Subscribe to our RSS Feed

လှည်းတန်းလမ်းဆုံ ယာဉ်သွားလာခွင့် သုံးရက် ပိတ်မည်

From : the voice

ရန်ကုန်မြို့တော် ကမာရွတ် မြို့နယ် လှည်းတန်း လမ်းဆုံတွင် တည်ဆောက်နေသည့် ခုံးကျော် တံတား တွင် သံဘောင် တင်သည့် လုပ်ငန်း ဆောင်ရွက်မည် ဖြစ်သောကြောင့် ဖေဖော်ဝါရီ ၁၈ ရက်မှ စ၍ ယာဉ်သွားလာခွင့် သုံးရက် အချိန်ပိုင်း ပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်းတံတား) မှ အကြီးတန်း အရာရှိ တစ်ဦး က ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၈ရက် မှ ၂၀ ရက်နေ့ အထိ ည ၁၁ နာရီ မှ နံနက် ၄နာရီ အထိ လမ်ဆုံတွင် သုံးရက်ကြာ ယာဉ် သွားလာခွင့် ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်း တံတား) ထံမှ သိရသည်။
“သံဘောင် တင်ပြီး ချိတ်ဆက်ရမှာ ဖြစ်တဲ့ အတွက် ကရိန်းက လမ်းဆုံမှာ ရှိမှကို ရမှာ၊ ကား အသွားအလာ ရှိရင် အဆင်မပြေဘူး” ဟု ခုံးကျော် တံတား တည်ဆောက်ခွင့် ရသည့် ရွှေတောင် ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းအောင်ဆန်း က ပြောကြားသည်။

ယာယီ ပိတ်မည့် လမ်းကြောင်းများမှာ ရန်ကုန်မှ တက္ကသိုလ် ရိပ်သာလမ်း၊ ရန်ကုန် မှ ပြည်လမ်း၊ ရန်ကုန် မှ အင်းစိန်လမ်း၊ ရန်ကုန် မှ လည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း မှ အင်းစိန်လမ်း၊ တက္ကသိုလ် ရိပ်သာလမ်း မှ လှည်းတန်းလမ်း၊ ပြည်လမ်း မှ လှည်းတန်းလမ်း၊ ပြည်လမ်း မှ တက္ကသိုလ် ရိပ်သာလမ်း၊ အင်းစိန်လမ်း မှ ပြည်လမ်းနှင့် လှည်းတန်းလမ်း မှ အင်းစိန်လမ်း စသည့် အသွားအပြန် လမ်းကြောင်းများ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာ တွင် ဖော်ပြထားသည်။

အဆိုပါ ခုံးကျော်တံတား ဆောက်လုပ်မှုကို ယခုနှစ် ဧပြီလကုန် တွင် အပြီးသတ် လုပ်ဆောင်မည် ဖြစ်ပြီး ယခု လုပ်ဆောင်လျှက် ရှိသည့် သံဘောင်အပါအဝင် သံဘောင်လေးခန်း တင်ရန်သာ ကျန်ရှိပြီး ၈၃ ရာခိုင်နှုန်း အထိ ပြီးစီး နေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် လှည်းတန်း ခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတား နှင့် ရွှေဂုံတိုင် ခုံးကျော်တံတား စသည့် ခုံးကျော်တံတား သုံးစင်း ဆောက်လုပ်လျှက် ရှိရာ လှည်းတန်း ခုံးကျော် တံတားသည် ပထမဆုံး တည်ဆောက်သည့် ခုံးကျော် တံတား ဖြစ်သည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်