ပြည်နယ်အားအမေရိကန်ပြည်ထေ
သမ္မတအိုဘားမားဒုတိယသက်တမ်း ပြန်လည် ရွေးကောက် ခံရပြီးနောက် မကြာမီတွင် လူ ၁၂၅ဝဝဝ သည် တက္ကဆပ်ပြည်နယ် အားအမေရိကန်ပြည်ထောင်စုမှ ခွဲ ထွက်ခွင့်ပြုရန် လက်မှတ်ထိုးထားသည် တောင်းဆိုမှုတစ်ခုကိုတင်ပြ ခဲ့သည်။ လူ ၂၅ဝဝဝ ကျော် က လက်မှတ်ထိုးတောင်းဆိုပါကအိမ် ဖြူသည် ၄င်းတောင်းဆိုချက်ကို ရက်သုံးဆယ်အတွင်းဖြေရှင်းပေးရြေ
အမေရိကန်ပြည်ထောင်စုသည် တည်တန့်ခိုင်မြဲသော ပြည်ထောင်စုတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ် ပြီးယုံကြည်မှုများ၊ အမြင်များမတူညီမှုများကိုလည်းဆွေ
ယခုတောင်းဆိုမှုကိုတက္ကဆပ် ပြည်နယ်အမျိုးသားအစောင့်တပ် သားလည်းဖြစ်သလိုအာလင်တန်ရှိတက္ကဆ
. www.MyanmarExpress.net
2 comments:
Nobody were asking for sperate from union.But should leave state business for their own state.Not only taking all profit for GOV and do nothing for state.
You are right guy.The blogger seems to saythat even the democratic country like the United States can't tolerate seperation.But he doesn't know that there are vest differences of the conditions between the United States & here. So buddy,never waste your time for entering this narrow-sighted damn blog.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်