Subscribe to our RSS Feed

ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် အမေစုဖြေစေ ချင်သောမေးခွန်း များအား NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၏ ပြန်ကြားရေးတာဝန်ခံ ဖြေကြား


မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရန်ကုန်မြို့မှာ ပံျ့နှံ့ခဲ့တဲ့ ''ဒီမိုကရေစီ နိုင်ငံတော်သစ် အတွက်အမေ စုဖြေစေချင်သောမေးခွန်း များ'' ခေါင်းစဉ်နဲ့ ဗီဒီယိုခွေ တစ်ခွေ ပံျ့နှံ့ခဲ့ပါတယ်။ အခွေမှာ အမေစု ငယ်စဉ်က ရှားပါး ပုံများနဲ့ ပြည်သူတွေ မသိခဲ့တဲ့ အမေစုရဲ့ဘဝ ဖြစ်စဉ်တွေကို မီးမောင်းထိုးပြ ထားလို့ ရန်ကုန်မှ တစ်ဆင့် မန္တလေး၊ မော်လမြိုင်၊ ပုသိမ်စတဲ့ မြို့ကြီး များဆီသို့ ဆက်လက်ပံျ့နှံ့ ခဲ့ပါတယ်။ အခွေမှာ အမေစု အတွက် မေးခွန်း ၂၁ ခုပါဝင်ပြီး အဖြေများကို ပြန်လည်ဖြေဆိုပြီး ပေးပို့ရန် အတွက် Email လိပ်စာ ၂ ခု ပါဝင်ပါတယ်။ ဒီမေးခွန်းတွေ ကို ဖြေဆိုပြီး အကောင်းဆုံးဖြေဆို နိုင်သူ များကို ဆုငွေများ ချီးမြှင့်မယ်လို့ အခွေမှာ ထည့်သွင်း ဖော်ပြ ထားပါတယ်။

၎င်း ဗွီစီဒီ ထဲတွင် ဒေါ်အောင်ဆန်း စုကြည်ငယ်ဘဝ ဖြစ်ရပ်မှန် ရှားပါးတဲ့ ဓာတ်ပုံများ ပါဝင်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ဒေါ်အောင်ဆန်း စုကြည်၏ အကျင့် သိက္ခာကိုထိခိုက် နိုင်သည့် မေးခွန်းများ ဖြစ်သဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံသူ များ အတွက် စိတ်ဆိုး ဒေါသ ထွက်ခဲ့ကြကြောင်း သိရှိရ ပါတယ်။

အခွေ ပံျ့နှံ့ပြီး မတ်လ ၂၂ ရက်နေ့ မှာ ပြည်သူများမှ စိတ်ဝင်စား စွာဖြင့် အဖြေများ စတင်ပေးပို့ လာပါတယ်။ ဖြေဆိုသူ ၁ဝ၃၁ ဦး ရှိခဲ့ပြီး ဖြေဆိုသူများ ထဲမှ NLD ပြန်ကြားရေး တာဝန်ခံ တစ်ဦး ဖြစ်နိုင်ချေ ရှိတဲ့ အဖြေများ ကို ပြန်ကြားပေး ခဲ့တဲ့ အဖြေကို အကောင်းဆုံး အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

မေးခွန်း ( ၁ )။ နိုင်ငံခြားမှာ အနှစ်(၃ဝ)နီးပါးနေခဲ့ တုန်းက မြန်မာနိုင်ငံနှင့် လူထုအတွက် ဘာလုပ်ပေး ခဲ့သလဲ၊
အဖြေ ။ တစ်ခုခုလုပ်ပေးနိုင်ဖို့ ပညာသင်နေပါတယ်။

မေးခွန်း ( ၂ )။ ယောကျာ်းယူခဲ့တဲ့နေရာမှာ အမျိုးဂုဏ်၊ ဇာတိဂုဏ်မစောင့်ထိန်းဘဲ ဘာဖြစ်လို့ မြန်မာတွေကို ကျွန်ပြုခဲ့တဲ့ ဗြိတိန် နိုင်ငံသား ကို ယူရတာလဲ ၊
အဖြေ ။ ကျွန်ပြုခဲ့တာ Micheal Aris မဟုတ်လို့ပါ။

