From : dvb
ဂျောဒန်နိုင်ငံ အမ္မန်မြို့မှာ ရှိနေတဲ့ စီအန်ဂျေ အထည်ချုပ် စက်ရုံက
မြန်မာအလုပ်သမား လုပ်ခလစားတိုးဖို့နဲ့ အလုပ်ခွင့်မှာ ယဉ်ကျေးမှုအရ တစ်ဦးနဲ့တစ်ဦးကောင်းမွန်စွာ ဆက်ဆံဖို့ကို ဖေဖေါ်ဝါရီ ၁၄ ရက်နေ့
ကတည်းက တောင်းဆို ဆန္ဒပြ သပိတ်မှောက်နေကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ကစီအန်ဂျေစက်ရုံက မြန်မာအလုပ်
သမားတွေကြွေးတဲ့ နေလည်စာကြောင့် ဗိုက်နာ ၀မ်းလျှော် ဖြစ်ခဲ့တဲ့
အတွက် တာဝန်ရှိသူတွေကို တင်ပြရမှာ တာဝန်ရှိသူတွေက ရိုင်းပြစွာဆက်ဆံတဲ့အတွက် ပြသနာစဖြစ်ရတာပါလို့ စီအန်ဂျေ စက်ရုံက မြန်မာ အလုပ်သမ တစ်ဦးက ပြောပါတယ်။
ဂျောဒန်နိုင်ငံ အမ္မန်မြို့ က စီအန်ဂျေ အထည်ချုပ်စက်ရုံမှာ မြန်မာ အလုပ်သမား ၂၃၀၀ ကျော်ကနေ အလုပ်မဆင်းပဲ ဆန္ဒပြနေကြတာပါ။
စီအန်ဂျေစက်ရုံက မြန်မာအလုပ်သမားတွေကို တစ်လကို အခြေခံလစာ
ဒေါ်လာ ၁၅၅ ကနေ ၂၀၀ ရှိဖို့တောင်းဆိုနေကြတာပါ။ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ စီအန်ဂျေစက်ရုံမှာ အလုပ် လုပ်ရဖို့အတွက် ၇န်ကုန်က ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုန်မဏိတွေကနေ တစ်ဦးကို ဒေါ်လာ ၅၀၀ ကနေ ၉၀၀ အထိ အေဂျင့် ခပေးရတယ်လို့
သိရပါတယ်။
ရန်ကုန်အခြေစိုက် New Sai အလုပ်အကိုင်ရှာဖွေရေးကုန်မဏီက
တာဝန်ရှိသူ ဒေါ်တင်တင်ကတော့ အလုပ်သမားတွေကို လစာ ဒေါ်လာ
၁၅၅ နဲ့ အလုပ် လုပ်ဖို့ စာချုပ် ချုပ်ထားတာဖြစ်ပြီး မလုပ်နိုင်ရင်တော့
မြန်မာပြည်ပြန်လာဖို့ စိစဉ်ပေးမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆန္ဒပြအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ မရရင်တော့
မြန်မာနိုင်ငံကို ပြန်လာဖို့ ရှိနေပါတယ်။ ဂျောဒန်နိုင်ငံ စီအန်ဂျေ အထည်ချုပ်စက်ရုံမှာ အရင်ကလည်း မြန်မာ အလုပ်သမား
အမျိုးသမီးတစ်ဦးကို အာဏာပိုင်တွေက ချုပ်နှောင့် ဖမ်းဆီးတာလုပ်တဲ့ အတွက် အလုပ်သမားတွေက အမျိုးသမီးငယ်လွတ်မြောက်ရေးအတွက် ဆန္ဒပြ ကန့်ကွက်ခဲ့တဲ့ အတွက် အလုပ်ရှင်ဘက်ကနေ လိုက်ရောတာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်