From :မြဝတီ
. www.MyanmarExpress.net
နေပြည်တော် ဖေဖော်ဝါရီ ၁၃
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ များဖြစ်ကြသော
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ဦးသိန်းဇော် တို့သည် နေပြည်တော်၌
၂ဝ၁၃ ခုနှစ် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက် ရောက်
ခဲ့ကြသော ငြိမ်းချမ်းရေး အဖွဲ့ အစည်း များမှ တာဝန်ရှိ သူများနှင့်
တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ဒုတိယ ဥက္ကဋ္ဌ
ဦးအောင်မင်းက လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေ အနေများ၊ KIO
အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေး နေမှုနှင့် အလားအလာ ကောင်းများ ရရှိနေမှု
အခြေ အနေများ၊ နိုင် ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အတွက် ဆက်လက်
ဆောင်ရွက် သွားမည့် အစီအစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့သည်။
ထို့နောက် အခမ်းအနား တက်ရောက် လာကြသူများက
ငြိမ်းချမ်းရေး ဖော် ဆောင်မှု လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး
ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊
လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယ ဝန်ကြီးများ၊ Myanmar Peace Center မှ
အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ ဖြစ်ကြသော ကရင် အမျိုးသား
အစည်းအရုံး (KNU) ၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်း
ချမ်းရေးကောင်စီ (KNU/KNLA) ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်
(DKBA)၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ
NSCN(K) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊
မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်
တပ်မတော် RCSS/ SSA နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည် တပ်မတော်
(SSPP/ SSA) တို့မှ တာဝန် ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။
. www.MyanmarExpress.net


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်