Subscribe to our RSS Feed

NLD ပါတီတွင် ဒေါ်စုကြည်ရှိနေလျှင် ပါတီမတိုးတက်တော့ဟု ဦးတင်ဦးပြောကြား


From : သာနောင်

NLD ပါတီသည် ဒေါ်အောင်ဆန်းစုကြည်ရှိနေလျင် ပါတီတိုးတက်မူမရှိနိုင်တော့ဘူးဟု ပြောဆိုဝေဖန်မှုများ ရှိနေသည်။
“ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်တဲ့အတွက် သူ့နေရာမှာ လာပြီး ဝင်ပြီး လုပ်ကိုင်နိုင်သူနဲ့ပတ်သက်ပြီး အခြေအနေ ဖန်တီးဖို့ သူ့ခေါင်းထဲမှာရှိတယ်၊ သူ စဉ်းစားထားတယ်၊ ကျနော်တို့လည်း စဉ်းစားထားတယ်၊ တဦးကောင်း လုပ်တဲ့ နိုင်ငံရေးဟာ မမြဲပါဘူး” ဟု ဦးတင်ဦး က ပြောသည်။
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ တွင် မိခင်ဒေါ်ခင်ကြည်နေမကောင်းသဖြင့် မြန်မာနိုင်ငံ ပြန်လာရာမှ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးအတွက် ဝင်ရောက်ကာခေါင်းဆောင်တဦး ဖြစ်လာခဲ့သည်။
ထို့ကြောင့် ပါတီအနာဂတ်အတွက် လူငယ်များကို ဦးစားပေးသွားမည် ဖြစ်ကြောင်း၊ ထို့အတူ ပါတီ ဗဟိုအဖွဲ့ချုပ်တွင် လည်း ယခုလမှ စတင်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်များကိုလည်း နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေး သင်တန်းများ ပေးနေပြီဖြစ်ကြောင်း သိရသည်။
လူငယ်များဖြင့် အားဖြည့်ထားသော NLD ပါတီအနေဖြင့် နောက်ပိုင်းတွင် တက်ကြွမြန်ဆန်သည့် ပါတီတရပ်အဖြစ် မြင်တွေ့ လာရမည်ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများအကြား ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်သည်ဟု ဦးတင်ဦးကပြောသည်။
“ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ယှဉ်ပြိုင်ရမယ့်ကိစ္စသည် အရင်ကလို မလွယ်ဘူး၊ အဲဒါကြောင့် လုပ်ရမယ်၊ အဲဒါနဲ့ပတ်သက်လို့ လုပ်တဲ့နေရာမှာ ပိုမိုပြီးတော့ ပြည်သူလူထု ယုံကြည်မှုရဖို့အတွက် ညီညွှတ်နိုင်တဲ့ အားဖြစ်အောင် ကြိုးစားမယ်” ဟု သူကပြောသည်။
NLD ဖြစ်တည်လာရခြင်းသည် ၁၉၈၈ အရေးတော်ပုံ၏ ကိုယ်ကျိုးစွန့်မှုများမှ ဖြစ်တည်လာရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ ၈၈ မျိုးဆက်များအနေနှင့် ပါတီသို့ လာရောက်ပူးပေါင်းလိုပါက ကြိုဆိုကြောင်း NLD ၏ သဘောထားကို ပြောဆိုသည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပ ၈၈ မျိုးဆက်များနှင့် အခြားအတိုက်အခံ အင်အားစုများ အနေဖြင့် ဒီမိုကရေစီအရေး ကြိုးပမ်းမှုကြောင့် ကြုံတွေ့ခဲ့ရသည့် အခက်ခဲအမျိုးမျိုးကိုလည်း စာနာကြောင်းနှင့် ထိုအဖွဲ့များအနေဖြင့် ယခုချိန်ထိ NLD ပါတီသို့ ဝင်ရောက်ရန် ပြောဆိုခြင်းများမရှိသေးကြောင်း ဦးတင်ဦးက ရှင်းပြသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် NLD က မဲအပြတ်အသတ် အနိုင်ရရှိလိမ့်မည်ဟု အများကမျှော်လင့်ထားသော်လည်း မလွယ်ကူကြောင်း၊ ပါတီကြီးတစ်ခုဖြစ်သော ကြံ့ခိုင်ရေး ပါတီ အပါအဝင် အခြားသောပါတီများကလည်း အားနည်းချက်များကို ပြုပြင်ကာ အရှိန်ရနေကြမည်ဆိုသည်ကို သတိရှိရန်လိုအပ်ကြောင်းလည်း ပြောဆိုသည်။

Myanmar Express

11 comments:

