Subscribe to our RSS Feed

ဖားကန့်ဒုက္ခသည်စခန်းအတွက် စားနပ်ရိက္ခာအကူအညီများသယ်ဆောင်လာသည့် ယူအင်န်ကားခြောက်စီး မြစ်ကြီးနားမှ ဖေဖော်ဝါရီ ၁၇ ရက်တွင် ထွက်ခွာ

From :7day

ဖားကန့်ဒေသ စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အကူအညီများကို ကမ္ဘာ့ကုလမဂ္ဂက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပထမဆုံးအကြိမ်ပေးပို့မည်ဟု ကချင်နှစ်ခြင်းအသင်းတော်
အတွင်းရေးမှူး(နယ်)က ပြောသည်။

“ပစ္စည်းကားခြောက်စီး၊ ယူအင်န်ရုံးကားငါးစီး စုစုပေါင်း ၁၁ စီးမနက်ဖြန်(ဖေဖော်ဝါရီ ၁၇) ရက် မနက် ၇ နာရီမှာ စထွက်လာမယ်လို့ မြစ်ကြီးနားယူအင်န်ရုံးက အကြောင်းကြားပါတယ် ” ဟု
အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဖားကန့်ဒေသတွင် စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၃၆ ခု ရှိပြီး နေအိမ်များတွင် တိမ်းရှောင်နေသူများအပါအ၀င် ဒုက္ခသည်တစ်သောင်းကျော်ရှိကြောင်း ဒုက္ခသည်များကို အကူအညီပေးနေကြသူများထံမှ သိရသည်။ ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ အကူအညီများပေးအပ်ရန် အစိုးရက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သို့ မကြာမီရက်ပိုင်းအတွင်း
ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဖားကန့်ဒေသရှိစစ်ဘေးဒုက္ခသည်များကို ကချင်နှစ်ခြင်းအသင်းတော်၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများအပါအ၀င် ဘာသာရေး၊ လူမှုရေးအဖွဲ့များက စောင့်ရှောက်ကူညီမှုများ ပေးနေခြင်းဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီများကို လိုအပ်နေဆဲဖြစ်သည်။

“ပြည်တွင်း NGO တွေနဲ့ အလှုရှင်တွေရဲ့ကူညီမှုတွေရှိပါတယ်။ ယူအင်န်ရဲ့အကူအညီကတော့ မရသလောက်ပဲ တကယ်ဒုက္ခရောက်နေတဲ့သူတွေဆီကို ဘာအကူအညီမှ မရောက်သေးဘူး” ဟု အထက်ပါအတွင်းရေးမှူးက ပြောသည်။

“ကျွန်တော်တို့ သန်ဘက်ခါလောက်တော့ အကူအညီတွေပို့ဖို့ လုပ်နေတယ်။ ပို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ရန်ကုန်ရှိ ကမ္ဘာ့ကုလသမဂရုံးခွဲမှ အရာရှိတစ်ဦးက ကချင်ပြည်နယ်သို့ အကူအညီများပေးပို့ရန် စီစဉ်နေမှုကို ရှင်းပြသည်။

ဖားကန့်ဒေသရှိစစ်ဘေး ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်နေသော အကူအညီများမှာ ကျောင်းသားများအတွက် ထောက်ပံ့ရေးပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ရေနှင့်ကျန်းမာရေးစောင့် ရှောက်မှုများကို ကူညီစောင့်ရှောက်နေသောအသင်းအဖွဲ့များထံမှ သိရှိရသည်။


   www.MyanmarExpress.net
 

3 comments:

Tay Za fucked me several times but his dick is always less power.He used Car vatar to b strong.I liked Thu Htoo San's dick more.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်