Subscribe to our RSS Feed

မြန်မာ့ဖက်ရှင်ဒီဇိုင်နာများအတွက် လက်မလွှတ်သင့်တဲ့ အခွင့်ကောင်း


မည်သည့်အချိန်ကာလကမှ မမြင်ဖူးသော ဖက်ရှင်ဒီဇိုင်း


From : ဒီဇိုင်းပညာရှင်တစ်ဦး


ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့ရိုးရာဝတ်စုံတွေကို မြန်မာအမျိုးသမီးတွေ ၀တ်ဆင်တဲ့ ယဉ်ကျေးမှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာလှည့်ပြီး ဖက်ရှင် ဒီဇိုင်း ပရိုမိုးရှင်း ဆောင်ရွက်နေပြီ လို့ ထင်မြင်မိပါတယ်။

မြန်မာနိုင်ငံက ဖက်ရှင်ဒီဇိုင်နာများအနေနဲ့ ဒီ ပရိုမိုးရှင်းကို အခွင့်ကောင်းယူပြီး ဥရောပ ဈေးကွက် ချဲ့ထွင်မှုတွေ ဆောင်ရွက်သင့်ပါပြီ။ဘယ်နိုင်ငံ ဘယ်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်ခဲ့သော ဘာဒီဇိုင်း ညာဒီဇိုင်း ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြော်ငြာခ ပေးပြီး ဆောင်ရွက်သင့်ပါပြီ။
ဒီအခွင့်အရေးမှာမှ မြန်မာ့ဖက်ရှင်ဒီဇိုင်နာတွေ ကမ္ဘာကျော်ဖက်ရှင်အဖြစ် သိမ်းပိုက်နိုင်ခြင်း မရှိရင် မြန်မာ့ရိုးရာဖက်ရှင်ဒီဇိုင်း ဘယ်တော့မှ ပေါက်မှာ မဟုတ်တော့ဘူးလို့ ထင်မြင်မိပါတယ်။ ဒီအချိန်ဟာ ဟန်ချက်ညီ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီပရိုမိုးရှင်းကို အကြောင်းပြုပြီ ဖက်ရှင်ဒီဇိုင်းပရိုမိုးရှင်း လက်ဦးအောင် ဆောင်ရွက်ကြပါ။
သို့မဟုတ်ပါက ကမ္ဘာကျော် ဒီဇိုင်နာတွေက ဒေါ်အောင်ဆန်းစုကြည်ဖက်ရှင်ကို အမှီပြုပြီး ဒီဇိုင်းသစ်တွေ မကြာခင် ထွင်လာကြပါလိမ့်မယ်။
မြန်မာ့ဒီဇိုင်နာများအနေနဲ့ Democracy ဒီဇိုင်း၊ Freedom ဒီဇိုင်း Iron Lady ဒီဇိုင်း အစရှိတဲ့ Brand တွေ တပ်ပြီး အနောက်ဈေးကွက်ကို ချဲ့ထွင်ကြရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း အသိပေးနှိုးဆော် လိုက်ရပါသည်။

Myanmar Express

3 comments:

SEXYAUNGSANSUKYI form myannleewood.

အဲဒါဖိနပ်လား။ဘာလဲဟ။

ဖိနပ်စီးတာအပြစ်လား..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်