Subscribe to our RSS Feed

NLD ပါတီဝင် အများအပြား အရေးယူခံရ


လက်တလော ဖြစ်နေတဲ့ "မြန်မာ" "ဗမာ" ပြဿနာ ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အကြပ်ရိုက်နေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ကို ခရီးရောက်မဆိုက်မှာ အမောဆို့အောင် လုပ်မှုနဲ့ NLD ပါတီဝင် ၁၀၀ ခန့်ကို ပါတီက ထုတ်ဖွယ်ရှိတယ်လို့ သတင်းရရှိပါတယ်။

ရွေးကောက်ပွဲကော်မရှင်က သတိပေးထားပါလျှက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို "မြန်မာ" လို့ သုံးစွဲခြင်း လုံးဝ မရှိပဲ "ဗမာ" လို့ သာ အမြဲ သုံးစွဲကာ ခေါင်းမာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြီးလျှင် အားလုံးပြီးတဲ့ ဦးဥာဏ်ဝင်း၊ ဦးတင်ဦးနဲ့ ဦးဝင်းတင် တို့ကလည်း ဒေါ်စု က ဗမာ ဆိုတော့ လိုက်ပြီး ဗမာ ရပါတယ်။

မနေ့က ဒေါ်အောင်ဆန်းစုကြည် ပြန်လာချိန်မှာတော့ "မြန်မာ" ကို
"မြန်မာ" ဟု သာ ခေါ်စေချင်တဲ့ အလိုက်ကမ်းဆိုးမသိတဲ့ NLD ပါတီဝင် အချို့က ဆိုင်းဘုတ် ဗွီနီုင်း များမှာ "မြန်မာ" ဆိုတဲ့ စာလုံးများကို ဒေါ်အောင်ဆန်းစုကြည် မြင်သာ အောင် ရေးပြီး ကြိုဆိုခဲ့ကြရာ ၎င်း တို့ကို မြင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒေါသ အလိပ်လိပ်ထွက်ကာ အမော ဆို့သွားလို့ လွှတ်တော်တောင် မတက်နိုင်တော့ဘူးလို့ သိရပါတယ်။



အဆိုပါ ဆိုင်းဘုတ်ကိုင်ပြီး ကြိုဆိုသူ၊ ဆိုင်းဘုတ်ရေးသားသူနဲ့ ထုတ်ဝေ သူ အားလုံး ၁၀၀ ခန့်ကို မကြာခင် အရေးယူမယ်လို့ သိရပြီး ပါတီဥက္ကဌရဲ့ သဘောထားနဲ့ အခေါ်အဝေါ် ကို ဆန့်ကျင်တဲ့ အမှုနဲ့ ပါတီက ထုတ်ဖွယ်ရှိတယ်လို့ သတင်းရရှိပါတယ်။

မြန်မာ ကို မြန်မာ ဟု သာ သုံးနှုံးရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံးအကြိမ် ထပ်မံသတိပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ခုထိ လက်မခံဘူးလို့ သိရပါတယ်။

Myanmar Express

14 comments:

အဲ ဘယ်လို ဖြစ်၇ပြန်တာလဲ

ဟား ဟား ဟား " မြန်မာ " ကို မြန်မာ လို. ခေါ် တာ " ဗမာ " လို. မခေါ် လို.တဲ့ အဟီး ..........
နောက် များ ဆို လူကို ပါ သတ် ခိုင်းအုံးမယ် ထင်ပါ ရဲ.
ဟား .ဟား...ဟား

ဒေါ် စု ကြည် နဲ့ သူ့ ပါ တီ ၀င် တွေ က တော့ အံ ကျ ပဲ ဟေ...........ဟို က ဘူး ဆို ဒီ က ဖ ရုံ သီး ပြီး သား ပဲ။ ရင် လေ တယ်။

ဘယ်အစီုးရဘဲတက်တက်သူ့ လင်နိုင်ငံတွေအကြိုက်ဆန့်  ကျင်ဘက်စကားတွေပြောဦးမှာဘဲ။သူပြောတဲ့စကားတွေက တိုင်းပြည်အတွက်အကျိုးရှိ/မရှိမစဉ်းစားဘူး။သူအာဏာရ လာရင်တိုင်းပြည်လူထုအကျိုးထက်သူ့ လင်တွေအကြိုက် ကျွန်ဘ၀ရောက်အောင်လုပ်မဲ့ ဖာသည်မဘဲ။

ကျွန်တော်လည်းဗမာပြည်လို့ခေါ်တာမကြိုက်ဘူးဗျာ။ဗမာပြည်လို့ခေါ်
လိုက်ခြင်းအားဖြင့်တိုင်းရင်းသား၁၃၅မျိုးလုံးကိုဗမာလူမျိုးအုပ်ချုပ်ရာ
ကျနေတယ်။ဗမာပြည်လို့ခေါ်တာ ဗမာလူမျိုးအများစုကခေါ်ကြတာ
ပါ။ကျန်တဲ့တိုင်းရင်းသားတွေမခေါ်ကြပါဘူး။ဗမာဆိုတာမြန်မာပြည်ကိုယ်
စားပြုတယ်လို့တော့ NLDကရော ဗမာလူမျိုးတွေရော မပြောရင်ကောင်း
မယ်။အန်တီစုကို ကျွန်တော်မြင်တာက ဆုတွေမနိုင်မနင်းရထားတော့ဘ
ဝင်မြင့်နေသလားလို့။သူပြောတာကအမှန်၊သူလုပ်တာကမှ တကယ့်အ
ဟုတ်အမှန်လို့ထင်နေပုံရတယ်။

