Subscribe to our RSS Feed

ကချင်ပြည်သူတွေလည်း တန်းတူအခွင့်အရေးရချင်ပါသည်

From : ကချင်ပြည်သူများ


ပြည်ထောင်စုမြန်မာနိုင်ငံဟာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစပြုတဲ့ တိုင်းရင်းသား တွေ စုပေါင်းနေထိုင်ရာ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ဒေသ ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည် နယ် တစ်ခုနဲ့တစ်ခု တူညီမှုမရှိနိုင်ဘူးဖြစ်နေတာကို တွေ့ရတယ်။ အရင် က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ရှိတာ အားလုံး သိကြမှာပါ။ ဒီအထဲက ၁၀ ဖွဲ့ဟာ နိုင်ငံတော် အစိုးရရဲ့ ပွင့်လင်းမြင်သာသော ငြိမ်း ချမ်းရေး ကမ်းလှမ်းမှုကို လက်ခံ ယုံကြည်လို့ သဘောတူညီမှုတွေ ရခဲ့ကြတယ်။ ကျွန်တော်တို့ KIO ၊ KIA အဖွဲ့ ကတော့ ယခု အချိန်အထိ လမ်းစမမြင်ရသေးဘူး။ ဒီတော့ အခြားပြည်နယ်တွေနဲ့ ဘယ်မှာ တန်းတူ ညီမျှ ရှိနိုင်တော့မှာလဲ။

ဒီလိုသဘောတူညီမှုမရနိုင်တာ ကျွန်တော်တို့ KIO ၊ KIA ခေါင်းဆောင်တွေကပဲ အခြား ကရင်၊ ကယား တိုင်းရင်းသား ခေါင်းဆောင်တွေလို ကိုယ့်ပြည်နယ်နဲ့ ကိုယ့်တိုင်းရင်းသားတွေရဲ့ ဘ၀နဲ့ ဆန္ဒကို ထပ်တူ ကျ အောင် မဖြည့်ဆည်းပေးနိုင်တော့ တာလား။ နိုင်ငံတော် အစိုးရရဲ့ ကမ်းလှမ်းချက်ကပဲ လက်ခံ နိုင်စရာ မရှိ တာ လား ဆိုတာတော့ သူုတို့ပဲ သိမှာပါ။ ကျွန်တော်တို့ သိတာကတော့ အခြားပြည်နယ်တွေ ငြိမ်းချမ်းနေ တဲ့ အချိန် မှာ ကျွန်တော်တို့ ကချင်ပြည်နယ်က မငြိမ်း ချမ်းဘဲ တိုက်ပွဲတွေ၊ ယမ်းခိုးတွေ၊ ပူဆွေးဝမ်းနည်း ဒုက္ခရောက် မှု တွေနဲ့ နေ့စဉ်နဲ့ အမျှကြုံတွေ့နေရတာပေါ့။ 

ကချင်ပြည်နယ်ကြီး မငြိမ်းချမ်းတော့ဘာဖြစ်လဲ။ KIO ၊ KIA ခေါင်းဆောင်တွေအတွက်တော့ ဘာမှ မဖြစ် ဘူး။ မငြိမ်း ချမ်းမှ သူတို့က ပိုအာဏာရှိမှာ။ သူတို့နဲ့ သူတို့ရဲ့မိသားစုတွေဟာလည်း တိုက်ပွဲ နယ်မြေက လွတ် ကင်း တဲ့နေရာမှာ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းနေပြီး လက်အောက် ကို ကောင်းကောင်း ခိုင်းနေကြတာ၊ အေး ချမ်း သွားတဲ့ ကယားပြည်နယ်၊ ချင်းပြည်နယ်တွေမှာ ဝေးလံ သီခေါင် တဲ့ ဒေသတွေ အထိ တပ်မတော်ဆေး ကုသရေး အဖွဲ့များဟာ နည်လှည့်ကွင်းဆင်းပြီး ဆေးရုံေ ဆး ခန်း မရောက် ရှိ နိုင်တဲ့ တိုင်းရင်း သား မိဘပြည် သူတွေကို ကျန်းမာရေးစောင့်ရှောက် မှုတွေပေးကြ တယ်။ တိုင်းရင်း သားပြည်သူ တွေဟာ ရောဂါဝေဒနာတွေ လည်း သက်သာပျောက် ကင်းကြတယ်။ တစ် ချိန် တည်း မှာ လည်း တစ်ဦးနဲ့တစ်ဦး သံသယတွေ ဖယ်ရှားနိုင်ပြီး ပိုပြီးစည်းလုံး ညီညွတ်မှု ရလာတယ်။ ဒီလို တိုင်းရင်းသားတွေဆေး ကုသလို့ရအောင် ပြည်နယ် အစိုးရနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေ ကလည်း လိုလို လား လား ပူးပေါင်းဆောင် ရွက်ပေးကြတယ်။ ဘယ်လောက် စိတ်ချမ်း သာဖို့ကောင်း လိုက်သလဲ။ 