အ ခု မှ သ ဘော ပေါက် ရ လား?
၂၀၁၅ မှာ အာ ဏာ ရ ပါ တီ ဖြစ် ဖို့ ထက်
၂၀၁၅ ထိ ပါ တီ ဆက် ရှိ နေ အောင်
အား တင်း ထား ဦး။

မင်းကိုနိုင် မြအေး ကိုကိုကြီး ကုလား ၃ ကောင်ပါပေါင်းလိုက်ရင် NLDပါတီမြောင်းထဲရောက်ပြီ

အချိန်မှီမပြင်နိုင်ရင်တော့ တသက်လုံးရင်း လာတာ သွားပြီ။ကိုယ်အမှား ကိုမြင် ပြီး ပြင် ။အထူးသဖြင့်ခေါင်းဆောင်ပိုင်း ။ ဒေါ်စု fashion show တွေနဲ့အာရုံများရင် သွားပြီ။လူထုတွေနဲ့တစည်းတလုံးတည်းဖြစ်ဖို့ မတားတဲ့အခါကျတော့မသွားပါလား လူထုခေါင်းဆောင်ဆိုတာဘာလဲဆိုတာ စောင့်ကြည့်ရအုံးမယ်

NLD ဆို တာ ဒေါ် စု ကြောင့်
လူ ထု ကြိုက် ပါ တီ ဖြစ် နေ တာ
ဒေါ် စု သွား ရင် NLD မြောင်း ထဲ ရောက် ပြီ
ဆို တာ စဉ်း စား တတ် တဲ့ သူ တ်ုင်း
သ ဘော ပေါက် နေ တာ ကြာ ပြီ။

N L D ရေ ကိုယ့် လူ မျိုး ကို ထိ ပါး နေ တဲ့ ခွေး မွတ် စလင် တွေ ကို ထိ ထိ ရောက် ရောက် နှိမ် နင်း နိုင် ရင် ခင် ဗျား တို့ ပါ တီ ၂၀၁၅ မှာ အ မတ် တစ် ဝက် လောက် နေ ရာ က ခင် ဗျား တို့ အ သေ ချာ ပါ ပဲ။

ပြည်သူအတွက် မရပ်တည်ပေးနိုင်ရင်တော့ ဘာပါတီမှလူထုအသည်းမစွဲဘူး ဒေါ်စုလည်း ကျဆုံးသွားနိုင်တယ်

Everybody think in year 2015 Myanmar General Election, NLD will win, it's mean USDA will lose, NLD and USDA are largest Parties among of all Parties. What I concern is NLD will win or not is depend on how much USDA members work, right now in Hluttaws, majority of Hluttaw members from USDA, Myanmar people are watching those members are how much doing good for the country or not, they are observing, USDA members in Hluttaws must be very careful and need to be working hard for Myanmar. Myanmar people were not really blind in Politics just like way back in 1991, 2010 and 2011. Now a day people in Myanmar, they started getting experiences in Politics and they started knowing about Election, they are not voting as blind votes because of NLD or because of D.A.S.S.K. In 2015 people are getting smarter and smarter to know how to vote, what I mean is people in Myanmar, they will know how to choose in Election, no matter NLD or USDA or any other Parties who ever they don't do their good jobs, they wouldn't get any votes. Today what USDA needs to do is you must erase the people got brain washed by NLD, and USDA needs to express the people not to worship the personal D.A.S.S.K, because many of people love to worship D.A.S.S.K. and they will vote all NLDs, at the same time USDA must do any kind of ways to improve Myanmar people's live, USDA must do qualities of works for the people, USDA all members strongly stand side by side, hold the hands by hands show how's you are unity, because NLD is starting falling aparts, will not be very strong enough to challenge other Parties in year 2015.

နိုင်ငံရေးသမားကနိုင်ငံရေးကိုကောင်းအောင်လုပ်ပေါ့ ဒါလုပ်သင့်တာကြာပြီပဲ ဦးတင်ဦးကိုလဲမကြိုက်ပါ ခေတ်မရှိတော့ဟုယူဆပါသည် တိုင်းပြည်အတွက်အားကိုးရအောင်လုပ်ပါ ဗိုလ်ချုပ်တို့ခေတ်မဟုတ်တာသတိဖို့လိုသည် အဓိကကအချင်းချင်းအစွဲကင်းကင်းနဲ့ညီညွတ်ဖို့ပါ

jealousy will get no where, u will see it in 2015.

ရ ခိုင် အ ရေး မှာ ၀င် မ ပါ တည်းက ဒိ အဘွား ကြီး ဒုတိယ စု ဖုရား လတ် ဆို တာသိ လိုက် ရတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်