မေးခွန်း ( ၃ )။ အင်္ဂလိပ်လူမျိုး ကိုယူခဲ့တဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုး ဆက်တိမ်ကော သွားတာ ဘယ်သူ့မှာ တာဝန်ရှိသလဲ ၊

မေးခွန်း ( ၄ )။ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မြန်မာမျိုးဆက်ပျောက် ကွယ်မှု အတွက် ဒေါ်အောင်ဆန်း စုကြည် ဘယ်လို စဉ်းစား ထားပါသလဲ ၊

အဖြေ(၃/၄) ။ မျိုးဆက် မတိမ်ကောပါ၊ သား ၂ ယောက် ရှိပါတယ်၊ အမေစုတိုင်းပြည်အတွက် စတေးနေ ချိန်တွင် မြန်မာ
community risks တို့အား လက်တွဲခေါ်ရန် လိုသည်။

မေးခွန်း ( ၅ )။ ဒေါ်အောင်ဆန်း စုကြည်ရဲ့သား ဗိုလ်ချုပ်အောင်ဆန်း ရဲ့မြေးတွေက ဘာကြောင့် မြန်မာစကား တစ်ခွန်းမှမပြောတတ်တာလဲ ၊
အဖြေ ။ မြန်မာစကား ပြောတတ်ပါသည်၊ ကျွမ်းကျွမ်း ကျင်ကျင်ပြောနိုင်အောင် မြန်မာ community ထဲ ဆွဲခေါ်လိုက်ပါ။

မေးခွန်း ( ၆ )။ ဒေါ်အောင်ဆန်းစုကြည်ကို အတုယူပြီး အမျိုးဂုဏ်ကို မစောင့်ပဲ ဒီနေ့လူငယ်တွေ နိုင်ငံခြားသားကို လက်ထပ်ယူခြင်း ပြဿနာကို ဘယ်လိုဖြေရှင်းပေးမှာလဲ ၊
အဖြေ ။ အမေစုကို အတုယူတယ်လို့ သူတို့ကပြောပါ သလား ၊ globalisation ၏ အကျိုး ဆက်သာ ဖြစ်ပါသည်။ တိုင်းပြည်ကောင်း၍ နိုင်ငံခြား သွားစရာ မလိုရင် ဖြေရှင်းပြီးဖြစ်သွားပါလိမ့်မည်။

မေးခွန်း ( ၇ )။ အမေစု ကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ NLD လွှတ်တော် ကိုယ်စားလှယ် စန္ဒာမင်းနဲ့ ကိုဌေးကြွယ်တို့ (၈-၂-၂ဝ၁၂ မှ ၁ဝ-၂-၂ဝ၁၂ ထိ) ပုဂံဟိုတယ် အခန်းနံပါတ် (၂၁၁)မှာ living together နေတာကို သိပြီးပြီလား ၊
အဖြေ ။ တိုင်းပြည်အတွက် အလုပ်လုပ်ပေးနိုင်ရင် personal issue များအား စဉ်းစားရန် မလိုပါ။

မေးခွန်း ( ၈ )။ နိုင်ငံခြားသားတွေနဲ့တွေ့ချိန်မှာ ဒေါ်အောင်ဆန်း စုကြည် ဘာကြောင့် လက်အုပ်ချီရှိခိုး ရပါသလဲ၊ လက်အုပ်ချီရှိခိုးတာ မြန်မာ့ ယဉ်ကျေးမှုလား၊ ဗိုလ်ချုပ်အောင်ဆန်းကရော နိုင်ငံခြားသားတွေနဲ့ တွေ့ချိန်မှာ လက်အုပ်ချီခဲ့တာလား၊
အဖြေ ။ လက်အုပ်ချီခြင်းသည် နှုတ်ဆက်ခြင်းဖြစ်သည် ဆိုသည်မှာ စစ်အစိုးရ ဗိုလ်ချုပ်ကြီး များထံမှ အတုယူခြင်း ဖြစ်ပါလိမ့်မည်။

