Subscribe to our RSS Feed

ငြိမ်းချမ်းရေး မရှိလျှင် နောက်ကျ ကျန်နေမည် တိုင်းရင်းသား အားလုံး ငြိမ်းချမ်းရေး ရရှိအောင် ဝိုင်းဝန်း ကြိုးစားကြရန် လိုအပ်

From :မြဝတီ

နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် နေပြည်တော်တွင် ကျင်းပသည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက် ခဲ့ကြသော ငြိမ်းချမ်းရေး အဖွဲ့ အစည်းများမှ တာဝန် ရှိသူများအား ယနေ့ ညနေ ၇ နာရီတွင် နေပြည်တော် ဟိုတယ် ဇုန်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်၌ ဂုဏ်ပြု ညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြု ညစာစားပွဲသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌများ၊ ပြည် ထောင်စု ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ ဒုတိယ ဝန်ကြီးများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်း များမှ တာဝန် ရှိသူများနှင့် Myanmar Peace Center မှ အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြား ရာတွင် နိုင်ငံတော် အနေဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ ကြသည့် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များအား ဂုဏ်ပြု ညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး ဖြစ် ကြောင်း၊ ယခု ထပ်မံ၍ တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များအား တွေ့ဆုံ နှုတ်ဆက်ရင်း ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခြင်း ဖြစ်ကြောင်း၊ မိမိတို့ တစ်တွေသည် အကြောင်း အမျိုးမျိုးကြောင့် အနေဝေးပြီး သူစိမ်းတွေလို ဖြစ်နေ ပါကြောင်း၊ ဘယ်လို အကြောင်းနဲ့ ပင်ဖြစ် ဖြစ် မကြာမကြာ တွေ့ဆုံလျှင် ခင်မင် ရင်းနှီးမှုများ တိုးပွားလာကာ ဘာပဲလုပ်လုပ် အဆင်ပြေ အောင်မြင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့များ အနေဖြင့်  ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် မကြာခဏ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သင့် ပါကြောင်း၊ ငြိမ်းချမ်းရေး မရှိလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ နောက် ကျကျန်နေမည် ဖြစ်သောကြောင့် တိုင်းရင်းသား အားလုံးက ငြိမ်းချမ်းရေး ရရှိအောင် ဝိုင်းဝန်းကြိုးစား ကြရန် အထူးလိုအပ် ပါကြောင်းဖြင့် တိုက်တွန်း မှာကြားသည်။

ယင်းနောက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ပြည်ထောင်စု ဝန်ကြီးများက တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့အစည်းမှ တာဝန်ရှိသူ များထံ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။

ထို့နောက် ဒုတိယ သမ္မတနှင့် အခမ်းအနားသို့ တက်ရောက် လာသူများသည် ညစာကို အတူတကွ သုံးဆောင် ခဲ့ကြကြောင်း သိရသည်။

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်