Subscribe to our RSS Feed

ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထားဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်

From : ..7day မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက်တစ်ရပ်အား ယနေ့ထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် မြို့နယ် ၁၅ မြို့နယ်၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ်များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၈၆ ဦးရှိ၍ လူဦးရေ ၁၁,၃၇၆...

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့ နယူးဇီလန် နိုင်ငံမှ ပြန်လည် ရောက်ရှိ

From : ..မြဝတီ ရန်ကုန်  မတ်  ၃ဝ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်ဇနီး ဒေါ်ခင်လေးသက် ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် နယူးဇီလန် နိုင်ငံ  အောက်လွှတ်တော် ဥက္ကဋ္ဌ Mr. David Carter ၏ဖိတ်ကြား ချက်အရ နယူးဇီလန် နိုင်ငံသို့ သွားရောက် ခဲ့ပြီး လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ ပြည်သူ့လွှတ် တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် ဇနီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်...

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး သာစည်မြို့ နယ်မြေ အေးချမ်းရေး ဆောင်ရွက်မှုအား ကြည့်ရှု စစ်ဆေး

From : ..မြဝတီ နေပြည်တော်   မတ်   ၃ဝ မိတ္ထီလာမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် နယ်မြေခံ တပ်များမှ တပ်မတော် အရာရှိကြီးများ၊  တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၂၉ ရက် နံနက် ၁ဝ နာရီခွဲက  ပျော်ဘွယ်မြို့နယ် ယင်းတော်သို့ ရောက်ရှိပြီး  ယင်းတော်နယ်မြေ  တည်ငြိမ် အေးချမ်းရေး အတွက် လုံခြုံရေး တပ်ဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား...

မိတ္ထီလာ မြို့နယ် အတွင်းရှိ ကယ်ဆယ်ရေး စခန်းများသို့ ငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်း

From : ..MWD နေပြည်တော်   မတ်   ၃ဝ ယမန်နေ့ နံနက် ၁ဝ နာရီက ဆက်သွယ်ရေး ရိပ်သာ ခန်းမတွင် ကျင်းပ သည့် မိတ္ထီလာမြို့၌ ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေး စခန်းများတွင် ယာယီ ခိုလှုံလျက် ရှိသော ဒုက္ခသည်များ အတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာ...

“ဖြူစင်မြတ်နိုး၊ ကိုးခြောက်ကိုး (၉၆၉)

 “၉၆၉-အဓိပ္ပါယ်”           (၉၆၉) ဂဏန်းသုံးလုံးတွင် ပထမ(၉)သည် ဘုရားဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။           ဒုတိယ ဂဏန်း(၆)သည် တရားဂုဏ်တော် (၆)ပါးကို ရည်ညွှန်းသည်။           တတိယ(၉)သည် သံဃာ့ဂုဏ်တော် (၉)ပါးကို ရည်ညွှန်းသည်။           (၉၆၉)သည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ကိုယ်စားပြုသော ဂဏန်းသုံးလုံးသာ...

နိုင်ငံတော်သမ္မတဦးသိန်းစိန် ရေဒီယိုလှိုင်းများမှတဆင့် ပြည်သူများသို့ မိန့်ခွန်းပြောကြားမည်

  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယိုလှိုင်းများ မှတဆင့် ပြည်သူများသို့ မိန့်ခွန်းပြောကြား မည်ဖြစ်သည်။ ဧပြီလ ၁ ရက် ၂ ရက် ၃ ရက်နေ့များတွင် နံနက် ၇ နာရီ နေ့လည် ၁၁ နာရီ ညနေ ၆ နာရီနှင့် ည ၈ နာရီတို့တွင် မြန်မာ့အသံ , မန္တလေး FM, ပဉ္စဝတီ FM, ရွှေ FM, ပတ္တမြား FM, FM ပုဂံ, သဇင်ရေဒီယို စသည်တို့မှ ၁ ရက် ၄ ကြိမ် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် စာတန်းထိုးကြေညာ သွားခဲ့သည်။  .. www.MyanmarExpress.net   ...

