From :
..A.S.M(ငြိမ်း)
..
www.MyanmarExpress.net
၁၉၈၈ မတိုင်မီက မြန်မာနိုင်ငံ၏ မီဒီယာသည် စတုတ္တမဏ္ဍိုင် ပီသသည့် အနေအထား
တစ်ရပ်တွင် ရှိနေခဲ့ သည်။ နေ့စဉ် သတင်းစာများနှင့် ဂျာနယ်တိုက်များမှ
သတင်းဦး၊ သတင်းမှန်များကို အချိန်နှင့် အမျှ ဖော်ပြ ပေးကြသဖြင့်
တပ်မတော်နှင့် ပြည်သူအကြား သွေးကွဲစရာ၊ အချင်း များစရာ လည်းမရှိခဲ့ပေ။
သို့သော် ၁၉၈၈ နောက် ပိုင်း မြန်မာနိုင်ငံ သားအချို့ ဒုက္ခသည်စခန်းများ သို့
ရောက်ရှိချိန်၊ ထိုမှ တစ်ဆင့် တတိယ နိုင်ငံ များသို့ အခွင့်အရေး သမားများ
ရောက်ရှိသွားသည့် အချိန်တွင် မြန်မာ့ မီဒီယာလောကသည် အစိုး ရနှင့်
တပ်မတော်ကို အပုပ်ချသည့် အနောက်လေလှိုင်း များ၏ ၀ါဒဖြန့်မှုကြားတွင်
နစ်မွန်းခဲ့ရသည်။
တစ်ချိန်တည်းတွင် ပြည်တွင်း မီဒီယာများမှလည်း အဆင့်အတန်း မမှီသည့်
သတင်းများ၊ ပြည်တွင်း အုံကြွမှု ဖြစ်စေရန် ရည်ရွယ်သည့် အရေးအသားများကြောင့်
ယခင် အစိုးရမှ မီဒီယာဆင်ဆာဖြင့် တင်းတင်း ကျပ် ကျပ် ကိုင်တွယ်ခဲ့ရသည်။
ဘီဘီစီ၊ ဗွီအိုအေ၊ အစရှိသည့် အနောက်မီဒီယာတို့၏ ထုတ်လွှင့်ချက်များကို သတင်း
စာ ဆောင်းပါးများမှ တစ်ဆင့် ပြန်လည် ချေပခဲ့ရသည်။ ထိုအခြေ အနေမှစ၍ မီဒီယာ
လောက တွင် အစိုးရ၊ တပ်မတော်နှင့် ပတ်သက်လာပါက အတိုက်အခံ ဆန့်ကျင် ဘက်
အပုပ်ချ စကားလုံးများ သုံးပြီး ဖော်ပြရမည် ဟူသော စည်းမျဉ်းတစ်ခု
သတ်မှတ်ထားသည့် အလား ပြည်တွင်းပြည်ပ မီဒီယာများ လုပ်ဆောင် လာကြလေသည်။
၂၀၀၆၊ ၂၀၀၇ ကာလမှ စတင်ပြီး အင်တာနက်တွင် သတင်းများအား ဘလော့ဂ်တွင်
ဖော်ပြသည့် ပုံစံ ခေတ် စား လာခဲ့သည်။ ထို အင်တာနက် သတင်းများတွင်
တပ်မတော်နှင့် ပတ်သက်၍ လက် လွတ်စပယ် ရေးသား ဖော်ပြချက်များ ရှိ သော် လည်း
ထိရောက်သည့် သတင်း ထုတ်ပြန်မှုများ မရှိသည့် အတွက် တပ် မတော်၏
ကိုယ်ကျိုးစွန့်လုပ်ဆောင်ချက်များကို ပြည်သူများ မမြင် မတွေ့ ခဲ့ရဘဲ မီဒီယာ
တို့၏ ရေးသား ချက် များကို အမှန်ထင်ခဲ့ ကြရသည်။သာဓက အားဖြင့် နာဂစ်ကာလ
အတွင်း နေ့မအိပ် ညမအိပ် အေ လာင်း ကောင် များဆယ်ယူခြင်း၊ မြုပ်နှံ
သဂြိုဟ်ပေးခြင်း၊ ဒုက္ခသည်များအား စောင့်ရှောက်ခြင်း၊ အဆောက် အဦ များ ဆောက်
လုပ်ပေးခြင်း၊ ဆေးဝါး၊ရေ၊ ရိက္ခာများ ပို့ဆောင် ပေးခြင်း တို့ကို
ပြုလုပ်ပေးခဲ့သော်လည်း ထို လုပ်ဆောင် ချက် များ သည် ပြည်သူများ အကြား
ပျံ့နှံ့မှု မရှိခဲ့ပေ။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် လူမှုကွန်ယက် စာမျက်နှာများ အသုံးပြုမှု
