Subscribe to our RSS Feed

ငြိမ်းချမ်းရေးကိစ္စများကြောင့် KIO ဥက္ကဌ ဦးဇောင်းဟရားနှင့် KIA စစ်ဦးစီးချုပ် ဂမ်ရှောင်တို့ သဘောထားကွဲလွဲ

From : http://amayeainn.blogspot.com/2012/12/kio-kia.html


ကချင်ပြည်နယ်အတွင်းဖြစ် ပွားနေသောတိုက်ပွဲများကြောင့် ကချင်ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ စားနပ် ရိက္ခာပြတ်လပ်ခြင်းများ ကြုံတွေ့နေရပါသည်။ ထိုကဲ့သို့ အစိုးရနှင့် တိုက်ပွဲများဖြစ်ပွားနေချိန်တွင် အစိုးရ ဘက်မှ ငြိမ်းချမ်းရေးကမ်းလှမ်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း KIA ဘက်မှ လက်ခံခြင်းမရှိခဲ့ပါ။ ကချင်လူမျိုးများကောင်းစားရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသောအဖွဲ့ ဖြစ်သော်လည်း လက်တွေ့တွင် ကချင်ပြည်သူများအား ဒုက္ခနွံထဲမှ ရုန်းမထွက်နိုင်အောင် ဆောင်ရွက်နေသော အဖွဲ့အဖြစ် ကချင်ပြည် သူများက သတ်မှတ်လာကြပါသည်။
           ကချင်ပြည်နယ်အတွင်း အစိုးရနှင့် ငြိမ်းချမ်းရေး သဘောထားနှင့် ပတ်သတ်ပြီး အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများရှိနေကြာင်းလည်း သိရပါသည်။ KIO အဖွဲ့ဝင်လူကြီးများအနေဖြင့် လက်နက် စွဲကိုင် တော်လှန်ခြင်းလမ်းစဉ်အား စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဆောင်ရွက်လိုသော်လည်း လက်နက်ကိုင် KIA အဖွဲ့အနေဖြင့် စစ်ပွဲကာလအတွင်း သြဇာအာဏာကြီးမားခြင်း၊ ငွေကြေးအလွယ်တကူ ရရှိခြင်း တို့ကြောင့် တိုက်ပွဲကာလအား ကြာရှည်အောင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါသည်။
          စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်မှ ငြိမ်းချမ်းရေးအားလိုလားသော KIO လူကြီးများအားစဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ရန်အတွက် လုံခြုံရေးကို အကြောင်းပြကာ KIA မှ စစ်သည် များနှင့် KIO လူကြီးများ၏အိမ်တွင် လုံခြုံရေးဆောင်ရွက်ထားကြောင်း သိရပါသည်။ အဆိုပါစစ်သည်များ သည် လိုင်ဇာဌာနချုပ်၏ အုပ်ချုပ်မှု အောက်တွင်ရှိပြီး KIO လူကြီ်းများ၏ အုပ်ချုပ်မှု လုံးဝမရှိကြောင်းလည်း သိရပါသည်။ KIO လူကြီးများ လိုင်ဇာမြို့တွင်း သွားလာချင်ပါက စစ်ရုံးချုပ်သို့ ခွင့်ပြုချက်တောင်း ခံရကြောင်းလည်း သိရပါသည်။  KIO ဥက္ကဌ ဦးဇောင်းဟားရားအပါအ၀င်လူကြီးများအား ဗိုလ်ချုပ် ဂမ်ရှောင်မှ အကျယ်ချုပ်ကဲ့သို့ ထိန်းသိမ်းထားကြောင်း သတင်းရရှိပါသည်။
www.MyanmarExpress.net
 

2 comments:

Welcome anyone who can assasinate the KIA
terrorist leader will be rewarded worthly.

kiaဆိုတာဓားပြ ပါပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်