Subscribe to our RSS Feed

မိတ္တီလာ အဓိကရုဏ်း ၅ ဦးသေ ၊ ၂၀ ကျော်ဒဏ်ရာရ

From : ..hot news

 
မိတ္တီလာမြို့တွင်ဖြစ်ပွားနေသော အဓိကရုဏ် ကြောင့် သေဆုံးသူ ၅ ဦး ရှိကာ ၂၀ကျော် ဒဏ်ရာရနေကြောင်းသိရသည်။  မတ်လ ၂၀ ရက်နေ့က နံနက် ၁၀ နာရီ ခန့် က မိတ္တီလာဈေး ၊ အရှေ့ပြင်ရပ်ရှိ နယူးဝိန့် စိန် ရွှေဆိုင်သို့ ပြွန်ကောက်ရွာ နေ လင်မယားနှစ်ဦး နှင့် အဖော်တစ်ဦးတို့ ရွှေဆံညှပ်တခုလာရောင်းရာတွင် ဈေးလျှော့ပေးခြင်း ၊ မှတ်ကျောက်တိုက်ရာမှ ရွှေဆံညှပ်ပျက်စီးသွားခြင်းများကြောင့် စကားများ ရာမှ ဆိုင်ရှင် နှင့် ဆိုင်လုပ်သားတို့က ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက် သောကြောင့် ရွှေဆံညှပ်လာရောင်းသူများထဲမှ အမျိုးသား ဖြစ်သူတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။ ယင်းသို့ဖြစ်သွားမှုကို ရဲစခန်းက (ပ)၇၄/၂၀၁၃ ပုဒ်မ ၃၂၆ / ၂၉၄/၄၂၇/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသော်လည်း ကျေနပ်မှုမရှိသော မြို့ခံများက အခင်းဖြစ်ပွားရာဆိုင်အပါအ၀င် ၎င်း ဆိုင်ရှင် နှင့် ဘာသာတူသူများ၏ ဆိုင်များကို လူအုပ်စုဖြင့် ၀ိုင်းဝန်းဖျက်ဆီးခြင်း ၊ နေအိမ်တိုက်တာများ ကိုဖျက်ဆီး ခြင်း ၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြပြီး ဗလီအချို့ကို ဖျက်ဆီးမီး ရှို့ခြင်း ၊ ဆိုင်ကယ်များကို မီးရှို့ခြင်း များပြုလုပ်ခဲ့ကြကြောင်းသိရသည်။ ယင်းသို့ အဓိကရုဏ်းဖြစ်ပွားစဉ် တဖက် နှင့် တဖက် ခိုက်ရန်ဖြစ်ပွားမှုများကြောင်း ၊ မတ်လ (၂၁) ရက်နေ့ ထိ မိတ္ထီလာဆေးရုံတွင်ကုသပေးလျက်ရှိသူ ၂၀ ကျော်ရှိကာ သေဆုံးသူ ၅ ဦးရှိကြောင်း သိရှိရသည်။


.. www.MyanmarExpress.net
 

1 comments:

ရှုပ်ပါတယ်ကွာမူဆလင်ကုလားမှန်ရင်အကုန်သာသတ်ပစ်ဒို့တိုင်းပြည်ထဲလာနေပြီးဒို့အမျိုးဘာသာသာသနာကိုစော်ကားဖျက်ဆီးနေကြတဲ့ခွေးလောက်တောင်သောက်အဆင့်မရှိတဲ့ကောင်တွေသောက်ကျေးဇူးကန်းတွေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်