From :http://www.kachindailynews.com/2013/02/blog-post_9349.html
မြောက်ကိုရီးယားရဲ့ တတိယမြောက် အဏုမြူ ဖောက်ခွဲ စမ်းသပ်မှု ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံ ရေး အတွက် အန္တရာယ်ရှိကြောင်း သိသာထင်ရှား လှတာမို့ အရေးယူ ဆောင်ရွက်ဖို့ လုံခြုံရေး ကောင်စီ က ကတိပြုခဲ့ ပါတယ်။
www.MyanmarExpress.net
မြောက်ကိုရီးယားရဲ့ တတိယမြောက် အဏုမြူ ဖောက်ခွဲ စမ်းသပ်မှု ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံ ရေး အတွက် အန္တရာယ်ရှိကြောင်း သိသာထင်ရှား လှတာမို့ အရေးယူ ဆောင်ရွက်ဖို့ လုံခြုံရေး ကောင်စီ က ကတိပြုခဲ့ ပါတယ်။
မြောက်ကို ရီးယားရဲ့ အဏုမြူ ရည်မှန်းချက်တွေ ရပ်တန့်စေဖို့ အလျင်အမြန်
ဆောင်ရွက်တော့မှာ ဖြစ်ကြောင်း အရေးပေါ် အစည်းအဝေး အပြီးမှာ ကုလသမဂ်္ဂက
ပြောကြား ပါတယ်။
မြောက်ကိုရီးယား အနေနဲ့ ဒီလို ဖောက်ခွဲ
စမ်းသပ်မှုတွေ လုပ်တာဟာ လုံခြူံမှု ရမယ့်အစား ခြိမ်းခြောက် ခံရတာ နဲ့ပဲ
ရင်ဆိုင်ရမယ်လို့ ကုလသမဂ္ဂ် အတွင်းရေးမှူးချုပ် ဘန်ကီမွန်က သတိပေး ပြောဆို
လိုက်ပါ တယ်။
အမေရိကန် သံအမတ်ကြီး ဆူဆန် ရိုက်စ်က
မြောက်ကိုရီးယားရဲ့ ဆက်တိုက် သွေးတိုးစမ်း နေမှုကို လုံခြုံ ရေး ကောင်စီ
အနေနဲ့ အမြန်ဆုံး ထိထိ ရောက်ရောက် တုံ့ပြန်ဖို့ လိုနေပြီး အဏုမြူနဲ့
ဒုံးကျည် လက်နက် စီမံကိန်း တွေ အမြန်ဆုံး ရပ်တန့်အောင် ဆုံးဖြတ် အရေးယူ
သွားဖို့ ပြောကြား ခဲ့ပါတယ်။
ဒီအဏုမြူ စမ်းသပ်မှုကို အလွန်အကျွံ့
ရန်စ စော်ကားမှု အဖြစ် အမေရိကန် အစိုးရက ကြေညာလိုက်ပြီး မြောက်ကို
ရီးယားရဲ့ တခုထဲသော အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံ ကလဲ အလွန်
မနှစ်မြို့စရာ ကောင်း တဲ့ ကိစ္စအဖြစ် မှတ်ချက်ချ ပါတယ်။
မြောက်ကိုရီးယားက အဏုမြူ လက်နက် စီမံကိန်းကို မဟာဗျူဟာ တခုလို
ကိုင်စွဲထားတာမို့ အလျှော့ ပေးမယ့်ပုံ မပေါ်ဘဲ ဘေးဖယ်ထားမှု ၊ ဖိအားပေးမှု
တွေနဲ့ ဘာမှ ထူးခြားအောင် လုပ်လို့ ရမှာ မဟုတ်ဘူးလို့ ကုလသမ ဂ္ဂက ဘီဘီစီ
သတင်းထောက် က ပြောဆိုပါတယ်။
www.MyanmarExpress.net



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်