From :
..7day
ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ထောက်ခံပွဲတစ်ခု တုံကျေးရွာတွင် မကြာမီပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။
မတ်လ ၁၄ ရက်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌတုံကျေးရွာ သပိတ်စခန်းသို့ လာရောက်စဉ် ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့သော လူတစ်စုကြောင့် ကျေးရွာနာမည်ပျက်မည်ကို စိုးရိမ်သဖြင့်ပြုလုပ် ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“မကြာမီ နှစ်ရက်၊ သုံးရက်အတွင်းလုပ်ဖို့ စီစဉ်နေတယ်။ လူနည်းစု တစ်စုကြောင့် နာမည်ပျက်မှာစိုးလို့ပါ” ဟု တုံရွာဒေသခံတစ်ဦးကပြောသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင်ခံစာထွက်ရှိပြီးနောက် ယင်းစီမံကိန်းဒေသသို့ သွားရောက် ခဲ့သော နှစ်ရက်ကြာ ခရီးစဉ်တွင် အစီရင်ခံစာနှင့် စပ်လျဉ်း၍ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှင်းလင်းချက်များကို ဒေသခံကျေးရွာအများစုက သဘောတူကျေနပ်ကြသော်လည်းတုံရွာနှင့် ဆည်တည်းရွာဟောင်းတို့၌ ကန့်ကွက်ဆန္ဒပြမှုများ၊ ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် လိပ်ခွံတောင်၊ တုံကျေးရွာများတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများကိုလည်း မတ်လ ၁၆ ရက်မှ စတင်၍ ဖျက်သိမ်း လိုက်ကြောင်း သိရသည်။
“အမေစု လာတုန်းက ပြောသွားတယ်။ ဆန္ဒပြချင်ရင် ခွင့်ပြုချက်တောင်းပြီး ပြပါလို့။ အခု ဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ ဖျက်သိမ်းလိုက်တာ” ဟု တုံကျေးရွာဒေသခံတစ်ဦးက ပြောသည်။
“စီတန်းလှည့်လည်ခွင့်ဆိုတာ ဥပဒေဘောင်အတွင်းက ခွင့်ပြုချက်ရယူရမယ်။ သူတို့က ပြောတယ်။ ခွင့်ပြုချက်မပေးဘူးတဲ့။ ဘယ်တုန်းကတောင်းလဲ ဆိုတော့ နောက်ဆုံးပြီးခဲ့တဲ့ ဆယ်လပိုင်းကတဲ့။ အခု အာဏာပိုင်တွေနဲ့ ပြောတော့ပေးပါမယ်လို့ ပြောတယ်။ ခွင့်ပြုချက်ယူပြီးတော့ ပြပါ။ ခွင့်ပြုချက်မယူလို့ရှိရင်တော့ ဥပဒေဘောင်အတွင်းက လုပ်သင့်လုပ်ထိုက် တာကို လုပ်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က မုံရွာခရီးစဉ်အတွင်းပြောကြားခဲ့သည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အပြီးသတ် အစီရင် ခံစာကို မတ် ၁၁ ရက်တွင် သမ္မတထံ တင်သွင်းခဲ့ပြီး အားနည်းချက် များကိုပြင်ဆင်၍ ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။
.. www.MyanmarExpress.net

.png)

5 comments:
အမျိုးမျိုး တတ်နိုင် လွန်းတယ် ကျနော် ဦးလေးတွေ
မြေသိမ်းခံရတဲ့အထဲ ပါတယ် သူတို့လိုတော့ မလုပ်ပါ
အမျိုးမျိုးပဲ
ခေါင်းစဉ်ကတော်တော်ရယ်စရာကောင်းနေသလိုဒေသခံပြည်သူလူထူကိုစော်ကားရာလည်းရောက်နေပါတယ်အဲ့လိုမမှန်ကန်တဲ့လုပ်ရပ်မျိုးမဖြစ်သင့်ပါဆင်ခြင်နိုင်ပါစေ
မေတ္ထာနဲ့မတန် ကျည်ဆံနဲ့သာတန်တဲ့ရွသူတွေ
မေတ္ထာနဲ့မတန် ကျည်ဆံနဲ့သာတန်တဲ့ရွသူတွေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်