ကုလားဖက်မှ ရပ်တည်သည်ဟု ယူဆလျှင် လူထုက ဆန္ဒပြမည်

From : ..myanma age မတ်လ ၃၁ရက်နေ့ မနက် ၈နာရီမှစတင်ကာ ၂နာရီနီးပါးခန့်ကြာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ နျိတ္တတောက်ရွာအုပ်ချုပ်ရေးမှူးမှ ရွာခံ လူတချို့အား အခင်းဖြစ်ပွားရန် လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီးပြီး ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုးများဘက်မှ ကာကွယ်ပေးသည့်အတွက် ရွာခံလူထုက ဆန္ဒပြမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သံတွဲမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးစိန်ချစ်၏ ပြောကြားချက်အရ သိရသည်။ “စဖြစ်တာက ၂၅ရက်နေ့က ဒီရွာကို ဘင်္ဂါလီကုလား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ခိုးဝင်လာတယ်။ ပြီးတော့ ဘင်္ဂါလီအမျိုးသမီးမှာ မီးလောင်ကျွမ်းစေတဲ့...

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို သိစေလိုသော ၂၀၁၃ ခုနှစ် ကျောင်းသားလေးရဲ့ ရင်တွင်းစကားများ

From : ..http://www.taunggyitime.com/2013/03/blog-post_3398.html အစ်ကို မင်းကိုနိုင် အင်တာနက်နဲ့ Facebook စာမျက်နှာတွေပေါ်မှာ တွေ့လိုက်ရတဲ့ သတင်းတွေကို ဖတ်ပြီးတော့ တော်တော်ကို မချင့်မရဲ ဖြစ်မိပါတယ်အစ်ကို။ အစ်ကို့ရဲ့ ပြောဆိုမှုတွေဟာ တိုင်းပြည် ကောင်းစားရေးကို ဟစ်ကြွေးပြီး တကယ်တမ်းကျတော့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကို ဖွင့်ဟနေတဲ့ မရေမရာစကားလုံးတွေကို ပြောနေတယ်လို့ ထင်မိပါတယ်။ကျွန်တော် တစ်ခုလောက်တော့ ပြောချင်ပါတယ်။ အစ်ကိုက ကျွန်တော်တို့ တိုင်းပြည်ကောင်းစားဖို့အတွက် ဘာလုပ်ခဲ့ဘူးလဲ။ ၈၈...

ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ

From : ..rfa ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့တွင် မတ်လ ၂၇ ရက်နေ့က အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှလုံခြုံရေးယူထားတာကိုတွေ့ရစဉ် Photo: RFA နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက်အရေးယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီးတာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေအနေ ပြန်လည်တည်ငြိမ်လာနေပြီ လို့ ဒေသခံတွေက ဒီကနေ့မှာ...

သဲကုန်းအခြေအနေ တင်းမာဆဲ

From : ..voa  ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်ပွားအောင် မီးရှို့ဖျက်ဆီးမှုတွေလုပ်ဖို့ လူအုပ်စုတချို့ကနေ ကြိုးစားလုပ်ဆောင်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီး သဲကုန်းခရိုင်ထဲမှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားရပါတယ်။ စစ်တပ်က မြို့ထဲမှာ တပ်စိပ်တွေ အင်အားတိုးချထားပြီး မြို့ခံလူထုနဲ့ ပူးပေါင်းလုံခြုံရေးယူထားရတဲ့ အနေအထားဖြစ်တယ်လို့ သဲကုန်းဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ပုတီးကုန်းမြို့တွင်းမှာ ဗလီတလုံးအပါအဝင် အိမ်တချို့ အဖျက်ခံခဲ့ရပြီး မြို့မနဲ့ အင်းမဘက်မှာတော့ ဈေးဆိုင်တွေ...

အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး စစ်တပ်တစ်ခုသာ စောင့်ရှောက်နေရ

From : မဇ္ဈိမ  မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ကျန်းမာရေး ချို့ယွင်းမှုများ ရှိသည်ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။မဖြူက “နေရာတိုင်းမှာ လူတွေက ညှပ်နေလို့ ကူးစက်မှုတွေ ပိုများလာတယ်။ လူအချင်းချင်း ထိပြီးအိပ်ရတာတော်တော်ဆိုးတယ်” ဟု ဆိုသည်။ဒုက္ခသည်များထံ လှူဒါန်းမှုများကို ဆက်သွယ်ရေးစခန်းမှ တဆင့်လှူစေခြင်းကို အချို့လှူဒါန်းသူများက မနှစ်သက်ကြကြောင်း လှူဒါန်းသူတဦးက ပြောသည်။ဒေသခံတဦးဖြစ်သူ မသီရိကလည်း စိတ်ထဲတွင် ကြောက်ရွံ့မှုများ မရှိတော့သော်လည်း ကျန်းမာရေးကို စိတ်ပူနေရသဖြင့်...

ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ရောက်ရှိ

From : ..myanmar age ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမိတက်မှ   ရန်ကုန်နှင့် နေပြည်တော်မြို့တွင်းတွင် အားဖြည့်ပြေးဆွဲရန် စီတီးဘတ်စ် အစီး ၅၀ ကို တရုတ် ယူတောင်ကုမ္ပဏီမှ မတ်လ နောက်ဆုံးအပတ်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။ “သင်္ကြန်မတိုင်ခင် ပြေးဆွဲနိုင်အောင် တော့လုပ်နေတယ်။ အခု က.ည.န နံပတ်တောင်းထားတယ်။ အုံနာဘုတ် လုပ်နေတယ်။ ကားတွေကို စစ် ဆေးနေတဲ့အတွက်  သင်္ကြန်ပြီှးမှပဲ ပြေးဆွဲနိုင်တော့မယ် ထင်တယ်”ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလိမိတက် (မြန်မာ့စီးပွားရေး ဦးပိုင်) မှ မန်းနေဂျင်းဒါရိုက်တာ...

ရုပ်ရှင်အစည်းအရုံးမှ မိတ္ထီလာရှိဒုက္ခသည်များသို့ သွားရောက်ကူညီမည်

From : ..myanmar age ရုပ်ရှင်အစည်းအရုံးအဖွဲ့ အနုပညာရှင်များသည် မိတ္ထီလာမြို့ရှိ ဒုက္ခသည်များအား ဧပြီလ ၁ရက်နေ့တွင် သွားရောက်ကူညီ ရန် အစီအစဉ်ရှိကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။ “ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး အဖွဲ့အပါအဝင် ပွင့်လင်းအဖွဲ့အစည်းနဲ့ အမျိုးသမီးရေးရာအဖွဲ့တို့ ပေါင်းပြီး ဧပြီလ ၁ရက်နေ့မှာ မိတ္ထီလာကို သွားမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ အတွက်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေကလည်း ပူးပေါင်းဖို့အသင့်ပါပဲ” ဟု မတ်လ...

ဗုဒ္ဒဘာသာဝင်များ ပညာရေးအားနည်း ဟု ဟိန္နူဘာသာရေးအဖွဲ့ သုံးသပ်

From : ..myanma age ပညာရေး အားနည်းခြင်းများနှင့် မြန်မာပြည်သူတို့ အယုံလွယ်ခြင်းများကြောင့် လတ်တလော ပဋိပက္ခများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဟိန္နူဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)တွင် ပြုလုပ်သည့် လူ့အရပ်ဖက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ “ကျွန်တော်က အရင်ပညာရေးပိုင်းတခုမှာ တာဝန်ထမ်းဆောင်ဖူးတယ်။ အဲဒါကြောင့် ဒီလိုမျိုး ပြဿနာတွေဖြစ်အောင် ကောလာဟလတွေနဲ့ ပြောတာကို ပြည်သူတချို့ရဲ့ ပညာရည်အားနည်းမှုတခုကြောင့် ဖြစ်ရတယ်လို့ ကျွန်တော်...

အဖမ်းခံရရန်ညွှန်ပြနေသည့်တရားခံပြေး၏အင်္ကျီ

From : ..hot news မိမိကိုယ်တိုင်နားမလည်သည့် ဘာသာစကားဖြင့်ရေးသားထား သောစာသားများပါရှိသည့်အင်္ကျီ များအားဝတ်ဆင်ခြင်းမပြုရန် သင်ခန်းစာပေးသည့်အဖြစ်အပျက် တစ်ခုပင်ဖြစသည်။ တရုတ်နိုင်ငံ၊ ယွန်လင်းခရိုင် တောင်ပိုင်းရှိ ဟူဝီမြို့တွင်တရားခံ ပြေးတစ်ဦးသည် Wante (အလိုရှိသည်)ဟူသော စာတန်းရေးထိုးထားသည့် အင်္ကျီအားဝတ်ဆင်ထားသဖြင့် ယခုလစောစောပိုင်းက အဖမ်းခ ခဲ့ရကြောင်း ရဲဌာနမှ ပြောရေး ဆို ခွင့်ရှိသူတစ်ဦးကပြောကြား လိုက်သည်။ ၀ူ ဟုအမည်တစ်လုံးတည်း သာဖော်ပြထားသည် ထိုတရားခံပြေးသည် အင်္ဂလိပ်စာလုံးဝမ တတ်သဖြင့် သူ၏သားဖြစ်သူ...