တွင်ကျယ်လာပြီး သတင်း မီဒီ ယာ တို့ သည်လည်း လူမှု ကွန်ယက် ၀က်ဆိုဒ်များသို့
ဝင်ရောက် နေရာယူ လာကြသည်။ တစ်ချိန် တည်း မှာ ပင် အစိုးရ သစ် တက်လာပြီး စာပေ
စိစစ်ရေး ဖျက်သိမ်း လိုက်သဖြင့် တပ်မတော်နှင့် သက်ဆိုင်သည့် မဟုတ်မမှန်
သတင်းများ၊ တပ်မတော် ခေါင်းဆောင်ကြီးများနှင့် ပတ်သက်သည့် ကောလဟာလများကို
ဂျာ နယ် စာမျက်နှာ များတွင် ထည့်သွင်းဖော်ပြ လာကြသည်။ အဆိုပါ
ဂျာနယ်မီဒီယာများနှင့် ပြည်ပ အခြေ စိုက် မီဒီယာ များ၏ အင်တာနက်
စာမျက်နှာများတွင်လည်း သတင်းမှန်တွင် သတင်းလိမ်များ ရောထည့် ကာ ဖော်ပြသည့်
ပုံစံများ ပြုလုပ်လာ သဖြင့် တပ်မတော်နှင့် ပြည်သူအကြား အမုန်းပွားစရာများ
ပိုမို ဖြစ်ပေါ် လာခဲ့သည်။
တပ်မတော်၏ သတင်းထုတ်ပြန်မှု အားနည်းချက်ကို အသိသာဆုံး ဖြစ်စေခဲ့သည်မှာ
ကချင်ပြည်နယ် အ တွင်း ကေအိုင်အေနှင့် ဖြစ်ပွားသော စစ်ပွဲ သတင်းများပင်
ဖြစ်သည်။ Eleven,The Voice အပါအ၀င် ပြည် တွင်း မီဒီယာ များ၏ တစ်ဖက်သတ်
ရေးသားချက် များကို အင်တာ နက် သုံးသူများ မကျေမနပ်ဖြစ်ကာ ချေ ပ ရေးသား
ကသော် လည်း တပ်မတော်မှ ဖြေရှင်းခြင်း မရှိခဲ့ပေ။ စစ်ပွဲ ဖြစ်ပွားနေ သည့်
ဒေသအတွင်းမှ သတင်းများကို မီဒီယာများမှ ဖော်ပြခြင်း မရှိသည့် အတွက်
ဒို့တာဝန် အရေး(၃)ပါးကို ထိခိုက် လုနီးပါး အခြေ အနေထိ ဖြစ်ခဲ့ရသည့် အပြင်
တပ်မတော်၏ ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရသည်။
ကချင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးအတွက်
အသက် စွန့်ပြီး ဆောင်ရွက် ခဲ့သော်လည်း မီဒီယာတို့၏ ဘက်လိုက်
ရေးသားမှုများကြောင့် နိုင်ငံရေး အရ မဆွေးနွေးလျှင် စစ်ရေး အရ ဆက်လုပ်မည်ဟု
ကေအိုင်အေတို့ စိန်ခေါ် ပြောဆိုခဲ့ သည်များ ပျောက်ကွယ် ခဲ့သည်။ ကေ အိုင်အေ
တို့၏ အလစ်အငိုက် တိုက်ခိုက်မှုများ၊ စစ်ရေးပစ်မှတ် မဟုတ်သည်များကို
ဖျက်ဆီးမီးရှို့မှုများ၊ လမ်း တံတား များကို မိုင်းခွဲ ဖျက်ဆီးမှု များလည်း
မသိသာခဲ့ပေ။
ယခုနောက်ဆုံး ငြိမ်းချမ်းရေး လမ်းလျှောက်သည့် အဖွဲ့များ ဒေါ့ဖုန်းယမ်သို့
ရောက်ရှိနေသည့် အချိန် တွင် တပ်မတော် အနေဖြင့် ပထမ ခြံစည်းရိုး၌
ဆက်မသွားရန် သတိပေးခြင်း၊ ထိုသတိပေး ချက်ကို လက်မခံ ကာ ခြံစည်းရိုးကိုဖျက်၍
ဆက်သွားခြင်း၊ ဒုတိယ ခြံစည်းရိုး၌ ထပ်မံသတိပေးသဖြင့် လမ်းပေါ်တွင် ရပ်
နားခြင်း တို့ကို မီဒီယာ များမှ ဖော်ပြမှု မပြုဘဲ တပ်မတော်မှ တားသည့် အတွက်
ငြိမ်းချမ်းရေး အဖွဲ့များ ဒေါ့ ဖုန်းယမ်တွင် ပိတ်မိ ဆိုသည့် သတင်းသာ
