From : http://mmdailystar.blogspot.com/
www.MyanmarExpress.net
၂၀၁၃ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကေအိုင်အေ
အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ လဂျာ ဦးစီး အင်အား
(၃၀)ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ဝိုင်းမော်မြို့နယ်၊
မန်ဒေါင်ကျေးရွာ အုပ်စု၊ ချောင်းဆုံသို့ ၁၄၀၀ ချိန်ခန့်တွင် ရောက်ရှိပြီး
၎င်းနေရာဝန်းကျင်တွင် ရွှေတူးဖော် လုပ်ကိုင်နေသည့် ကျင်းလုပ်သား (၂၀)ဦးခန့်အား
ဖမ်းဆီး၍ မေခမြစ်အား ဝါးဖောင်ဖြင့် ဖြတ်ကူးကာ တပ်မဟာ(၁) နယ်မြေ ဂျူဗလီသို့
ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
အဆိုပါ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် အပြစ်မဲ့ ပြည်သူများအပေါ် အတင်း အဓမ္မ လူသစ်စုဆောင်းမှုများ၊ မိုးခွဲတိုက်ခိုက် မှုများရှိနေ၍ ဒေသခံပြည်သူလူထုမှာ စိုးရိမ်နေ ရကြောင်း သိရှိရပါသည်။
အဆိုပါ ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် အပြစ်မဲ့ ပြည်သူများအပေါ် အတင်း အဓမ္မ လူသစ်စုဆောင်းမှုများ၊ မိုးခွဲတိုက်ခိုက် မှုများရှိနေ၍ ဒေသခံပြည်သူလူထုမှာ စိုးရိမ်နေ ရကြောင်း သိရှိရပါသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်