Subscribe to our RSS Feed

ကေအိုင်အေတို့ တပ်မဟာ(၂)နယ်မြေ တနိုင်းဒေသ(သို့မဟုတ်)ပြေးပေါက်

From : http://www.oppositeyes.info/2013/01/blog-post_6255.html




တပ်မဟာ(၂)ဒေသရဲ့အဓိကအသက်သွေးကြောကတော့ တနိုင်းဒေသနဲ့ဖားကန့်ဒေသ တွေပဲဖြစ်တယ်။ ရင်း (၆)ကတော့ ဖားကန့်ဒေသကိုလက်ဝါးကြီးးအုပ်ပြီး စီးပွားရေးအတွက်သဲကြီးမဲကြီးတိုက်နေပေမဲ့ တပ်မတော် ရဲ့ ထိုးစစ်ကြောင့် အကွဲကွဲအပြဲပြဲနဲ့ဆုတ်ပြေးနေရပြီ။

 ကေအိုင်အေ တပ်မဟာ(၂)မှာ ကျန်တဲ့ရင်း (၁၄)ကတော့ တိုက်ခိုက်ရေးထက် ကေအိုင်အေတွေအတွက် ဆက်ကြေး အဓိကကောက်ခံပေးနေရတဲ့ တပ်ဘဲဖြစ်တယ်။ အဲဒီတပ်ဟာ၏တနိုင်းမြို့နယ် ကောင်ရာကျေး ရွာ အနီး အင်ဂါးဂါဒေသမှာရှိကြောင်းသိရပြီး၊ အဲဒီကကေအိုင်အေတွေဟာ တနိုင်းဒေသမှာရှိတဲ့ တုံပ ဏီမှော်၊  ပယင်းမှော်၊ နန်ကွမ်းရွှေမှော်တွေမှာ လူအင်အားဖြန့်ခွဲပြီး ရွှေတူးသူတွေကနေ ဆက်ကြေး ကောက် ခံနေကြ တာပေါ့။ အဲဒီကရတဲ့ ငွေတွေနဲ့ လိုင်ဇာမှာ ဆက်ပြီးတိုက်ခိုက်နိုင်ရေးအတွက် ထောက် ပံ့နေ ရတာပေါ့။ ကေအိုင်အေတို့အနေနဲ့ လိုင်ဇာဒေသမှာ အခြေအနေမကောင်းရင် သူတို့ရဲ့ လွှတ်မြောက် နယ်မြေအဖြစ် တနိုင်းဒေသကို ဆုတ်ခွာဖို့ လုပ်ထားကြတယ်။ ဒါ့ကြောင့် အိနယနယ်စပ် ရော်ကာအိုင်ဒေ သမှာ အိန္ဒယနဲ့ ဆက်ဆံမှုရအောင် ဆက်ဆံရေးရုံးဖွင့်ပြီး ကြိုးစားနေတယ်လို့လဲသိရတယ်။ 

တပ်မဟာ(၂)ဟာ တနိုင်းမြို့နယ် အောင်လွတ်ကျေးရွာမှာရှိပြီး ရွှေတူးသူအများအပြား ကိုခေါ်ကာ ရွှေတူးစေ ခြင်း၊ အခွန်အကောက်ကောက်ခြင်းများဆောင်ရွက်ပြီး ငွေရအောင်ကြံဆောင် နေကြတာပါ။ ဒါဆိုရင် ကေအိုင်အေတွေ ရဲ့ပြေးပေါက်က တနိုင်းဒေသဆိုတာ ပေါ်လွင်နေတာပေါ့။ စစ်တို့ရဲ့သဘောအရ သူတို့ ရဲ့ထောက်ပံ့မှုအရင်းအမြစ်ကို ဖြတ်တောက်လိုက်ရင် ကေအိုင်အေရဲ့ကျဆုံးမှုဆိုတာ သိပ်မကြာတော့ဘူးလို့ ထင်မြင်မိ ပါတယ်။ ဒါ့ကြောင့် တနိုင်းဒေသကိုသာ တပ်မတော်ကထိန်းချုပ်လိုက်ရင် ကေအိုင်အေဆို တဲ့ကောင်တွေ ပြေးပေါက်တောင်ရှိတော့မှာမဟုတ်ကြောင်း သတင်းကောင်းပေးပို့လိုက်ရပါသည်။ 

3 comments:

ဝါး ဟား ဟား

ကေ အို အေေ ရှ့ တိုး မ ရ နောက် ဆုတ် မ ရ ကန့် လန့် ခံနေ ပြီ

တ နိုင်း ဒေ သ ဗုးံ ကျဲ ကွာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်