Subscribe to our RSS Feed

ပါကစ္စတန်ဗုံးကွဲမှု ၆၀ ကျော် သေဆုံး

From : voa

ဗုံးခွဲတိုက်ခိုက်မှုတွင်း သေဆုံးသူများရဲ့ မိသားစုဝင်များ ပူဆွေးငိုကြွေးနေစဉ်။ (ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၃)။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းဒေသမှာ ရှီအာ (Shi'ite) မူစလင်တွေကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်လို့ လူ ၆၃ ဦး သေဆုံးပြီး လူ ၂၀၀ နီးပါး ဒဏ်ရာရသွားကြတယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ကွာတာ (Quetta) မြို့က ရှီအာတွေ အနေများတဲ့ နေရာမှာ အဝေးထိန်းခလုပ်နဲ့ စနေနေ့က ဗုံးခွဲခဲ့တာဖြစ်တယ်လို့ အဆင့်မြင့် ရဲအရာရှိ တဦးက ပြောသွားတာပါ။

သေဆုံးသူအများစုဟာ ရှီအာ မူစလင်တွေ ဖြစ်ကြပြီးတော့ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေလည်း ပါဝင်တယ်လို့ အဲဒီရဲအရာရှိကပဲ ဆိုပါတယ်။ အစိုးရ တားမြစ်ထားတဲ့ ရှီအာအဖွဲ့တခုဖြစ်တဲ့ လက်ရှ်ကာအီဂျဟန်ဗီ (Lashkar-e-Jhang

vi) က ဒီဖောက်ခွဲမှုကို လုပ်ဆောင်တာဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ကွာတာမြို့က ရှီအာမူစလင်တွေ အနေများတဲ့နေရာကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၀ ရက်နေ့တုန်းကလည်း ဗုံးတွေ ဆက်တိုက်ခွဲ တိုက်ခိုက်ခဲ့လို့ လူ ၉၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်ရပ် နောက်ပိုင်းမှာ မနေ့က တိုက်ခိုက်မှုက အဆိုးရွားဆုံး ဖြစ်ပါတယ်။ လက်ရှ်ကာအီဂျဟန်ဗီ အဖွဲ့က အစောပိုင်း တိုက်ခိုက်မှုတွေကိုလည်း သူတို့လုပ်ခဲ့တာလို့ ပြောပါတယ်။
 
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်