အရင်ဆုံး ထွက်ပေါ် လာခဲ့သည်။ ထို့ပြင် တပ်မတော်မှ ဘုန်း ကြီးများကို
ဆွမ်းကပ်ခြင်း၊ လူများ သွားနိုင်ရန်အတွက် မိုင်းများ ရှင်းလင်းပေးခြင်း၊
လုံခြုံရေးအတွက် ပြု လုပ် ထားရသော အတားအဆီးများ ကို ဖယ် ရှားပေးခြင်းတို့
ဆောင်ရွက် ခဲ့သော်လည်း ထိုသတင်းများ ပေါ် ထွက် မလာခဲ့ပေ။ ကူညီ ဆောင်ရွက်
ပေးနေသည့် ၁ ပတ်တာကာလ အတွင်း မီဒီယာတို့မှ တစ်ဖက်စောင်း နင်း ရေးသား
ဖော်ပြခဲ့ကြသည်။ တစ်ပတ် အကြာတွင်မှတပ်မတော်မှ ကူညီပေးခဲ့သည် ဆိုသော သတင်း
အမှန်များ ထွက်ပေါ် လာခဲ့သည်။
နိဂုံးချုပ် ဆိုပါလျှင် သတင်းထုတ်ပြန်မှု အားနည်းချက်ကြောင့် တပ်မတော်နှင့်
ပတ်သက်သော သတင်း မှန် များသည် နောက်ကျမှ ထွက်ပေါ်လာသည့်အတွက် အမှန်၊ အမှား
ခွဲမရသည့် သတင်း များ ပြည်သူ အကြား တွင် အရင်ဆုံး ပျံ့နှံ့ရသည်။အချို့
သတင်း ၀က်ဆိုဒ်များတွင် သတင်း အချို့ ဖော်ပြနေသော်လည်း အချိန် နှင့်
တစ်ပြေး ညီ မရှိ သဖြင့် တပ်မတော်နှင့် ပတ်သက်သော သတင်းမှန်သမျှ မီဒီယာတို့၏
ဖော်ပြချက် များ သည် သာ အတည် ဖြစ် နေတော့သည်။ ထိုသို့သော
ဖြစ်ရပ်များကြောင့် တပ်မတော်အနေဖြင့် သတင်း ထုတ်ပြန်မှု ကဏ္ဍတွင် နည်းလမ်း
အမျိုးမျိုးဖြင့် သတင်းမှန်များ ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ
ရောက် ရှိနိုင်စေရန် စီစဉ် ဆောင်ရွက်သင့် ကြောင်း ရေးသားလိုက်ရပေသည်။









2 comments:
We strongly support this article, Tadmadaw must press morning news and evening news every days 2 times in a day with Tadmadaw own news paper.
နိုင်ငံပိုင်ရုပ်သံ သတင်းတွေကို ပြည်သူတွေ စိတ်ဝင်စား အောင်ဖော်ပြနိုင်ဖို့ လိုမယ်ထင်ပါတယ်။ စိတ်မဝင်စားတဲ့ သတင်းကို ဘယ်သူမှ မကြည့်ပါဘူး။ ဒါက ဘာကို ဆိုလိုတယ်ဆိုတာ သိမှာပါ။ လောကမှာ ဘယ်အရာပဲဖြစ်ဖြစ် အဆိုးနဲ့ အကောင်း တွဲနေပါတယ်။ အဲ့ဒိအထဲက လူထုမကြိုက်တဲ့ပုံစံလေးတွေနဲ့ (ဥပမာ-မြေသိမ်းတာ သတင်းအမှောင် ချတာ) ဆက်ဆံမိတဲ့ အခါမှာ လူ့အကြိုက် ဆယ်ခါလိုက်လည်း မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွာရန်သူ စွဲမှတ်ယူသည် ဆိုသည့်အတိုင်း ဖြစ်ကုန်တယ်လို့ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ လုပ်ရပ်တွေ ကြတော့ ဘာလိုပြည်သူတွေရဲ့ စိတ်ထဲမှာ တန်ဖိုးထားနေ ကြတာလဲ။ အသိအမှတ် ပြုနေကြတာလဲ ?။ အဲဒိခေတ်ကရော သတင်းမီဒီယာလောက အခုလောက် ခေတ်မီလို့လား။ လုပ်ရပ်နဲ့ စေတနာသာ အဓိကလို့ ထင်ပါတယ်။ x
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်