မေးခွန်း ( ၉ )။ ဆင်းရဲတွင်း နက်နေသည့် ပြည်သူ လူထုကို အလုပ်အကိုင် အခွင့်အလမ်း မရှာပေးဘဲ ပါတီရံပုံငွေ အတွက် ဓာတ်ပုံရောင်းစားနေတာ ပြည်သူ လူထုအတွက် အပိုကုန်ကျငွေ မဖြစ်ဘူးလား၊
အဖြေ ။ ပြည်ခိုင်ဖြိုးကဲ့သို့ ပြည်သူ့ ပိုက်ဆံများ ခိုးယူခြင်း မရှိသဖြင့် ရန်ပုံငွေ ရှာရခြင်း ဖြစ်ပါသည်။ ရန်ပုံငွေမရှိလျှင် ပါတီ မရပ်တည်နိုင်ပါ။

မေးခွန်း ( ၁ဝ )။ ဘုန်းကြီးတွေ ဒေါ်အောင်ဆန်း စုကြည်ဓာတ်ပုံကို သင်္ကန်း ထိပ်မှာချိတ်ပြီး ဆန္ဒပြ တာကို တစ်ခြားဘာသာ ဝင်တွေ အထင်အမြင်သေးမှာ ကို ဒေါ်အောင် ဆန်းစုကြည် စိတ်မပူဘူးလား၊
အဖြေ ။ စိတ်မပူဟုမည်သူပြော နိုင် သနည်း။ ကိုယ်ပိုင် ဆန္ဒအရ လုပ်ကြခြင်းဖြစ်သည်။

မေးခွန်း ( ၁၁ )။ တိုင်းပြည်ကောင်းစား ဖို့အတွက် ဘာမဆို လုပ်မယ်လို့ ပါးစပ်ကပြောပြီး စီးပွားရေး ပိတ်ဆို့မှုကို ဆက်လက်ပိတ်ဆို့ဖို့ပြောနေတာ ဘာကြောင့်လဲ ၊
အဖြေ ။
sanction သည် targeted sanction ဖြစ်သည်။ မပြောပါက စစ်ဗိုလ်ချုပ်များသာ ချမ်းသာ သည်ထက် ချမ်းသာနေမည်။

မေးခွန်း ( ၁၂ )။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေအရ မဲမပေးဘဲ နေခွင့်ရှိတယ်လို့ အော်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုကျတော့ NLD ကို မဲပေးပါ၊ မဲပေးပါ လို့ အော်နေတာ ဘာကြောင့်လဲ ၊
အဖြေ ။ အမေပြောပြီးသား ဖြစ်သည်၊ ပြန်ရှာပါ။

မေးခွန်း ( ၁၃ )။ စည်းမဲ့ကမ်းမဲ့ မင်းမဲ့စရိုက်ဖြစ်နေတဲ့ မသိနားမလည်တဲ့ ပြည်သူတွေကို မထိန်းသိမ်းဘဲ မင်းမဲ့စရိုက်ဆန်ဆန် လမ်းမပေါ် တက်လာတဲ့သူတွေကို မိမိကို ထောက်ခံသူတွေအဖြစ် အမေစု ထင်နေတာလား ၊
အဖြေ ။ ယာဉ်ထိန်းရဲများ အလုံအလောက် ချပေးလိုက်ပါ။

မေးခွန်း ( ၁၄ )။ ပြည်သူတွေ ကို ဥပဒေ စိုးမိုးရေး တရားပဲဟောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဥပဒေကို မလိုက်နာဘဲ လမ်းဖြတ်သန်းခွန် မပေးဘဲ ဥပဒေချိုးဖောက်ခဲ့တာ ဘာကြောင့်လဲ ၊
အဖြေ ။ မည်သည့်လွှတ်တော် ကိုယ်စားလှယ်/ ကိုယ်စား လှယ်လောင်းများက ပေးနေသနည်း။ မပေးဟု မည်သူပြောသနည်း။

မေးခွန်း ( ၁၅ )။ အမေစုကို ချစ်တယ်၊ ဒေါ်အောင်ဆန်း စုကြည်ကိုချစ်တယ်ဆိုပြီး ဘာလို့ ဂျင်ဂလိနဲ့ ဝိုင်းဆော်ကြတာလဲ ၊
အဖြေ ။ ချစ်သည်ပြောသူများက ဆော်သလား၊

မေးခွန်း ( ၁၆ )။ မိန်းမ ၃ ယောက်ပဲ ရှိတဲ့ နေအိမ်မှာ အင်းလျားကန်ကို ရေကူးလာတဲ့ ယောကျာ်းအရင့်အမာကြီး နဲ့ ၂ ရက် အ တူတူနေပြီး ဘာလုပ်ကြပါသလဲ ၊
အဖြေ ။ ကိုယ့်စိတ်နဲ့နှိုင်းမေးနေသလား။