ဒီအချိန်မှာ ကျွန်တော် တို့ ကချင်ပြည်နယ်မှာ ဘယ်လိုဖြစ်နေ သလဲ။ နေ့စဉ်နဲ့ အမျှ တိုက် ပွဲတွေကြောင့် သေကြေ ပျက်စီး ဒဏ်ရာ ရနေကြတယ်။ မိသား စုတွေ တကွဲ တပြားနဲ့ ရပ်ရွာ စွန့်ပြီးပြေး လွှားနေကြရ တယ်။ စိုက် ပျိုးရေး၊ စားသောက်ရေးတွေ မလုပ်နိုင်ဘဲ “ ကျီးလန့်စာစား” ထိတ်လန့်နေကြ ရတယ်။ အစား အေ သာက်၊ အနေ အထိုင်တွေ ချို့တဲ့လို့ ကချင် တိုင်းရင်းသား အများစုဟာ မကျန်းမမာ ဖျားနာမှုတွေဖြစ် လာရ တယ်။ ဒီလို ဖျားနာလို့လည်း ဆေးဝါး ကုသပေးမယ့် သူလည်းမရှိဘူး။ တိုက်ပွဲတွေဖြစ်နေလို့ ဆေး ကုနိုင် တဲ့နေရာ ကိုလည်း သွားလို့ မရနိုင်ဘူး။ သွားမယ် ဆိုပြန်တော့လည်း လမ်းတံ တားတွေကို ကျွန်ေ တာ် တို့ KIO ၊ KIA ကဖောက်ခွဲ ဖျက်ဆီး ထားလို့ မြန်မြန်ရောက် ရမယ့်ခရီးကို တော်တော်နဲ့ မရောက်နိုင်ေ တာ့ ဘူး။ မြန် မာပြည်ထဲ မှာနေတဲ့ တိုင်းရင်း သားချင်း အတူတူ ကျွန်တော်တို့ ကချင်တိုင်းရင်း သားတွေ ဟာ အခြား တိုင်းရင်း သားတွေလို တန်းတူ အခွင့်အရေးမခံစားရဘူးဖြစ်နေတာ။ KIO ၊ KIAခေါင်းဆောင် ပိုင်း ကတော့ အား လုံးပြည့် စုံနေလို့ ကချင် ပြည် သူတွေရဲ့ ဒုက္ခကို သိနိုင်မှာမဟုတ်ပါဘူး။ သိပြန်ရင် လည်း သူတို့ ကိစ္စ မဟုတ်လို့ စိတ်ဝင်စား ပုံမရပါဘူး။

ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ ကချင်ပြည်သူ စစ်စစ်တွေရဲ့ ဆန္ဒကို KIO ၊ KIAခေါင်းဆောင်များ ဟာလည်း  နား လည်ပေး သင့်ပါပြီ နိုင်ငံတော် အစိုးရကလည်း အောင်မြင်အောင်ဆောင် ရွက်စေချင်ပါပြီ။ ကျွန်တော် တို့ ကချင်ပြည် သူတွေဟာလည်း အခြား တိုင်းရင်းသားများလိုပဲ တန်းတူ အခွင့်အရေး ရချင်ပါပြီ။ အခြား တိုင်း ရင်းသားတွေလိုပဲ ကိုယ့်ရပ် ရွာပြည်နယ်မှာ ငြိမ်းချမ်းရေးအသီးအပွင့်တွေကို ခံစားချင်ပါပြီ။ မိသား စုတွေ စုစု စည်းစည်း၊ အေးအေး ချမ်း ချမ်းနေလိုပါပြီ။ ငြိမ်းငြိမ်း ချမ်းချမ်း၊ လွတ်လွတ် လပ်လပ် လုပ်ကိုင် စားသောက် သွားလာနေထိုင် လိုပါပြီ။ ကိုယ့်အိုးကိုယ့်အိမ်နဲ့ လုံလုံခြုံခြုံနေ ထိုင်ပြီး လူမှုရေး၊ ပညာရေး၊ ကျန်း မာရေး၊ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လိုပါပြီ။

ငြိမ်းချမ်းတဲ့နယ်မြေဒေသတွေမှာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ရွက်ပြီး ရှေ့ကိုလှမ်းနေ တဲ့ အချိန် မှာ ကျွန်တော်တို့ကချင်ပြည်နယ်မှာတော့ မငြိမ်းချမ်း၊ မဖွံ့ဖြိုးတဲ့အပြင် ယခင်ရှိပြီး လမ်းတံတား၊ အေ ဆာက် အဦ အရင်းအမြစ်တွေကို KIO ၊ KIA ကစစ်ရေးအမြင်အရ ဖောက်ခွဲဖျက်ဆီးခဲ့ကြလို့ ပိုပြီး ဆုတ် ယုတ်ေ နကြ ရပါတယ်။ “အခြားပြည်နယ်တွေမှာ ငြိမ်းချမ်းရေးရရှိလို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်ေ ပးေ နပြီး ကချင်ပြည်နယ်ကိုတော့ မငြိမ်းချမ်းသေးလို့ဆိုပြီး ပစ်မထားစေချင်ပါဘူး” လို့၊ ကချင် ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကလည်း လွှတ်တော်မှာ သူတတ်နိုင်သလောက် တင်ပြသွားခဲ့ ပါ တယ်။ ကျွန်တော်တို့ ကချင်ပြည်သူ များကလည်း  ဒီအဆို ကို ထပ်လောင်း အားဖြည့်ပေးပါရစေ။ နိုင်ငံေ တာ် အစိုးရ ကလည်း ကျွန်တော်တို့ ကချင်ပြည် နယ်ရဲ့ ဒုက္ခတွေကို ငြိမ်း ချမ်းအောင်ဆောင် ရွက်ပေးပါ။ KIO ၊ KIA  ခေါင်းဆောင်တွေကလည်း ကချင်ပြည်သူတွေရဲ့ ဒုက္ခကို မျက်ကွယ်ပြု မနေကြပါ နဲ့တော့ လို့ တောင်း ဆိုလိုက်ရ ပါတယ်။


 
 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်