From : the voice
အမေရိကန်သံအမတ်ကြီး မွန် နှင့် ကရင် ပြည်နယ်များသို့ ရောက်ရှိစဉ်က ကရင်ပြည်နယ်မှ ကြိုဆိုခဲ့သော်လည်း မွန်ပြည်နယ်မှ မကြိုဆိုခဲ့သည့် ဖြစ်စဉ် ဖြစ်ပြီး ရက်ပိုင်းအကြာတွင် သံဖြူဇရပ် ဈေးတစ်ခုလုံး မီးလောင် ပြာကျ ခဲ့ကြောင်း သတင်းရရှိသည်။
သံဖြူဇရပ် မြို့မဈေးရှိ ဆိုင်ခန်းပေါင်း ၅၆၉ ခန်း မီးလောင်ကျွမ်းမှုကြောင့် ကျပ် သန်းပေါင်း သောင်းချီ ဆုံးရူံး ခဲ့ကြောင်း ဈေးသူဈေး သားများက ပြောဆိုသည်။
ဇန်နဝါရီ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲခန့် တွင် စတင်လောင်ကျွမ်းခဲ့သော ထိုမီးသည် နောက်နေ့မနက် ၅နာ ရီ ခန့်တွင်မှ ငြိမ်းသွားခဲ့သည်။
ဝါယာကြိုး ပေါက်ခြင်းမှ စတင်မီးလောင် ကျွမ်းသည် ဟု သံဖြူဇရပ် မီးသတ်ဌာနမှ ဆိုသော်လည်း ထိုအချိန် လျှပ်စစ်မီး မလာကြောင်း ပြောဆိုသော မြို့ခံများလည်း ရှိသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်