မေးခွန်း ( ၁၇ )။ ပုပ်ရဟန်းမင်းကြီးကို ဒူးလေးတုပ် လက်အုပ်ချီတဲ့ အမေစု ဗုဒ္ဓဘာသာတွေ အထွဋ်အမြတ်ထားတဲ့ ဗုဒ္ဓစွယ်တော်ရှင်မြတ် ကြွလာချိန်မှာ တစ်ကြိမ်တစ်ခါမှ မဖူးတာ ဘာကြောင့်လဲ၊
အဖြေ ။ ကိုယ်ကျိုး ထည့် မစဉ်းစား နိုင်သေး ၍ဖြစ်သည်။

မေးခွန်း ( ၁၈ )။ ဗုဒ္ဓဘာသာမှန်ရင် မန္တလေးကိုရောက်တိုင်း မဟာမြတ်မုနိ ဘုရားကြီးကို မဖူးဘဲ မနေနိုင်ပါဘူး။ အမေစု မဟာမြတ် မုနိဖူးဘို့ မေ့သွားတယ်ထင်တယ် ၊
အဖြေ ။ ဘုရားဖူး ထွက်နေခြင်း မဟုတ်ပါ။

မေးခွန်း ( ၁၉ )။ ဒီမိုကရေစီနိုင်ငံမှာ လွတ်လပ်စွာ ပြောဆို ခွင့်ရှိတယ်၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်ဆိုပြီး ကိုယ်ကျတော့ သူများကို လျှောက်ပြောနေပြီး မိမိခံစားချက်အတိုင်း လွတ်လပ်စွာပြောတဲ့ ငါးမင်းဆွေ ကို တရားစွဲတာ ဘာကြောင့်လဲ ၊
အဖြေ ။ Democracy ၏အဓိပ္ပာယ်ကို ပြန်ဖတ်ပါ။

မေးခွန်း ( ၂ဝ )။ စစ်ပွဲ ရပ်ဆိုင်းခြင်း အပါအဝင် လူမျိုးနွယ် စုတွေရဲ့ တိုက်ခိုက်မှု များကို ရပ်ဆိုင်းအောင် လုပ်ဆောင်မှု မရှိဘဲ ဘာကြောင့်ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရ ရတာလဲ ၊
အဖြေ ။ စစ်တပ်က ဆက်မတိုက်လျှင် စစ်ပွဲများ ရပ်သွားပါမည်။

မေးခွန်း ( ၂၁ )။ ၁၉၉၇-၁၉၉၈ ခုနှစ်တုန်းက မမနဲ့မောင်လေး တက္ကသိုလ်ရိပ်သာလမ်း၊ အိမ်အောက်ထပ် ကွန်ပျူတာရုံးခန်းအတွင်း ကော်ဇော ခင်းပြီး ချစ်ရည်လူးခဲ့တဲ့ ဇာတ်လမ်းမှာ မောင်လေးက ဘယ်သူလဲဆိုတာ ဖွင့်ဟဝန်ခံရဲပါသလား ၊
- မျက်မြင်တွေ့ရှိသူတွေက ဖော်ထုတ်ရင် ဘယ်လိုငြင်းမလဲ ၊
- မောင်လေးက ဖော်ကောင် လုပ်ရင် စိတ်ဆိုးမှာလား ၊
- မောင်လေးရဲ့ မိန်းမက တရားစွဲရင် ရင်ဆိုင်ဖြေရှင်းမှာလား ၊

အဖြေ ။ ခင်ဗျား မျက်စိနဲ့တွေ့ခဲ့သလား ။

ဒီလိုပြည်သူတွေ အမှန်သိအောင် ဖြေကြားပေးသည့် NLD ပြန်ကြားရေးတာဝန်ခံ များအား အထူးကျေးဇူးတင်ရှိပါသည်။




Myanmar Express

17 comments:

