Subscribe to our RSS Feed

အမေရိကန်သံရုံးမှ သတင်းကြေညာချက်အပေါ် ဦးရဲထွဋ်၏ အမြင်

From : Ye Htut

ဒီနေ့ အမေရိကန်သံရုံးက ကချင်ပြည်နယ်မှာ တိုက်ပွဲများ ဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက လိုအပ်သလို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။

ကျွန်တော့ရဲ့ တစ်ဦးတည်းအမြင်ကိုပြောရရင်တော့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ပတ်သက်ပြီးအမေရိကန်နိုင်ငံရဲ့ စိုးရိမ်မှုကို နားလည်ပါတယ်။ ဒါပေမယ့် သံရုံးရဲ့ ကြေညာချက်မှာ လိုင်ဇာဒေသတစ်ခုတည်းကိုသာရည်ညွှန်းပြီး ကျန်ကချင် ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကေအိုင်အေအဖွဲ့က တပ်မတော်စခန်းများနဲ့ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှု နဲ့ လဂျားယန်ဒေသက တပ်မတော် စခန်းများကို ကေအိုင်အေတပ်ဖွဲ့များက လာရောက်တိုက်ခိုက်မှုများကို ရည်ညွှန်းပြောဆိုရန် ပျက်ကွက်မှုများအပေါ် အံ့သြမိပါတယ်။ 

www.MyanmarExpress.net

6 comments:

အမေရိကန်အမတ်လဲဒီပုတ်ထဲကပဲ။ နေရာတကာပါတာ
ဗျာ

USA လည်း -ီး ဘဲကွာ !

မျှမျှတတကြည့်ပါ ။
မျှမျှတတ မြင်ပါ ။ဒါမှမဟုတ်လျှင် ဘန်ဂါဇီထက်ဆိုး
သွားမယ်။

မေရိကန်တွေကလည်း NLDတွေကြ နေတာပဲ ဆန့်ကျင် ဘက်ပဲမြင်
ဆန့်ကျင် ဘက်ပဲ ပြော နေကြတာ သူတို့ကြောင့် မြန်မာပြည်
ကျက်သ ရေ တုံးတယ်

အမေရိကန်သံရုံးကို ကေအိုင်ကေဖျက်ထားတဲ့ တံတားတွေစာရင်း၊ဓါတ်ပုံမှတ်တမ်းများ၊ အသတ်ခံရသောလူများစာရင်း၊ပုံစတာတွေနဲ့ တကွ တိတိကျကျပေးပို့ဆောင်ရွက်စေလိုပါတယ်။ press release လောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်လောက်ယုံနဲ့ ဖြုံမည်မထင်ပါ။

KIA .ကလဲလူသားဘဲ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ။ သေမှာကြောက်လို့ အရပ်ဝတ်ပြေးဝတ်တယ်။ လက်နက်ကြီးမှန်ပြီးသေသွားတာဖြစ်ဒါကို အရပ်သားလို့ ပြောရမှာလား USA

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်