ကိုယ်ဝန်ဆောင်များ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်အဆို ဆွေးနွေးခွင့် ရပြီ

From : ..popular ကိုယ်ဝန်ဆောင်များ အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် အပြည့်အ၀ ရရေး အဆိုကို ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တွင် ဆွေးနွေးမည် ဟု ဗဟန်း မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။ “အခုလွှတ်တော်မှာ ဆွေးနွေးခွင့် ရတယ်။ဒါကတော့ ရန်ကုန်တိုင်းေ ဒသကြီးလွှတ်တော် အားနည်းချက်ပဲ။လွှတ်တော်က ခဏခဏ မလုပ်နိုင်ဘူး” ဟု ၄င်းကပြောသည်။ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ကိုယ်ဝန်ဆောင်သည်များ ကိုယ်ဝန်ဆောင်စဉ် နှင့် မွေးဖွားပြီးစဉ် အချိန်အထိ ကျန်းမာရေး...

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီးယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို

From : ..popular မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီးယားတို့က ဆိုထားပြီး အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု...

နိုင်ငံတော်အစိုးရ၊ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ လက်မှတ်ရေးထိုး

From : ..7day လက်ရှိဖြစ်ပွားနေသော အဓိကရုဏ်းများ ပြန့်ပွားနေခြင်းအား ဟန့်တားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဘာသာရေးခေါင်းဆောင်များနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက မတ်လ ၃၀ ရက်တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ကတိပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲသို့...

အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်း

အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာအမှတ် ၊ ၃၄ /၂၀၁၃၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်(၂၀၁၃ ခုနှစ်၊ မတ်လ ၃၀ ရက်)အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်း  ၁။ လတ်တလော ဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ရန်အတွက် " အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ " ကို အောက်ပါအတိုင်းဖွဲ့စည်းလိုက်ပါ  သည်(က) ဒုတိယဗိုလ်ချုပ်ကြီးကိုကို  ပြည်ထောင်စုဝန်ကြီး...

အလိုလိုက်အမိုက်မဆော်ကားကြဖို့

From : ..hot news ၂၀၁၃ခုနှစ် မတ်လ ၁၇ရက်ထုတ်    မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၈  ၌ ပြည်သူလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း    က ဒလမြိုနယ်မှဒေသခံများနှင့်တွေ့ဆုံ    စဉ် ““ဥပဒေနှင့်မညီညွတ်””သည့်မင်းမဲ့စ ရိုက်များ၊အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ဒီမိုက ရေစီအနိုင်ကျင့်မှုများကို လစ်လျူရ့လျှက် တိုင်းပြည်နစ်နာမည်ဖြစ်ကြောင်းပြော ကြားခဲ့သည့် စကားမှာဒီကနေ့အချိန်အခါ   မှာ ““ပြည်သူများအားလုံးအနေနဲ့အထူး (အထူး)ဂရိုက်စိုက်အလေးအနက်ထားရ မည့်စကားဖြစ်ပါသည်။ မြန်မာမှုနယ်ပယ်တွင်ရှေးလူကြီးများ   ...

သင်္ကြန်ကာလ အတွင်း ရန်ကုန်တိုင်း ဒေသကြီးမှာ ယခုလက်ရှိ အတိုင်းသာ လျှပ်စစ်မီးပေး သွားရန်ရှိ

From : ..mrtv4 ၂၀၁၃ ခုနှစ်ရဲ့ နှစ်သစ်ကူး သင်္ကြန်ကာလ အတွင်း ရန်ကုန်တိုင်း ဒေသကြီးမှာ ယခုလက်ရှိ လျှပ်စစ်မီး ပေးဝေတဲ့ အချိန်အတိုင်း လျှပ်စစ်မီး ဖြန့်ဖြူးပေး သွားမှာ ဖြစ်တယ်လို့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုလက်ရှိ ရန်ကုန်တိုင်း ဒေသကြီးမှာ ပြည်သူများကို အဓိက ဦးစားပေး အနေနဲ့ ညနေ ၅ နာရီမှ နောက်တစ်နေ့ မနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိအောင် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင်...