Subscribe to our RSS Feed

အစိုးရ အဖွဲ့နှင့် တွေ့ဆုံမည့် ရက်ကို UNFC က ချမှတ်နိုင်ပြီး

From :Hla Maung Shwe

  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့သည် အစိုးရ အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် အတွက် အရေးပေါ် အစည်းအဝေးတရပ်ကို ကျင်းပခဲ့ရာ ယမာန်နေ့တွင် ပြီးဆုံးသွားကြောင်း UNFC ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

“အစိုးရ အဖွဲ့ဘက်က ကမ်းလှမ်းချက်ကို အကြောင်းပြန်နိုင်ဖို့ ကျနော်တို့ဘက်က အရေးပေါ် အစည်းအဝေး ခေါ်ခဲ့တယ်။ အ စိုးရဘက်ကတော့ ဒီလ ၂၀ ရက်နေ့မှာတွေ့ကြဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအပေါ် ဆွေးနွေးကြတာပါ။ တတိယနိုင်ငံ တခုမှာ တွေ့ကြမယ်ဆိုတော့ အဖွဲ့ဝင်အားလုံးက သဘောတူလိုက်ကြပါတယ်။” ဟုဆိုပါသည်။

အဆိုပါ အစည်းအဝေးသို့ UNFC မှအဖွဲ့ဝင်ပေါင်း (၃၀) ဦး တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့ ညအထိ ထိုင်းနိုင်ငံ နယ်စပ်တနေရာ၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကိုမူ ထိုင်းနိုင်ငံ အတွင်း၌သာ တွေ့ဆုံသွားမည်ဟု ဆုံဖြတ်ခဲ့ပါသည်။ ယင်းအဆိုကို အစိုးရအဖွဲ့မှ သဘောတူခဲ့ပြီး ဖြစ်ပါသည်။

UNFC အဖွဲ့သည် အစိုးရ၏ငြိမ်းချမ်းရေးအဖွဲ့နှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ပထမအကြိမ် တွေ့ ဆုံခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားရန် သဘောတူခဲ့ပါသည်။

ဤသို့ကြောင့် အစိုးရသည် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ဇန္နာဝါရီလအတွင်း၌ ပြုလုပ်ကြရန် UNFC အားကမ်းလှမ်း လာ ခဲ့ ပါသည်။ သို့ သော် UNFC အနေဖြင့် အစိုးရတပ်ဖွဲ့က KIO လိုင်ဇာ ဗဟိုဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင်သေးကြောင်း ပြီးခဲ့သည် ဇန္နာဝါရီလ (၁၁) ရက်နေ့ကသဘောထား ထုတ်ပြန်ခဲ့ ပါသည်။

ဤကဲ့သို့ ဆွေးနွေးပွဲအချိန် ကြံ့ကြာလာရာမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် KIO နှင့် အစိုးရတို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီးနောက်ပိုင်း UNFC နှင့် အစိုးရတို့၏ နိုင်ငံရေးဆွေးနွေးပွဲကိစ္စ ပြန်လည်အသက်ဝင် လာခဲ့ပါသည်။

“ အဲဒီရွှေလီဆွေးနွေးပွဲဟာ UNFC နဲ့ အစိုးရတို့ရဲ့ တစ်နေတဲ့ နိုင်ငံရေး ဆက်ဆွေးနွေးပွဲကိစ္စ လမ်းစပြန်ပွင့်လာတာဖြစ်ပါ တယ်။ အခု စစ်ပွဲတွေ ရပ်ဆိုင်းနေပြီး ဆိုတော့ တွေ့ဆုံရေးကို စနိုင်ခဲ့ပြီးလို့ ဆိုနိုင်ပါတယ်။” ဟု ပြန်ကြားရေးမှုးက ပြောပါ သည်။
ဤသို့ကြောင့် အစိုးရနှင့်ဆွေးနွေးရန်ရှိသော ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ (၂၀)ရက်နေ့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ 


www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်