ဖြေတာတွေကတော့ အခြေအမြစ်မရှိပါဘူး... မှန်သည်ဖြစ်စေ..မမှန်သည်ဖြစ်စေ..အဖြေကိုညီညာအောင် မဖြေတတ်ပဲနဲ့ အတွင်းရေးမှုးဆိုတဲံ့အရည်ချင်း နဲ့မကိုက်ညီဘူး...သာမန် 10 တန်းအောင်ကျောင်း သားတယောက်လောက်ပဲတွေးခေါ်နိုင်တယ်...ဒါနဲ့များနိုင်ငံရေးလောကထဲ ၀င်နေသေးတယ်...ပေါ်လစီကြောင့်ပဲဖြစ်ဖြစ်..အလုပ်မလုပ်ချင်လို့ပဲဖြစ်ဖြစ် ပါတီထဲဝင်နေရင် လေ့လာပါဦး...စီနီယာကျလို့အတွင်းရေးမှုးပေးထားတာလား အင်အယ်လ်ဒီ တွင်းရေးမှုးကြီး...သေချာပါတယ် မင်းတိုပါတီနိုင်ရဖို့မလွယ်သလို...မြန်မာပြည်ကတွေးခေါ်မမြင့်တဲ့သူတွေကမဲထည်လို့ မင်းတို့နိုင်ရင်တော့...မင်းတို့ရတဲ့နေရာကတော့ ချတက်သလိုဖြစ်မှာသေချာတယ်...မင်းတို့ကိုအပြစ်တင်တာမဟုတ်ဘူးနော် ...အပေါစားစည်းရုံးတွေနဲ့လျောက်လုပ်နေတာကိုပြောတာ...ပြိုင်ဘက်ပါတီတွေကို မသိတာလျောက်ပြောနေတာမကောင်းဘူး....မင်းတို့လဲအခွင့်ရေးတွေ၇လာခဲ့ရင် လုပ်ကြမှာဘဲ...ဘာလို့အဲ့လိုပြောနိုင်လဲဆိုတော့လူတွေမို့လေ...ငါထင်တာတော့ လူတွေထဲမှာမှ မင်းတို့ပါတီကကောင်တွေအဆင့်မရှိဆုံးနဲ့..ချီးတုတ်ကျဆုံးလို့ငါထင်တယ်.....အေးငါကတော့ကြားနေပဲ...မှန်တာကိုပဲပြောတယ်...ငါဝန်ထမ်းမဟုတ်ပြည်သူထဲက ပြည်သူပဲ...

ဒေါ်စုကိုအထင်မကြီးတဲ့အဓိကအချက်ကတော့ အမေရိကန်ကနေ အဓိကကြိုးကိုင်ပြီးတော့ လုပ်ခိုင်းနေတဲ့ နိုင်ငံရေးသမား မလို့ပဲ.. သူ့ဘာသာသူမိုက်ကယ် အဲ့ရစ် နဲ့ယူမကလို့ ဘာဖြစ်နေနေ ဒါတွေက ပါစင်နယ်တွေ..ကိစ္စမရှိဘူးး.. အဓိကကတော့ အမေရိကန် ကြိုးဆွဲရာ ကနေတဲ့သူမလို့အဲ့တစ်ချက်တည်းနဲ့တင် ပြီးသွားတာ.. သူဟာ နိုင်ငံအတွက် ၊ လူမျိုးအတွက် ဘာတွေများအခုအချိန်ထိ လုပ်ပြီးပြီလဲဆိုတာ ပညာရှိတဲ့သူတိုင်း၊ ဦးဏှောက်၇ှိတဲ့သူတိုင်း ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတဲ့သူတိုင်း သိပါတယ်.နိုင်ငံဟာ အခုအချိန်ထိ ကိုယ့်မှာရှိတာလေးနဲ့ လုံးပမ်းနေရတာ.ကိုယ့်ဆီကနေ
ထွက်တဲ့ သယံဇာတတောင် ရောင်းပိုင်ခွင့်မရှိတဲ့ဘဝ ။ ဒီကြားထဲ
အမေရိကန် အလိုတော်ရ EU ကိုစီးပွားရေး ပိတ်ဆို့ဖို့ အသွင်သွင်ပြောတယ်.အဆိုးဆုံးပဲ... ဆက်ပြောရင် အ၇ှည်ကြီးပဲ ... ကိုယ်ပိုင်အသိဥာဏ်နဲ့ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာ ကြည့်တတ်ရင် မြင်တယ်.. လာမဲ့ရွေးကောက်ပွဲမှာ တခြားပါတီတွေ နိုင်ပြီး NLD ရှုံးရင် မဲမသမာဘူးလို့ လျှောက်
မအော်ပါနဲ့... ကြိုပြောထားတာ.. ခင်ဗျားတို့ NLD ကိုကြည့်မရတဲ့ သူမကြိုက်တဲ့သူတွေလဲ တစ်ပုံကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့... Good luck NLD ...