ကျွန်တော်လည်းဗမာပြည်လို့ခေါ်တာမကြိုက်ဘူးဗျာ။ဗမာပြည်လို့ခေါ်
လိုက်ခြင်းအားဖြင့်တိုင်းရင်းသား၁၃၅မျိုးလုံးကိုဗမာလူမျိုးအုပ်ချုပ်ရာ
ကျနေတယ်။ဗမာပြည်လို့ခေါ်တာ ဗမာလူမျိုးအများစုကခေါ်ကြတာ
ပါ။ကျန်တဲ့တိုင်းရင်းသားတွေမခေါ်ကြပါဘူး။ဗမာဆိုတာမြန်မာပြည်ကိုယ်
စားပြုတယ်လို့တော့ NLDကရော ဗမာလူမျိုးတွေရော မပြောရင်ကောင်း
မယ်။အန်တီစုကို ကျွန်တော်မြင်တာက ဆုတွေမနိုင်မနင်းရထားတော့ဘ
ဝင်မြင့်နေသလားလို့။သူပြောတာကအမှန်၊သူလုပ်တာကမှ တကယ့်အ
ဟုတ်အမှန်လို့ထင်နေပုံရတယ်။

ဆုတွေ မနိုင်မနင်း ရထားလို့ ဘ၀င်မြင့် နေတာ မဟုတ်။ ဒီလို ပြောဘို့ ဒီဆုတွေ ပေးထားတာ။ မပြောရင် အသတ် ခံရမယ်။ သဘောပေါက်။

ဗမာလို့ သုံးတာကိုတော့ လုံးဝ လုံးဝမကြိုက်ပါ ..။ ခေါင်းဆောင်ဆိုတာ ( သူ့ကိုကြိုက်တဲ့သူတွေအရ) စည်းကမ်းကိုလေးစားရပါမယ်.. Constitution ကို လေးစားသင့်တယ် ။ တိုင်းရင်သားတွေကို ခွဲထုတ်သလိုပါပဲ ။ သူ့ကို ထောက်ခံမှုတာ များလာရင် သူဟာ အာဏာရှင်တစ်ယောက်လို ကျင့်ကြံပါလိမ့်မယ် ..။

ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သူကလည်း ကိုယ့်လူမျိုးကိုတောင် ဗမာ တဲ့ မျက်နှာဖြူက ခေါ်တဲ့နာမည် တော်တော်ကြိုက်နေရင် အင်္ဂလိပ်ဝန်ကြီးချုပ်အိမ်ကိုသွား အ၀တ်လျှော်၊ ကြမ်းတိုက်၊ အိမ်သာဆေး၊ အိမ်ဖော်လုပ်ပေးလိုက် ပါလား ကျွန်စိတ်ကိုမပျောက်သေးဘူး နိုင်ငံခြားသားကမှားခေါ်ရင်တောင် အမှန်ပြင်ပေးရမှာလေ ကဲထားပါ ခင်ဗျား အိမ်နာမည်က ချစ်ချစ် ဥပမာ ပေါ့နော် ဒါပေမယ့် ၀လို့ဆိုပြီး ၀က်မလို့ခေါ်ရင်ကြိုက်မလား ခင်ဗျားကိုယ်အလေးချိန်ကျသွားတဲ့အချိန် ၀က်မလို့စရင်ရော ငြိမ်နေဥိးမှာလား ခင်ဗျားငြိမ်နေမှာပါ ကင်အဲရစ်က ငြိမ်ဆေးကျွေးပြီး(တုတ်စာ) ငရဲသွားဖို့ဗီဇာ တင်ပေးခဲ့တာကိုး ၀က်သားဟင်းကောင်းကောင်းစားရဖို့ပဲသိတာကိုး ချီးပမ်းမှာတော့ မသိပဲနဲ့ သနားပါတယ် ခင်ဗျားနဲ့ ဝေစားမျှစား အဖွဲ့ကြီးတစ်ခုလုံးကို

မသိရင်မှတ်ထားကြပါ “မြန်မာ” ဆိုတဲ့နာမည်ဟာပုဂံခေတ်ကတည်းက
ခေါ်ဝေါ်ခဲ့ကြတာပါ။ ပုဂံခေတ်ကကျောက်စာတွေမှာ “မြန်မာနိုင်ငံ”ဆိုပြီး
အတိအလင်းရေးသားထားပါတယ်။

“မြန်မာ” သည်သာအမှန်ဖြစ်သည်။

အစိုးရက လုပ်တာဆို မှန်သည်ဖြစ်၊မှားသည်ဖြစ်စေ၊ ဆန်ကျင်ရမှာက ဒေါ်စုရဲ့အလုပ်၊ ဒေါ်စုမှားရင် လိုက်မှားနေကြတာသူ့လူတွေ အဲ့ဒါမှ အခြေအနေ ကောင်းမှာကိုဗျ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်