ဖြေ သွား ပုံ က စစ် တပ် က ပဲ အား အား ယား ယား စစ် တိုက် ချင် လို. တိုက် နေ တဲ. ပုံ စံ မျီုး နဲ.။ ဖြေ တဲ. သူ ဘယ် သူ လဲ ဟေ.။NLD မှာ ဘာ တာ ၀န် လဲ ဟေ.။ လမ်း မှာ တွေ. ရင် စောက် ခွက် ကို ရိုက် ချင် တယ် ကွ ။

ဟားဟားဟား.. အဲဒါ အဖြေဖြေတာမှ မဟုတ်တာဗျ.. ငါ့လက်ကလွတ် လဗြွတ်ဆိုပြီး ပြီးပြီးရော လုပ်ချသွားတာပဲ.. ငါးစိမ်းသည်မ ရန်တွေ့သလို ငါ့ကိုလုပ်လို့ နင့်ကို လုပ်တာ၊ နင့်ကမလုပ်ရင် ငါလဲ မလုပ်ဘူးဆိုပြီး ကတ်ကတ်လန် ပြန်ပြောတဲ့အဆင့်လေးပဲရှိပါသဗျာ.. ဟဟဟ။ ရယ်ချင်လှပါဘိတော့... ဘယ်လိုပဲဖြစ်နေနေ ဒေါ်ညုကို ဘယ်လိုမှ အထင်မကြီးတာတော့ အသေအချာပဲဗျို့.. ဆောရီးပါဒေါ်ညု၊ ဇီဝိန်ချုပ်ဖို့သာ ပြင်ထားပါတော့

Myanmar Express, if you are writing these non-sense articles you will always remain a useless blog. You have a good access to government's information. Make good use of them and present them in proper way. So that people who support the government will continue to support the government and who do not support the government will think about supporting the government. If you guys involve in these non-sense, meaningless character assassination attacks on someone in particular, it is not good.

ခင်ဗျားတို့ NLD ကိုကြည့်မရတဲ့ ဒေါ်စု ကို မကြိုက်တဲ့သူတွေလဲ တစ်ပုံကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့

စစ်တပ်နဲ့ အဝေးကြီးကလူ

ကျွန်တော် ဗုဓ္ဒဘာသာစစ်စစ်ပါ။ လက်ရှိမှာ အသားစားခြင်းကို ရှောင်ကြဉ်ပြီး ဝိနည်းအားလုံး လိုက်နာနေသူပါ။

ခင်ဗျားတို့ က မဟာမြတ်မုနိဘုရား ကိစ္စပြောလာတော့ နည်းနည်း မေးချင်တယ်။ မြန်မာပြည်မှာ လူသန်းပေါင်း များစွာ ထမင်းငတ်နေချိန်မှာ ဘုရားကို ရွှေပိန်းချနေတာ ဘာသဘောလဲ။

ခင်ဗျားတို့ သေသေချာချာ စဉ်းစားပါ။ ဆင်းရဲသူတွေကို ကယ်တင်ဘို့က အဓိကလား ဘုရားဖူးပြီး ရွှေချတာက အဓိကလား။

ကလေးတစ်ယောက်လိုအဖြေမျိုးတွေပဲ ဘာအဆင့်မှမရှိဘူး ရေရာတာမရှိဘူး..NLD ကလူတွေတက်တာဒါအကုန်ပဲလား ..NLD အာဏာရဖို့ စိတ်တောင်မကူးနဲ့ သမုဒယာထဲကရေပွက်ပဲ..

အမေစုကို အတုယူတယ်လို့ သူတို့ကပြောပါ သလား ၊ globalisation ၏ အကျိုး ဆက်သာ ဖြစ်ပါသည်။

globalization စာလုံးပေါင်းကလည်း မှားနေသေးတယ်
ရယ်လိုက်ရတာ

မေးခွန်း ( ၇ )။ အမေစု ကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ NLD လွှတ်တော် ကိုယ်စားလှယ် စန္ဒာမင်းနဲ့ ကိုဌေးကြွယ်တို့ (၈-၂-၂ဝ၁၂ မှ ၁ဝ-၂-၂ဝ၁၂ ထိ) ပုဂံဟိုတယ် အခန်းနံပါတ် (၂၁၁)မှာ living together နေတာကို သိပြီးပြီလား ၊
အဖြေ ။ တိုင်းပြည်အတွက် အလုပ်လုပ်ပေးနိုင်ရင် personal issue များအား စဉ်းစားရန် မလိုပါ။

နတ်ကောင်းနတ်မြတ်တွေ ကယ်တော်မူကြပါ
ကိုယ့်ကိုကိုယ် နဲ့ ကိုယ့်စိတ်တောင် မနိုင်သူတွေ တိုင်းပြည်အတွက် အလုပ်လုပ်ပေးဦးမလို့တဲ့ ဝါးးးးးးးး ဟားဟား..

How dumb!!
Show no brain.
funny answers.

အော် NLD မှပြန်ကြားရေးတာဝန်ခံများရေ ရွှေဥာဏ်တော် ကြီးလိုက်ပါပေ့။ ဖြေဆိုချက်များဟာ ရှင်းလင်းပြီး ထိမိလွန်းလို့ အတော်ကိုသဘောကျမိပါတယ်။ ငယ်ငယ်ကဖတ်တဲ့ ရွှေသွေးဂျာနယ်ထဲသာ ထည့်ရင်တော့ဖြစ် ရယ်လိုက်ရမယ့်ဟာသတစ်ပုဒ်။ အခုတော့ ရယ်ရမလို ငိုရမလိုပဲ။ ဒါတောင် ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံအဆင့်။ ရင်လေးပါဘိ။ သူတို့လက်ထဲသာ နိုင်ငံကို ၀ကွက်အပ်လိုက်မိရင်။ ဖြေထားတာတွေကလဲ ပြီးပြီးရော ၇တန်းကျောင်းသားတောင် ဖြေဆိုနိုင်တဲ့အဖြေတွေ။ တကယ်လို့များ မဖြေတတ်လို့ ဖြေပေးရမယ်ဆိုလဲပြော။ အစားဖြေပေးမယ်။ ဒါပေမယ့် လိမ်ချင်တဲ့အကြောင်းအရာလေးတော့ ကြိုပြော။ ကျွန်တော်က အမှန်အတိုင်းဖွင့်ထုတ်လိုက်ရင် ခင်ဗျားတို့ရဲ့ အမေစု၊ ဒုတိယ ဘုရားသခင်ဆိုလား နာမည်ပျက်မှာဆိုးလို့။

မောင်လေးဆိုတာ ဘယ်သူလဲ။ အဲဒီဇာတ်လမ်းကို သိချင်တယ်။

ပြန်ဖြေထားတဲ့ အဖြေတွေထဲမှာ အဲဒါ အကောင်းဆုံးအဖြေလား လက်တစ်လုံးခြားဆိုတာ အဲဒါပဲ ငယ်ငယ်တုန်းက ကလေး အချင်းချင်း စကားတွေကပ်ပြီး လက်တစ်လုံးခြားလေးတွေ ပြောနေပြီး အဟုတ်ကြီးမှတ်နေကြတာလေ ဖြေသမျှ အဖြေတွေထဲမှာ ဂျက်နဲ့ လက်နဲ့ ကောင်းကောင်း ဖြေထားတာ တစ်ခုမှကို မတွေ့ရဘူး ၂၁ ခုလုံးကို မဖြစ်မနေ မရမက ပြန်ဖြေထားရတဲ့ ပုံစံမျိုးကြီး လေပါတယ်ဗျာာာာာာ

၎င်း အဖြေများကို ဖြေဆိုသူမှာ NLD ပြန်ကြားရေးတာဝန်ခံပါဟု ပြောပါသလား...
အခြေအမြစ်မရှိသော အဖြေများ ငါ့လက်က လွတ်ရင်ပြီးရောအဖြေများရှိသည်ဟု ဘာအချက်များကို ထောက်ပြပြီး ပြောပါသလဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအပေါ်ထားတဲ့ သဘောထားကိုသာ ကြည့်ပါ

အဖြေ ။ တိုင်းပြည်အတွက် အလုပ်လုပ်ပေးနိုင်ရင် personal issue များအား စဉ်းစားရန် မလိုပါ။
<<<< အဲ့ဒိ အဖြေကို ဘယ်အောက်တန်းစာ ဖြေထားတာလဲ.. personal issue များအား စဉ်းစားရန် မလိုဘူးဆို၇င် ဥပမာလေး တခုလောက်ပေးချင်တယ်.. ရပ်ကွက် တစ်ခုမှာ ဖာလုပ်စားနေတဲ့ ဖာသည်မကြီးက ရပ်ကွက် လူကြီးနေရာကို လျှောထားရင် အဲ့ အဖြေကို ဖြေထားတဲ့ လူ ဖြေပေးပါ.. ခင်ဗျား အဲ့ ဖာသည်မကြီးကို ၇ပ်ကွက်လူကြီးဖြစ်နိုင်ရေး အတွက် ထောက်ခံပေးမှာလား.. ဂုဏ်သိခါ မ၇ှိတဲ့ မိန်းမကို ထောက်ခံခဲ့ရင်လဲ ခင်ဗျားရဲ့ အဆင့်တန်းက အဲ့မိန်းမထက် နိမ့်ကျတဲ့ အောက်တန်းစာ လွှာလူတန်းစား ဆိုတာ ပြေးမကြည့်ပဲ လူတိုင်း သိသွားကြမှာ..ဟဟဟားးးး

း)
မောင်လေးဆိုတာကိုသိချင်ပါတယ် တစ်ပတ်အတွင်းတင်
ပေးကြပါ အဖြေမှန်ကို

အလွန်အကျွံခံ (၃)နှစ်ပါ.... လွှတ်ထားလိုက် ဘာဖြစ်ဖြစ်.
အခေါင်းနဲ့ အုတ်ဂူကော ရွေးပေးထားလိုက်ကြဦး....
ရထား စက်ခေါင်းဖြတ်ဖြစ်မယ့် အတွဲလေးတွေ....
သနားပါတယ်ဗျာ......
အခုတောင်ကျမ်းမာရေးက သိပ်ကောင်းတာ မဟုတ်တော့ဘူး...
သြော်....အဘွားကြီး...
မောင်ငယ်ရင်သွေးဖြစ်မယ့် လောင်းလှာလေးတွေတော့ သနားပါတယ်.....ဟဟဟဟ

(တိုင်းပြည်အတွက် အလုပ်လုပ်ပေးနိုင်ရင် personal issue များအား စဉ်းစားရန် မလိုပါ။)
ပြည်သူကိုကိုယ်စားပြုတဲ့သူမှာ သတ်မှတ်ချက် စာရိတ္တတော့ ရှိသင့်တာပေါ့၊ဒါကြောင့်လည်း ရပ်ကွပ်ထဲက
မိမနိုင်ဖမနိုင်တွေကိုစု စည်းပြီးဖွဲ့စည်းထားတာကို။သိပြီလေမင်းတို့ပါတီရဲ့
အဆင့်ကို။နိုင်ငံတော်အတွက်လုပ်လျှင်ပြီးရော ကျန်တာဘာလုပ်လုပ်ဆို
တယ့်သဘောပေါ့နော် မထင်ရဘူးဗျာ ခင်ဗျားတို့အဆင့်ကို တော်တော်
လေးအောက်တန်းကျတာပဲ ဖြေတဲ့ကောင်ကလည်း စာမတတ်ပေမတတ် စာပေဆိုတာ ကျောင်းစာကိုဆိုတာမဟုတ်ဘူးနော်
လူမှုကျင်ဝတ်စာပေကိုဆိုလိုတာ မင်းတို့မသိလို့ နိုင်ငံအဆင့်မရောက်တာနေမှာ နောင်လည်းမရောက်နိုင်လောက်ဘူး မကျိုးစားနဲ့ သမ္မတမပြောနဲ့ သမ္မတခြံစောင့်ခွေးစားဖို့ အစာချက်တဲ့ထမင်းချက်တောင်ဖြစ်မှာမဟုတ်ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်